မိုးညှင်း မြို့ဘူတာရုံအတွင်း ဓားဖြင့်ထိုးပြီးထွက်ပြေးခဲ့သူအား(၂၄)နာရီအတွင်း ပြန်လည်ဖမ်းဆီးမိ

မိုးညှင်း မြို့ဘူတာရုံအတွင်း ဓားဖြင့်ထိုးပြီးထွက်ပြေးခဲ့သူအား(၂၄)နာရီအတွင်း ပြန်လည်ဖမ်းဆီးမိ

EPN
မိုးညှင်း ၊ ဇန်နဝါရီ ၉
  • ကချင်ပြည်နယ် မိုးညှင်း မြို့ဘူတာရုံအတွင်း ဓားဖြင့်ထိုးပြီးထွက်ပြေးခဲ့သူအား(၂၄)နာရီအတွင်း မိုးညှင်းမြို့မရဲစခန်း နယ်ထိန်းအဖွဲ့မှပြန်လည်ဖမ်းမိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်း မှသိရသည်။ 
  • အဆိုပါဖြစ်စဉ်သည်ဇန်နဝါရီလ၈ရက်နေ့ည၈နာရီတွင်ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့ဇန်ဝါရီလ(၉)ရက် နေ့ မနက် (၇)နာရီတွင် ပြန်လည်ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး၊ ဓားဖြင့်ထိုးပြီး ထွက်ပြေးခဲ့သူမှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နေ  အသက်၂၂နှစ်ရှိ ဖိုးသားဆိုသူဖြစ်ကာ တစ်မြို့တည်းနေသူ အချင်းချင်းစကားများရာမှအသင့်ပါသောဓားနှင့်ထိုးခဲ့သဖြင့် အမှုဖွင့်ခဲ့ကြကြောင်းသိရသည်။
  • “’မိုးညှင်းမြို့မှာဒီလိုဖြစ်စဉ်တွေကြောင့်အထိတ်တလန့်ဖြစ်စရာမလိုပါဘူး အခုဖြစ်နေတာက မိုးညှင်းဒေသခံတွေ မဟုတ်ပါဘူး အဝေးကဈေးလာရောင်းကြတဲ့ ဈေးသည်အချင်းချင်းစကားများပြီးဖြစ်ကြတာပါ   ထွက်ပြေးတဲ့သူကို ကျွန်တော်တို့ရဲတပ်ဖွဲ့ကလည်း ၂၄နာရီအတွင်းရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ်”ဟု နယ်ထိန်းအဖွဲ့ဒုတပ်ကြပ်ဆန်းအောင်က ပြောသည်။
  • ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နေ  အသက်(၂၁)နှစ်ရှိ မနွယ်နွယ်ဦးက ခင်ပွန်းဖြစ်သူအသက်(၂၆)နှစ်ရှိ  ဇော်ဝမ်းဆိုသူနှင့် မိုးကာင်းမြို့နယ်ပင့်သာကျေးရွာမှ ဈေးရောင်းပြီး အပြန်မော်လူးကျေးရွာသို့ သွားရန်မိုးညှင်းဘူတာ၌ ရထားစောင့်ဆိုင်းနေစဉ် နယ်လှည့်ဈေးရောင်းခဲ့ကြသည့်ဖိုးသားနှင့် ဇော်ဝမ်းတို့ကစကားများခဲ့ကြရာ ဖိုးသားမှ အရိုးအသွား (၈)လက်ခန့်ရှိ ဓားဖြင့်ထိုးခဲ့ကြောင်းသိရသည်။
  •  ဇော်ဝမ်း၏ ဘယ်ဘက်ကျောပြင်တွင် (၁)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိသောကြောင့် ဇနီးဖြစ်သူက ပတ်ဝန်းကျင်ကိုအကူအညီတောင်းခံရာမီးရထားဝန်ထမ်းဦးသန်းဇော်နှင့်မီးရထားရဲတပ်ဖွဲ့မှရဲဒုတပ်ကြပ်သန်းထွဋ်တို့ရောက်ရှိခဲ့ကြသဖြင့်ဖိုးသားမှာထွက်ပြေးလွှတ်မြောက်ခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်တွင် ထွက်ပြေးလွတ်မြောက်နေသူ အား မိုးညှင်းမြို့မရဲစခန်းနယ်ထိန်းအဖွဲ့ကရှာဖွေခဲ့ပြီး(ပ)၆ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်ဖမ်းဆီးအရေးယူထားကြောင်း မိုးညှင်းမြို့မ ရဲစခန်းကသိရသည်။
                                                           သီဟ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ