ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲပြုလုပ်ကျင်းပ
ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲပြုလုပ်ကျင်းပ
EPN
မိုးကောင်း ဇန်နဝါရီ ၈
EPN
မိုးကောင်း ဇန်နဝါရီ ၈
- အသင်းတစ်သင်းလျှင် မြန်မာ့လက်ရွေးစင်(ပြည်ပကစားဖူးသူ)တစ်ဦးပါဝင်သောကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ(ဝမ်းစီ)ဖွင့်ပွဲကို ဇန်နဝါရီ (၈) ရက်နံနက်ပိုင်းကကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်း(၂၂)သင်းမှ ကစားသမားများသည် (၈း၃၀) နာရီတွင်စစ်ကြောင်းပုံစံချီတက်၍ကွင်း ဖွင့်ပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
- ဆက်လက်၍အားကစားသမားများမှသစ္စာအဓိဌာန်ရွတ်ဆိုကြ၍အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း မှဘင်ခရာတပ်ဖွဲ့မှဦးဆောင်ကာကစားသမားများကွင်းအတွင်းမှထွက်ခွာကြပြီးမြန်မာ့လက်ရွေးစင်ကစားသမား(၆)ဦးမှ သရုပ်ပြကစားကာပြိုင်ပွဲကိုဖွင့်လှစ်သည်။
- "မြန်မာ့လက်ရွေးစင်ကစားသမားများအနေနဲ့ကငွေကြေးရလိုမှုတစ်ခုထဲနဲ့လာရောက်ယှဉ်ပြိုင်ကြတာမဟုတ်ဘဲ မျိုးဆက်သစ်ကစားသမားပေါ်ထွန်းလာစေဘို့ရည်ရွယ်ချက်နဲ့လာကြတာပါ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီအနေနဲ့ က ခရီးစရိတ်တစ်ကြောင်းစာသာထောက်ပံ့နိုင်ပါတယ် ဖိတ်ခေါ်ထားတာ ၂၈သင်းပေမဲ့ အရမ်းဝေးလွန်းတဲ့မြို့နယ်တွေက မလာနိုင်ဘဲ၂၂သင်းသာလာရောက်ယှဉ်ပြိုင်ကြတာပါ"ဟုပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဧည့်ကြိုတာဝန်ခံကိုအေးမြင့်ဦးမှ ပြောဆိုသည်။
- ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဦးဆုံးပွဲအဖြစ် ပရီးမီးယားအသင်းနှင့် အင်းတော်(ဂ)အသင်းတို့ယှဉ်ပြိုင်ပြီး အုပ်စုပွဲ များကို၂ရက်တိတိယှဉ်ပြိုင်ကာဗိုလ်လုပွဲကိုဇန်နဝါရီ၁၀ရက်ကချင်ပြည်နယ်နေ့တွင်ပြုလုပ်မည်ဖြစ်ကြောင်းသိရပြီးဆုများအ ဖြစ်ပထမဆု Xkamax မော်တော်ဆိုင်ကယ်တစ်စီး၊ဒုတိယ ကျပ်ငွေ(၃)သိန်း၊တတိယ ကျပ်ငွေ(၂)သိန်း စတုတ္ထဆုငွေကျပ်(၁)သိန်းနှင့် နေရာအလိုက် အကောင်းဆုံးဆု တစ်ဆုလျှင် ငါးသောင်းကျပ်နှုန်းနှင့် (၃)ဆု ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
- ယနေ့အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်(မိုးမောက်မြို့နယ်) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် ဖိတ်ကြားထားသူများ အားကစားသမားများ ဝါသနာရှင်များ စုစုပေါင်းအင်အား ၃၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

Comments
Post a Comment