ကေအိုင်အေ မှ ကာမိုင်း-ဖားကန့် လမ်းအတွင်း ကားသမားများထံမှ ငွေကြေးကောက်ခံလျှက်ရှိ

ကေအိုင်အေ မှ ကာမိုင်း-ဖားကန့် လမ်းအတွင်း ကားသမားများထံမှ ငွေကြေးကောက်ခံလျှက်ရှိ

EPN
မြစ်ကြီးနား ဇန်နဝါရီ ၁၆
  •     ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မိုးကောင်း-ကာမိုင်းလမ်းအနီး၌ KIA ရင်း(၁၁)မှ အင်အား(၆၀)ဦး ခန့်ပါဝင်သောတပ်ဖွဲ့သည် ယနေ့နံနက်(၈)နာရီခန့်အချိန်က ကာမိုင်း-ဖားကန့် အတက်အဆင်း ကားသမားများ ထံမှ ငွေကြေးကောက်ခံလျှက်ရှိကြောင်းသိရှိရသည်။
  •     အဆိုပါကိစ္စနှင့်ပတ်သက်၍ ကေအိုင်အေ ရင်း(၁၁)မှ ကာမိုင်း-ဖားကန့်လမ်းအတွင်း ဖြတ်သန်းသွားလာ နေကြသော အတက်အဆင်း ကားသများထံမှ ဟင်းဖိုးငွေအဖြစ် ကား(၁)စီးလျှင် (၅၀၀၀)ကျပ်မှ(၃၀၀၀၀)ကျပ် အထိ ကောက်ခံလျှက်ရှိကြောင်း  အဆိုပါလမ်းအတွင်း ပြေးဆွဲနေသော ကားသမားများထံမှ သိရှိရသည်။
  •     “ကေအိုင်အေတပ်ဖက်က ပိုက်ဆံကောက်တယ် ဒါပေမဲ့ လမ်းပိတ်ဆို့တာ တစ်စုံတစ်ရာဖြစ်ပွားတာ မျိုးတော့ မရှိပါဘူး သွားလာတာကတော့ ပုံမှန်အတိုင်းပါပဲ”ဟု အဆိုပါလမ်းအတွင်း ပြေးဆွဲနေသော ကားသမား များထံမှ သိရှိရသည်။
  •     ထိုကဲ့သို့ ကေအိုင်အေ ရင်း(၁၁)မှ ကားသမားများထံ ငွေကြေးကောက်ခံမှုသည် ယခုလ(၁၁)ရက်နေ့နှင့် (၁၃)ရက် နေ့အတွင်းတွင် မြစ်ကြီးနား-တနိုင်းလမ်းအတွင်းတွင် (၂)ကြိမ်ရှိခဲ့ပြီး ယခု(၁)ကြိမ်သည် ကာမိုင်း-ဖားကန့်လမ်း အတွင်းတွင်ဖြစ်ပြီး ယနေ့(၁၆)ရက်အပါအဝင် ယခုလအတွင်းတွင် ကောက်ခံမှုသုံးကြိမ်တိုင် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
                                              လွမ်းအောင်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ