လူငယ်များဆိုင်ကယ်ပြိုင်မောင်းရာမှ လဲကျတိုက်မိကာတစ်ဦးသေဆုံး

လူငယ်များဆိုင်ကယ်ပြိုင်မောင်းရာမှ လဲကျတိုက်မိကာတစ်ဦးသေဆုံး

EPN
မိုးကောင်းဇန်နဝါရီ ၆
  • ကညင်မြိုင်ကျေးရွာအနီးရွှေဘို-မြစ်ကြီးနားပြည်ထောင်စုလမ်းမကြီးပေါ်တွင်ဆိုင်ကယ်ပြိုင်မောင်းရင်း အချင်းချင်း ချိတ်မိလဲကျကာတစ်ဦးသေဆုံးသွားကြောင်းသိရသည်။
  • ကချင်ပြည်နယ်မိုးကောင်းမြို့နယ်၊ကညင်မြိုင်ကျေးရွာအုပ်စု၊ကညင်မြိုင်ကျေးရွာအနီးရွှေဘို-မြစ်ကြီးနားပြည်ထောင်စုလမ်းမကြီး၊ကီလိုမီတာအမှတ် ၃၇၃နှင့်၃၇၄ကြား၌ ဇန်နဝါရီ ၄ရက်နေ့ခင်း၁၂နာရီအချိန်ခန့်တွင် မိုးကောင်းမြို့ ဘက် မှ ဟိုပင်မြို့ဘက်သို့ မောင်းနှင်သူဦးကောင်းမြတ်ဦး(၁၈)နှစ် နောက်ထိုင်ဦးအောင်လွင်မျိုး(၁၇)နှစ်နှင့် ဦးမင်းထက်ဦး(၁၇)နှစ်တို့လိုက်ပါမောင်းနှင်သောFEELING125ဆိုင်ကယ်နှင့်ဦးဝေလင်းထွန်း(၁၇)နှစ်မောင်းနှင်ပြီးနောက်ထိုင်ဦးထက်စိုး (၁၆)နှစ်တို့လိုက်ပါသောSHAYAN-125အမျိုးအစားဆိုင်ကယ်တို့သည် အပြိုင်မောင်းနှင်နေစဉ် အချင်းချင်း ချိတ်မိဝင်ရောက် တိုက်မိခဲ့သဖြင့် ဒါဏ်ရာအသီးသီးရရှိခဲ့ကြကြောင်းသိရသည်။
  • ဒဏ်ရာရရှိသူများကိုတောင်နီကျေးရွာအဖြူရောင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ဆားမှော်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့်ဦးအောင်လွင်မျိုး(၁၇)နှစ်သည်ဆားမှော်တိုက်နယ်ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကာ ဦးဝေလင်းထွန်း(စိုးရိမ်ရ)၊ဦးထက်စိုး(စိုးရိမ်ရ)၊ဦးကောင်းမြတ်ဦး(မစိုးရိမ်ရ)၊ဦးမင်းထက်ဦး(မစိုးရိမ်ရ) ဒဏ်ရာများအသီးသီး ရရှိခဲ့ကြောင်းနှင့် ၎င်းဆိုင်ကယ်မတော်တဆမှု့ဖြစ်ပွားရာတွင်ပါဝင် သူများမှာမိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာအုပ်စု၊ တောင်နီကျေးရွာတွင်နေထိုင်သူများဖြစ်သည်ဟုသိရှိရပါသည်။
  •     အခင်းဖြစ်နေရာသို့အမှတ်(၁၀၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိုးကောင်း)မှ ရဲအုပ်ဇေမျိုးဝင်းမှသွားရောက်စစ်ဆေးခဲ့၍ ယာဉ်စည်းကမ်းလိုက်နာမှုမရှိဘဲယာဉ်အားအရှိန်ပြင်းစွာမောင်းနှင်သူဦးကောင်းမြတ်ဦး(၁၈)နှစ်နှင့်ဦးဝေလင်းထွန်း(၁၇)နှစ်တို့ကိုမိုးကောင်းမြို့မရဲစခန်းမှယာဉ်(ပ)၁/၂၀၁၈ရာဇသတ်ကြီးပုဒ်မ၃၀၄က/၃၃၈/၃၃၇ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
                                                             ချိုမောင်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ