ယခုနှစ်ပထမအပတ်တွင်မူးယစ်ဆေးကျပ်၆၉သိန်းကျော်ဖိုးဖမ်းဆီးမိ

ယခုနှစ်ပထမအပတ်တွင်မူးယစ်ဆေးကျပ်၆၉သိန်းကျော်ဖိုးဖမ်းဆီးမိ
 
EPN
မိုးညှင်း ဇန်နဝါရီ ၇
  • မိုးညှင်းမြို့နယ်အတွင်း ဧရာဦးစစ်ဆင်ရေးအရ မူးယစ်ဆေးဝါးဖမ်းဆီးမှု စီမံချက်ကာလပြီးစီးခဲ့သော်လည်း၂၀၁၈ ခုနှစ်ပထမအပတ်ဖြစ်သည့် ဇန်န၀ါရီ၅ရက်နေ့ ညနေ၆နာရီ အချိန် ၌ မော်ဟန်-နမ္မချီကားလမ်းပေါ်တွင် မူးယစ်ဆေးများ ကာလတန်ဖိုး ကျပ် ၆၉သိန်း၃သောင်းဖိုးဖမ်းဆီးမိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းကသိရသည်။
  • “  စီမံချက်အရဧရာဦးစစ်ဆင်ရေးကာလမှာဖမ်းဆီးရေးဆောင်ရွက်နေသလို ပုံမှန်အနေအထားနဲ့လည်း အစဉ် မပျက်ဖမ်းဆီးနေပါတယ် ရဲတပ်ဖွဲ့ဝင်တွေဟာလောင်းကစားနဲ့မူးယစ်ဆေးဝါးတွေ ကို တစ်လကိုအနည်း ဆုံး(၂)မှု ဖမ်းဆီးရပါတယ်သတင်းရရင်ရသလိုလည်းဖမ်းဆီးနေကြပါတယ်”ဟုမိုးညှင်းမြို့မရဲစခန်းဒုစခန်းမှူးရဲအုပ်ညွှန်လှိုင်ကပြော သည်။
  • မူးယစ်တပ်စု(၃) မှရဲအုပ်နေလင်းအဖွဲ့နှင့် ခရိုင်ရဲတပ်ဖွဲ့၊မော်ဟန်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များက  ဇန်န၀ါရီလ ၅ ရက်နေ့က မိုးညှင်းမြို့နယ်မော်ဟန်ကျေးရွာအနောက်ဖက် မော်ဟန်-နမ္မချီကားလမ်း အနီးရှိသင်္ချိုင်း ကုန်းအနီးတွင် ရှောင်တခင်သွားရောက်စစ်ဆေးနေစဉ်နမ္မချီဘက်မှမော်ဟန်ဘက်သို့မောင်းနင်လာသောဆိုင်ကယ်အား စစ်ဆေးခဲ့ရာ မူးယစ်ဆေးများတွေ့ရှိခဲ့သည်ဟုဖမ်းဆီးရေးအဖွဲ့ကပြောသည်။
  • အဆိုပါဆိုင်ကယ်အားမောင်းနှင်ခဲ့သူမှာမိုးညှင်းမြို့အောင်သပြေ(၁)ရပ်ကွက်နေအသက်(၄၅)နှစ်ရှိရဲဝင်းဆိုသူဖြစ် ပြီး၎င်းလွယ်ထားသောလွယ်အိတ်အတွင်း၌ရောင်စုံဆပ်ပြာခွက်ဖြင့်ထည့်ထားသောပလပ်စတစ်အကြည်ဖြင့်ထုတ်ထား သည့်ဘိန်းဖြူ ဟုယူဆရသော ဖြူဝါရောင်အမှုန့်(၁)ခွက်လျှင်အလေးချိန်(၁၂)ဂရမ်ခန့်စီပါသော ဆပ်ပြာခွက်(၄)ခွက် စုစုပေါင်းအလေးချိန်(၄၈)ဂရမ်ခန့်နှင့်အပြာရောင်ကပ်ခွာအိတ်အတွင်း88/1 စာတမ်းပါ စိတ်ကြွဆေးပြားဟုယူဆရသော ပန်းရောင်ဆေးပြားအပြား(၂၀၀)ပြားစီသောအထုပ်(၅) ထုပ်၊ ဆေးပြား(၁၉၀)ပြားပါသော အထုပ်(၁)ထုပ် စုစုပေါင်း ဆေးပြား ၁ထောင်၁ရာ၉၀ ပြား(၁၁၉၀ ပြား) အလေးချိန်(၁၁၉)ဂရမ်တို့ အားရှာဖွေတွေ့ရှိခဲ့ကြောင်း ဖမ်းဆီးရေး အဖွဲ့က ပြောသည် ။
  • မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးမိခဲ့သူ ရဲဝင်းဆိုသူကနမ္မချီမှော်သို့ရောက်ရှိစဉ်အသက်(၄၀)နှစ် ရှိကချင်အမျိုးသား တစ်ဦးထံမှဘိန်းဖြူဆပ်ပြာခွက်(၄)ခွက်အားကျပ်၂၅သိန်းဖြင့်၊စိတ်ကြွဆေးပြား(၆)ထုပ်အားကျပ်၂၅သိန်းဖြင့်ဝယ်ယူခဲ့ ကြောင်းသိရသည် ။
  • အဆိုပါဖြစ်စဉ်ကြောင့်ရဲဝင်းဆိုသူအားမယ(ပ)၅မူး စိတ်ပုဒ်မ၁၅/၁၉(က)ဖြင့်ဖမ်းဆီးအရေးယူထားကြောင်း မိုးညှင်းမြို့မရဲစခန်းကသိရသည်။
                                               သီဟ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ