ဆဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲနှင့်မိတ်ဆုံညစာစားပွဲကျင်းပ

ဆဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲနှင့်မိတ်ဆုံညစာစားပွဲကျင်းပ
 
EPN
ဟိုပင် ဇန်နဝါရီ ၁
  • ကချင်ပြည်နယ်၊မိုးညှင်းခရိုင် ၊ဟိုပင်မြို့တွင် ဒီဇင်ဘာ (၂၈ က အ.ထ.က တေဇခမ်းမတွင် သုံးနှစ်တစ်ကြိမ်ကျင်းပ သော ဆဌမအကြိမ်မြောက်အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံညစာစားပွဲကို စည်းကားသိုက်မြို က်စွာ ကျင်းပကြောင်းသိရသည်။
  •   အာစရိယပူဇော်ပွဲကို ၁၉၉၉ တွင်စတင်ကျင်းပခဲ့သည်။၁၉၆၈ တွင်အ.ထ.ကကျောင်းအဖြစ်ရရှိ၍ ၁၉၆၉ တွင် ဟိုပင် အ.ထ.ကကျောင်းမှ ပထမဆုံးအကြိမ်အဖြစ် ဆယ်တန်းစာမေးပွဲကို အောင်ချက်နှစ်ရာခိုင်နှုန်းဖြင့် ကျောင်းသားငါးဦး ဖြေဆို အောင်မြင်ခဲ့သည်။ ၎င်းတို့တည်းမှ အသက် ၆၈ နှစ်အရွှယ်ရောက်ရှိနေသော အ.ထ.ကဟိုပင်မှကျောင်းသားဟောင်း ဦးတင်ရွှေက စတင်ဦးဆောင်ခဲ့သည်။ ၁၉၆၈ အထက်တန်းကျောင်းစဖြစ်ချိန်မှ သက်ရှိထင်ရှားဆရာ/မကြီးများအပါအဝင် စုစုပေါင်း(၂၁၃)ဦးကို တပည့်များကစုပေါင်းပူဇော်ကန်တော့၍ မိတ်ဆုံညစာစားပွဲပြု လုပ်တာဟု ကျောင်းသားဟောင်း ကြီးတစ်ဦး ပွဲဖြစ်မြောက်ရေး နာယက ဦးတင်ရွှေကပြောပြသည်။
  • ကျမက ဒီကျောင်းမှာနေလည်းနေဖူးပါတယ်။ ကျောင်းဆရာမပြန်ဖြစ်တော့ ဟိုပင်အထကကျောင်းမှာ ၁၉၈၉ - ၉၀ မှာအင်္ဂလိပ်စာဆရာ အဖြစ်ရှစ်တန်းမှာသင်ခဲ့ပါတယ်။ ဟိုပင်ကနေတဆင့် ယခုပူတာအိုအထကကျောင်းမှာ အထက်တန်း ပြအဖြစ်တာဝန်ထမ်းဆောင်နေဆဲပါ။ လမ်းပန်းဆက်သွယ်ရေးတွေကောင်းလာလို့ ဒီနှစ်မှလာဖြစ်ပါတယ်။ အာစရိယပွဲဖြစ် မြောက်ရေးကော်မတီဥက္ကဌက အသွားအပြန်လေယာဉ်ခအပြင် ဟိုပင်ကနေမြစ်ကြီးနားကိုအသွားအပြန်ကားကြို ပို့လုပ်ပေး တယ်။ကျွန်မနေခဲ့တဲ့ကျောင်း စာသင်ခဲ့တဲ့ကျောင်းက သူငယ်ချင်းတွေ ဆရာ/မတွေနဲ့တပည့်တွေ ပြန်တွေ့ရလို့ ပြောမပြ နိုင်အောင် ဝမ်းသာမိတယ်ဟု ဆရာမဒေါ်စွဲ့ကြာဟွမ်က ပြောပြသည်။
  • ဟိုပင်က တပည့်တွေ့ကဆရာမနဲ့အဆက်အသွယ်အမြဲရှိတော့ အာစရိယပွဲလုပ်တိုင်ဖိတ်တယ်။ အကြောင်း    အမျိုးမျိုးကြောင့် တစ်ခါမှမလာဖြစ်ပါဘူး။ ကန်တော့ခံပစ္စည်းတွေကို ရောက်အောင်အမြဲပို့ပေးပါတယ်။လွန်ခဲ့တဲ့(၂၆)ကျော် ၁၉၈၉ - ၉၀မှာတုန်းက စာသင်ခဲ့တဲ့ကျောင်းကြီးပေါ့ ။အသက်အရွှယ်တွေကကြီး လာရမယ့်ခရီကဝေးတော့ ဒီတစ်သက် ပြန်ဆုံရတော့မယ်တောင် မထင်တော့ဘူး။ သုံးနှစ်တစ်ကြိမ်လုပ်တဲ့ပွဲမို့ ရက်သတ္တပတ်လောက် ကြို တင်ပြင်ဆင်ပြီးလာခဲ့ တယ်။အသက်ကြီးလာတော့ ဆရာမတစ်ယောက်တည်းမဟုတ်ပါဘူး။အမျိုးသားလည်းခေါ်ခဲ့ရတယ်။ ဟိုပင်ရောက်တော့ အရမ်းပျော်တာပေါ့ ။အရင်က ဟိုပင်မဟုတ်တော့ဘူး။အများကြီးပြောင်းလဲ တိုးတက်နေတယ်။ မပြောင်းလဲတာတော့ နွေးနွေးထွေးထွေးကြိုဆိုတဲ့ စိတ်တွေပေါ့ ။ စာသင်ဖက် ဆရာ/မတွေ တပည့်တွေ့နဲ့စုံစုံညီညီစုစု စည်းစည်းပြန်တွေ့ ရတော့အရမ်းဝမ်းသာကြည်နူးတာမိတယ်။ သာဓုခေါ်စရာပြောအုံးမယ်။ဆရာမတစ်ယောက်တည်းမှ မဟုတ်ဘူး။ အဝေးကလာတဲ့ဆရာ/မတွေအားလုံးတစ်ယောက်စီအပိုခေါ်လာလို့ရတယ်။ နောက်ပြီး နှစ်ယောက်စာ အသွားအပြန်စရိတ် အားလုံးစရိတ်ငြိမ်းဆိုတော့ ဒီထက်ပိုကောင်းတာမရှိတော့ဘူးဟု ရန်ကုန်မြို့နေ ဆရာမဒေါ်ကြည်ကြည်စန်းကပြောပြသည်။
  • ဒီလိုစည်းကမ်းတကျနဲ့ခမ်းခမ်းနားနားစုံစုံညီညီဆိုတော့ဝမ်းလည်းသာတယ်။ဂုဏ်လည်းယူမိတယ်။နောက်လည်းအားရင်ထပ်လာချင်သေးတယ်ဟု ဟိုပင်သူအဆိုတော် ခင်မျိုးအေးက ပြောသည်။အရမ်းပျော်တယ်။ အရမ်းဝမ်းသာ ကြည်နူးမိတယ်ဟု ၁၉၉၄ ကျောင်းသားအားကစားပွဲတော်တွင် ဝေသာလီမယ်ဖြစ်သော မဝေမာသိန်းကပြောပြသည်။
  • ကျွန်တော် ကိုးတန်းအထိဒီကျောင်းမှာနေဖူးတယ်။အဖေက မြန်မာစာဆရာ ဦးအောင်ဝင်းပါ။ သူငယ်ချင်းတွေ နဲ့ပြန်တွေ့ချင်လို့ရယ် ဆရာ/မတွေ ကန်တော့ရအောင် ကနေဒါနိုင်ငံနေ ဦးဆန်းအောင်က ပြောပြသည်။
  • ကျွန်တော်တို့ အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံညစာစားပွဲ ကော်မတီ နာယကတွေကို တစ်ပွဲပြီးတိုင်း အသစ်ပြန်ဖွဲ့ ပါတယ်။ဖုန်းတွေပေါလာတဲ့အတွက် အဆက်အသွယ်တွေပိုရလာတယ်။အလှူ ငွေလည်းပိုရပါတယ်။ယခုပွဲမှာ အသက် ခြောက်ဆယ်အောက်ဆရာ/မများကိုကျပ်/၇၀၀၀၀ိ/- အသက်(၆၀/၆၄)အထိ ကျပ်/၂၃၀၀၀၀ိ/-အသက်(၆၅/၆၉)အထိ ကျပ်/၂၈၀၀၀၀ိ/-အသက်(၇၀/၇၄)အထိ ကျပ်/၃၄၀၀၀၀ိ/-အသက်(၇၅/၈၀)အထိ ကျပ်/၄၀၀၀၀၀ိ/-အသက်(၈၀)အထက် ကျပ်/၅၀၀၀၀၀ိ/-နူန်းဖြင့် ကန်တော့ခံ ဆရာ/မပေါင်း(၂၁၃)ဦး ကြွရောက်ပါတယ်။ဆရာ/မကြီးတွေကိုအဖွဲ့က ကန်တော့ စုစုပေါင်း ၄၀၆ သိန်း ဆရာ/မကြီးများ၏ ခရီးစရိတ် ၈၀ သိန်း ပင့်သံဃာများပူဇော်တာ ၁၀ သိန်း အခမ်းအနား နှင့်ဧည့်ခံ ကျွေးမွေးစရိတ် ၁၈၀ သိန်း စုစုပေါင်း ၅၇၆ သိန်းပဲ သိန်း ၆၀၀ ဝန်ကျင်ရှိမှာပါ။ဖိတ်စာက အားလုံးပေါင်း စောင်ရေတစ် ထောင်ငါးရာပါ။ ဆရာ/မကြီးတွေရော မည်သူမဆို ဟိုပင်/အင်းတော်ကြီးဘုရားနှင့် အခြားတန်ခိုးကြီးဘုရာတွေကိုလည်း အိမ်စီးကား ၂၀ စီးနှင့်Express ကားကြီးတစ်စီးနဲ့အတူ အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံညစာစားပွဲအပြီးနောက်တစ်နေ့မှာ နေ့ချင်းပြန်အခမဲ့လိုက်ပို့ပေးပါတယ်။ကြိုရောက်ရက် ပွဲနေ့ အပြန်ခရီး အားလုံးစိတ်ချမ်းသာအောင် လုပ်ပေးပါ တယ်။ နောက်နောင်များတွင်လည်း ဒီထက်မကပိုမိုကန်တော့နိုင်ရန်နှင့် ဝန်ဆောင်မှုပိုပေးနိုင်ရန် အားလုံးဆန္ဒရှိကြောင်း အာစရိယ ပူဇော်ကန်တော့ပွဲနှင့် မိတ်ဆုံညစာစားပွဲ ကော်မတီဥက္ကဌ ဦးသိန်းဝင်းက ပြောပြသည်။
မိုးဟိန်း


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ