မြတ်ပဌာန်းအောင်ပွဲ တစ်ဆုပ်ဆန်လှူအသင်းမှဆွမ်းဆန်တော် လောင်းလှူ
မြတ်ပဌာန်းအောင်ပွဲ တစ်ဆုပ်ဆန်လှူအသင်းမှဆွမ်းဆန်တော် လောင်းလှူ
EPN
မြစ်ကြီးနား ဇန်နဝါရီ ၁
- မြစ်ကြီးနား မြို့၊မြို့သစ်ကြီးရပ်ကွက်၊ကွက်သစ်ရှိ မဏိရတနာကျောင်းတိုက်၊စတုတ္ထအကြိမ်မြောက် မဟာ မြတ်ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊အောင်ပွဲအထိမ်းအမှတ် ဆွမ်းဆန်တော်လောင်းလှူပွဲကို ဒီဇင်ဘာ (၃၁)ရက် နေ့၊ညနေ(၃)နာရီက ယင်းကျောင်းတိုက်၌ ကျင်းပပြု လုပ်ခဲ့သည်။
- အဆိုပါ စတုတ္ထအကြိမ်မြောက် မဟာ မြတ်ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊အောင်ပွဲအထိမ်းအမှတ် ဆွမ်းဆန်တော်လောင်းလှူပွဲကို မြစ်ကြီးနားမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊တစ်ဆုပ်ဆန်လှူ အသင်းမှ ပါဝင်ဆင်နွှဲ လောင်းလှူခဲ့သည်။
- တစ်ဆုပ်ဆန်လှူ အသင်းဥက္ကဌ ဦးညွန့်ဝင်းက"ကျွန်တော်တို့ တစ်ဆုပ်ဆန်လှူ အသင်းအနေနဲ့ လစဉ်လှူဒါန်း ရရှိလာသည့်တစ်ဆုပ်ဆန်များအား ဘာသာ၊လူမျိုး မခွဲခြားဘဲ လူမှုရေးအခက်အခဲများ၊ဘာသာသာသနာ အလှူအတန်းများတွင် ခုလိုပျော်ပျော်ပါးပါး ပါဝင်ဆောင်ရွက် နေတာပါ" ဟုပြောသည်။
- စတုတ္ထအကြိမ်မြောက် မဟာ မြတ်ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊အောင်ပွဲအထိမ်းအမှတ် ဆွမ်းဆန်တော်လောင်းလှူပွဲတို့မြစ်ကြီးနားမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊သံဃာတော် အပါး(၇၀)ကြွရောက် တော်မူကြ ပြီး မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊တစ်ဆုပ်ဆန်လှူအသင်းနှင့် ဒါယကာ၊ဒါယိကာမများက ပါဝင်ဆင်နွဲလောင်းလှူခဲ့ကြောင်း သိရသည်။
- လူမှုရေးလုပ်ငန်းနှင့်အမျိုးဘာသာ အကျိုးပြု လုပ်ငန်းစဉ်တစ်ခုဖြစ်သော တစ်ဆုပ်ဆန်လှူအသင်းကို မြစ်ကြီးနား မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ယခုနှစ်အောက်တိုဘာလ (၁၇)ရက် နေ့လည်(၁)နာရီတွင်စတင်ဖွဲ့စည်းတည်ထောင်ထားခဲ့ပြီး အသင်းအနေဖြင့်လစဉ်လှူဒါန်း ရရှိလာသည့်တစ်ဆုပ်ဆန်များအား ဘာသာ၊လူမျိုး မခွဲခြားဘဲ လူမှုရေးအခက်အခဲများ၊ဘာသာသာသနာ အလှူအတန်းများတွင် ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။



Comments
Post a Comment