မိုးညှင်းမြို့တွင် သံဂဟေစက်ခိုးယူသူအားဖမ်းဆီးမိ
မိုးညှင်းမြို့တွင် သံဂဟေစက်ခိုးယူသူအားဖမ်းဆီးမိ
EPN
မိုးညှင်း ဇန်နဝါရီ ၁၇
- မိုးညှင်းမြို့ပေါ်တွင် ခိုးဆိုးတိုက်ခိုက်လုယူသူ များရှိပါက အချိန်မှီ ဖမ်းဆီးမိနိုင် ရေးအတွက် ခရိုင်ရဲတပ်ဖွဲ့ နှင့်မြို့နယ်ရဲတပ်ဖွဲ့တွေက ကင်းလှည့်နေကြစဉ် သံဂဟေစက်ခိုးယူသူအမျိုးသားတစ်ဦးအား ဇန်န၀ါရီလ(၁၇) ရက်နေ့ မနက်၈နာရီ ၄၅ အချိန်က ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။
- “နယ်မြေအတွင်းမှာ မှုခင်းကျဆင်းစေဖို့ ဒုစရိုက်မှုတွေပပျောက်စေဖို့ အတွက် ကင်းလှည့်နေတဲ့အချိန် မှာ စစ်ဆေးတွေ့ရှိလို့ဖမ်းဆီးခဲ့တာပါ” ဟု မိုးညှင်းမြို့မရဲစခန်းနယ်ထိန်းအဖွဲ့ ဒုတပ်ကြပ်စန်းအောင်ကပြောသည်။
- အဆိုပါအဖွဲ့မှ ကင်းလှည့်နေစဉ် မိုးညှင်းမြို့ မိုးဒါးစုရပ်ကွက် ရွှေသာလျောင်းဇာတ်ရုံ အနီး၌ မင်္သကာ ဖွယ်ရာ ဖြစ်သော အောင်သပြေ (၁)ရပ်ကွက်နေ အသက်(၁၉)နှစ်ရှိ ပြည့်ဖြိုးဇော် ဆိုသူအားတွေ့ရှိ သဖြင့် စစ်ဆေးခဲ့ကြောင်းသိရသည်။
- ပြည့်ဖြိုးဇော်၏ ညာဘက်ပုခုံးတွင်ထမ်းထားသော အဖြူရောင်ပီနံအိတ်ဖြင့် ထည့်ထားသောYAMAXUN စာတမ်းပါ အနီရောင်သံဂဟေဆော်သည့် အနက်ရောင်ဝါယာကြိုးနှစ်ကြိုး တပ်ဆင်ထားသော သံဂဟေ စက်တစ်လုံး အားစစ်ဆေးတွေ့ရှိခဲ့ သဖြင့်မေးမြန်းရာ ၎င်းပိုင်ဆိုင်ကြောင်း တစ်စုံတရာမျှပြောဆိုနိုင်ခြင်း မရှိပါ သဖြင့် အမှုအမှတ်(ပ)၁၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်ဖမ်းဆီးထားကြောင်းမိုးညှင်း မြို့မရဲစခန်း ကသိရ သည်။

Comments
Post a Comment