ဘိန်းအစားထိုး သီးနှံများစိုက်ပျိုးနိုင်ရန် ထိန်ချုံးမြို့သို့ စိုက်ပျိုးမွေးမြူရေး နှင့် စက်မှုလက်မှုဆိုင်ရာ သင်တန်းကို တက်ရောက်

ဘိန်းအစားထိုး သီးနှံများစိုက်ပျိုးနိုင်ရန် ထိန်ချုံးမြို့သို့  စိုက်ပျိုးမွေးမြူရေး နှင့် စက်မှုလက်မှုဆိုင်ရာ သင်တန်းကို တက်ရောက်
 

EPN
ပန်ဝါ ဇန်နဝါရီ ၎

  • ဘိန်းအစားထိုး သီးနှံများစိုက်ပျိုးနိုင်ရန်တရုတ်နိုင်ငံရှိ ထိန်ချုံးမြို့ အမှတ်(၁) နည်းပညာကောလိပ်ကျောင်းတွင် စိုက်ပျိုးမွေးမြူရေး နှင့်စက်မှုလက်မှုဆိုင်ရာ ဘာသာရပ်သင်တန်း တက်ရောက်နေကြောင်း သိရသည်။

  • အဆိုပါသင်တန်းကျောင်းတွင် ကချင်အထူးဒေသ(၁)ရှိ နယ်မြေဒေသ အသီးသီး မှ ဒေသခံပြည်သူများ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၅)ဦး တက်ရောက်သင်ကြားနေကြောင်း သိရသည်။
  •   "ခုလိုကျွန်တော်တို့ဒေသက ကျွန်တော်တို့ ဒေသကအခြားဒေသတွေနဲ့ မတူဘူး တောင်ပေါ်ဒေသဆိုတော့စိုက်ပျိုးဖို့ ခက်ခဲတယ် ခုလိုဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်ဖို့ မိဘပြည်သူတွေကို ဒေသနဲ့ကိုက်ညီမဲ့ စိုက်ပျိုးရေး နည်းပညာနဲ့ စက်မှုပညာရပ်တွေကို တရုတ်အစိုးရက အကုန်အကျခံ သင်တန်းပေးတယ်ဆိုတော့ ကြိုဆိုဝမ်းသာ ရတာ  ပေါ့ "ဟု ချီဖွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် ကပြောသည်။

  • ဒီသင်တန်းပြီးဆုံးပါက သင်တန်းတက်ရောက်သူ များအနေဖြင့် ဒေသကိုအကျိုးပြုနိုင်မည့် နည်းပညာများ တတ်မြှောက်မည်ဖြစ်သည့်အပြင် ဒေသအတွင်း လက်ဆင့်ကမ်းအမြင်ဖွင့်သင်တန်းများ ပြုလုပ်သင်ကြား လာနိုင်မည်ဖြစ်ကြောင်း ၊ ထိုမှတစ်ဆင့်ဒေသခံများ၏ စာဝတ်နေရေးအတွက်ဒေသမှာဘိန်းအစားထိုးသီးနှံများစိုက်ပျိုးလာနိုင်မည်ဟု ၄င်းကဆက်လက်ပြော ဆိုသည်။

  • အဆိုပါသင်းတန်တွင် ကြက်သားဖောက်နည်း၊  ဝက်သားဖောက်နည်း၊  ကားဘော်ဒီဆေးသုတ်နည်း၊ တိုင်းရင်း ဆေးစိုက်ပျိုးနည်း၊ သစ်သားပန်းပုထုလုပ်ငန်း၊ စပျစ်သီးစိုက်ပျိုးနည်း၊ အပင်ကိုင်းကူးကိုင်ဆက်လုပ်နည်းများကို သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။

  • အဆိုပါသင်တန်းကျောင်းတွင် သင်တန်းသားများအဖြစ် ကချင်ပြည်နယ် ချီဖွေမြို့နယ် ကချင်အထူးဒေသ(၁)ရှိ နယ်မြေဒေသအသီးသီးမှ ဒေသခံပြည်သူများ၊ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သည် ပန်ဝါမြို့မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နံနက်(၇)နာရီတွင် ထွက်ခွာလာကြရာ တရုတ်ပြည်ဘက်ခြမ်း နယ်စပ်ဂိတ်တွင် ကားများဖြင့် ထိန်ချုံးနိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နှင့် သင်တန်းကျောင်းမှ ဆရာ ဆရာမ ပေါင်း၂၁ ဦးမှ လာရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။
  •        အဆိုပါသင်တန်းအားအုပ်ချုပ်သူ Dr G ဦးယိန်းဘောမ်ဦးမဂေါင်နော်အောင် တို့မှ ဦးဆောင်၍ ကချင်အထူးဒေသ(၁)နယ်မြေ ဒေသအသီးသီးရှိ ဒေသခံပြည်သူ(၅၂) ဦးနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်(၁၃) ဦး စုစုပေါင်းသင်တန်းသား(၆၅)ဦးတက်ရောက်သင်ကြားနေပြီးသင်တန်းကာလမှာ၂၀၁၇ခုနှစ်နိုဝင်ဘာ(၂၀)ရက်မှ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီ (၂၀)ရက် နေ့ထိ (၃)လ ကြားမြင့်မည်ဖြစ်သည်။
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကချင်အထူးဒေသ(၁)ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်နယ်မြေဒေသ အတွင်ရှိ မိဘပြည်သူများအား တရုတ်-မြန်မာ(၂)နိုင်ငံချစ်ကြည်ရေးအတွက်ထာဝရငြိမ်းချမ်းရေးအသီးအပွင့် လက်ရှိခံစားနေကြောင်း သက်သေအဖြစ်ပြသနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းသိရသည်။    
                                               စိုင်းဆိုင်မင်း





























Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ