တာလောကြီးကျေးရွာ၌ KIA မှရွာသား(၄ )ဦးကို စုဆောင်းရေးဆွဲသွားကြောင်း သိရ

တာလောကြီးကျေးရွာ၌ KIA မှရွာသား(၄ )ဦးကို စုဆောင်းရေးဆွဲသွားကြောင်း သိရ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၀
  • ကချင်လွတ်မြောက်ရေးတပ် (KIA)မှ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၏ အရှေ့မြောက်ဖက်ရှိ ဒေသအခေါ် မောလောကွေ့၌ KIA တပ်ဖွဲ့ဝင်(၅)ဦး ပါဝင်သောအဖွဲ့မှ ဦးဇော်တား၏ လယ်တွင်အလုပ်လုပ်ကိုင် နေသော လူငယ်(၄)ဦးကို တပ်သားသစ်အဖြစ် စုဆောင်းရေးဆွဲ ခေါ်ဆောင်သွားကြောင်း သိရသည်။
  • "ကျနော်တို့ကတော့ မသိရသေးပါဘူး။ အကြောင်းကြားထားတာလဲ မရှိသေးဘူး။ ဒီလိုစုဆောင်းရေးဆွဲတယ်ဆိုတာ အဓိကကတော့ ထိုးစစ်ပေါ့၊ ထိုးစစ်ရှိရင် တိုက်ပွဲရှိမယ်။ တိုက်ပွဲရှိရင် စုဆောင်းရေးဆွဲတာရှိမှာပဲ။ ဒါတွေပပျောက်ဖို့ဆိုရင်တော့ ထိုးစစ်တွေရပ်သွားပြီး ငြိမ်းချမ်းရေးရဖို့လိုတယ်" ဟု ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။
  • အဆိုပါ စုဆောင်းရေးဆွဲခြင်းခံရသူ လူငယ်များမှာ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ပေါ်ရှိ ရပ်ကွက်များတွင် နေထိုင်ကြသော လီဆူးလူမျိုး၊ လူငယ်များဖြစ်ကာ တာလောကြီးကျေးရွာ၌ လယ်လုပ်ငန်း လုပ်ကိုင်နေစဉ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသည်ဟု သိရသည်။
  • "KIA ကတော့ ခေါင်းဆောင်က ဘယ်သူလဲတော့ မသိဘူး။ လူက(၅)ယောက်ပါတယ်။ ဦးဇော်တားရဲ့လယ်မှာ အလုပ်လုပ်နေတဲ့ လူငယ်လေးယောက်ကို မနေ့(၁၉)ရက် ညနေ(၅)နာရီခွဲလောက်က ဖမ်းခေါ်သွားတာပါ။ ကလေးတွေက မြစ်ကြီးနားမြို့ပေါ် ဇီးလွန်ရပ်ကွက်ကတွေပါတယ်။ ဒီလိုဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကတော့ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲလို့ ပြောချင်တယ်။" ဟု ၎င်းကိစ္စနှင့်ပတ်သက်၍ မြစ်ကြီးနားမှအမည်မဖော်လိုသူ ဒေသခံတစ်ဦး ပြောသည်။
  • ကချင်လွတ်မြောက်ရေးတပ် KIA မှတပ်ဖွဲ့ဝင်(၅)ဦး ပါဝင်သောအဖွဲ့သည် ၂၀၁၇ခု ဒီဇင်ဘာလ(၁၉) ရက်၊ ညနေ(၅)နာရီခွဲ အချိန်ခန့်က တာလောကြီးကျေးရွာ၊ အရှေ့မြောက်ဖက်၊ ဒေသအခေါ်  မောလောကွေ့ရှိ ဦးဇော်တား၏ လယ်၌အလုပ်လုပ်ကိုင်နေသော လီဆူးလူမျိုးလူငယ်(၄)ဦးဖြစ်သည့်
  • (၁)မောင်သုံးလေးဝါး၊ အသက်(၁၆)နှစ်၊ (အဘ)ဦးသုံးတား၊ ရပ်ကွက်(၂) အောင်မြေ(၁) ဝိုင်းမော်မြို့။
  • (၂) မောင်စံဆားအသက်(၁၆)နှစ်၊ (အဘ)ဦးစံဆီး၊ ဇီးလွန်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
  • (၃)မလမြာဆယ်မီး၊ အသက်(၁၅)နှစ်၊ (အဘ)ဦးလမြာလူး၊ ဇီလွန်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
  • (၄)မောင်ဗျာတား၊ အသက်(၂၀)နှစ်၊ (အဘ)ဦးဗျာဂျူး၊ ရပ်ကွက်(၄) ဝိုင်းမော်မြို့ တို့ကိုဖမ်းဆီးခေါ်ဆောင်သွားကြခြင်းဖြစ်ကာ ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း၊ အကူအညီပေးရေးအဖွဲ့များမှ လိုက်ပါကူညီဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
  •  

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ