ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်
ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်
EPN
မိုးကောင်း ဇန်နဝါရီ ၃
ချိုမောင်
EPN
မိုးကောင်း ဇန်နဝါရီ ၃
- အသင်းတစ်သင်းလျှင် မြန်မာ့လက်ရွေးစင်(ပြည်ပကစားဖူးသူ)တစ်ဦးပါဝင်သောကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ(ဝမ်းစီ)ကို ဇန်နဝါရီ ၈ ရက်နေ့မှစတင်၍ မိုးကောင်းမြို့ အရှေ့ရပ် မြို့ လည်စေတီဘုရားဝင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
- ကချင်ပြည်နယ် မိုးကောင်းမြို့တွင်ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်Xkamax မော်တော်ဆိုင်ကယ်ကုမ္ပဏီ၏ အထောက်အပံ့နှင့်မြို့နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီတို့ပူးပေါင်းကာဇန်နဝါရီ(၈)ရက်နေ့မှ(၁၀)ရက်နေ့အထိအရှေ့ရပ်မြို့ လည်စေတီဘုရားဝင်း၌ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ(ဝမ်းစီ)ကိုကျင်းပမည်ဖြစ်ရာဖိတ်ခေါ်ထားသောမြို့ နယ်အသီးသီးမှပြိုင်ပွဲဝင်အသင်း(၂၈)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
- "ကုမ္မဏီကအဓိကပံ့ပိုးတာပေါ့ဗျာကျနော် တို့်မြို့နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီကပြိုင်ပွဲဝင် ကစားသမားတွေနေထိုင်စားသောက်ရေးအစစအရာရာ အဆင်ပြေအောင်ဝန်းရံပေးရတာပေါ့။ ခုလိုပြိုင်ပွဲကြီးတစ်ပွဲဖြစ် မြောက်ဖို့ဆိုတာကျနော်တို့တစ်ဖွဲ့ထဲဆိုရင်ခက်ပါတယ်"ဟုပြိုင်ပွဲဖြစ်မြောက်ရေး အတွင်းရေးမှူးအရှေ့ရပ်အုပ်ချုပ်ရေးမှူး ဦးမင်းကိုလေးမှပြောသည်။
- အဆိုပါပြိုင်ပွဲတွင်အသင်းတစ်သင်းလျှင် မြန်မာ့လက်ရွေးစင်(ပြည်ပကစားဖူးသူ)တစ်ဦး ပါဝင်ခွင့်ရှိပြီးကစား သမား(၄)ဦးနှင့် အသင်းအုပ်ချုပ်သူ(၁)ဦးတို့သည် ဇန်နဝါရီ၇ရက်နေ့အရောက် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီထံသို့ စာရင်းပေးသွင်းရမည်ဖြစ်ကာ ပထမဆုအဖြစ် Xkamax မော်တော်ဆိုင်ကယ်တစ်စီး၊ဒုတိယ ကျပ်ငွေ(၃)သိန်း၊တတိယ ကျပ်ငွေ(၂)သိန်း စတုတ္ထဆုငွေကျပ်(၁)သိန်းနှင့် နေရာအလိုက် အကောင်းဆုံးဆု တစ်ဆုလျှင် ငါးသောင်းကျပ်နှုန်းနှင့် (၃)ဆု ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
- ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် ဗြိတိသျှအစိုးရအုပ်ချုပ် သည့် လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီး နောက်၆ ရက်အကြာ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်း၌ နံနက် ၈ နာရီတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသမ္မတကြီး စင်ရွှေသိုက်ကိုယ်တိုင်တက်ရောက်၍ ကချင်ပြည်နယ် အစိုးရကိုဖွဲ့စည်းကာဇန်နဝါရီလ (၁၀) ရက်နေ့ကို “ကချင်ပြည်နယ်နေ့” ဟူ၍ သတ်မှတ် အတည်ပြု ထားခဲ့ခြင်းဖြစ် သည်။
ချိုမောင်




Comments
Post a Comment