မိုးညှင်းမြို့နယ်မော်ဟန်ကျေးရွာတွင်မူးယစ်ဆေးသယ်ဆောင်သူအမျိုးသား(၈)ဦးအား ဖမ်းဆီးမိ 

EPN
မိုးညှင်း ဒီဇင်ဘာ၂၆
  •  မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ၏အနောက်ဖက် မော်ဟန်-နမ္မချီမှော် သို့ သွားရာ ကားလမ်းမတွင် ဒီဇင်ဘာ (၂၄)ရက်နေ့က ညနေ ၇နာရီအချိန်ခန့်က ဆိုင်ကယ်ဖြင့်မူးယစ်ဆေးများ သယ်ဆောင်လာသူအမျိုးသား(၈) ဦးအားဖမ်း ဆီးမိခဲ့ကြောင်းသိရသည် ။
  • အဆိုပါ ဆိုင်ကယ်ဖြင့် မူးယစ်ဆေးသယ်ဆောင်လာသူများမှာ မော်ဟန်ကျေးရွာ မော်ပင့်ရပ်ကွက်နေ ထိုင်သူ အသက်၄၅နှစ်ရှိ  ဖိုးသား၊ မော်ဟန်ကျေးရွာ နတ်ကြီးကုန်းရပ်ကွက်နေထိုင်သူ  အသက် (၃၂)နှစ်ရှိ မောင်မောင်ဌေး  ၊မော်ဟဲကျေးရွာ နေထိုင်သူ   အသက်၂၃နှစ်ရှိ လင်းဇော်မျိုး ၊အသက်၂၄နှစ်ရှိ ဟိန်းထက်အောင် ၊ မိုးညှင်းမြို့ အောင်ချမ်းသာရပ်ကွက် တွင် နေထိုင်သူ  အသက်၄၈နှစ်ရှိသက်နိုင်ဦး ၊အင်းတော်မြို့နယ် မော်လူးကျေးရွာ နေထိုင်သူ  အသက်၃၈နှစ်ရှိအောင်စိုး နှင့်မိုးညှင်းမြို့အောင်သပြေ(၃)ရပ်ကွက်နေ ထိုင်သူ အသက်(၁၈)နှစ်ရှိ အောင်ကျော်တိုး နှင့်အသက်၁၈နှစ်ရှိသက်နိုင်ဦးတို့အားဖမ်းဆီးမိခဲ့ကြောင်းသိရသည်။
  • ဧရာဦးစစ်ဆင်ရေးအရရှာဖွေဖမ်းဆီးနေသလိုပြည်သူတွေသတင်းပေးလို့သတင်းအရသိရှိကြရင်လည်းချက်ချင်း သွားရောက်ဖမ်းဆီးနေပါတယ်  ဟုမိုးညှင်းမြို့မရဲစခန်းဒုစခန်းမှူးရဲအုပ်ညွှန်လှိုင်ကပြောသည်။
  • အဆိုပါဖမ်းဆီးမှုအတွက်မိုးညှင်းခရိုင်ပြည်နယ်မှုခင်းအကူဌာနစိတ်မှရဲအုပ်ကျော်မျိုးနိုင်နှင့်ခရိုင်မှုခင်းနိပ်နင်းရေး အဖွဲ့  မိုးညှင်းမြို့မရဲစခန်း၊ မူးယစ်တပ်ဖွဲ့စု(၃)မှ၊မော်ဟန်ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ ကရဲတပ်ဖွဲ့ဝင်များ  ပူးပေါင်းကာ နမ္မချီ-မော်ဟန် ကားလမ်းတွင်စောင်းဆိုင်းရှာဖွေခဲ့စဉ်ယခုကဲ့သို့ဖမ်းဆီးမိခဲ့ကြောင်းသိရသည်
  •  အဆိုပါ (၈)ဦးတို့ထံတွင်  ဘိန်းဖြူဟုယူဆသော ဖြူဝါကြားအမှုန့်အလေးချိန်(၀.၃)ဂရမ် ခန့်စီပါသောဗူး(၃)ဗူး၊ အလေးချိန်(၀.၉)ဂရမ်၊သရဖူတံဆိပ်အဖုံးပါအဖြူရောင်ဗူးနှင့်ထည့်ထားသောဖြူဝါရောင်အမှုန့်(၂.၅)ဂရမ်ခန့်စီပါသောဗူး(၂)ဗူး စုစုပေါင်းအလေးချိန်(၅.၉)ဂရမ်၊  ကမ္ဘာလုံးတံဆိပ်ပါအပြာရောင်ကပ်ခွာအိတ်နှင့်ထည့်ထားသော ပန်းရောင်စိတ်ကြွ ဆေးပြား (၉၅)ပြား အလေးချိန်(၉.၅)ဂရမ်ခန့်၊ဖြူဝါကြားအမှုန့်အလေးချိန်(၀.၃)ဂရမ်ခန့်စီပါသောဗူး(၈)ဗူး  အလေးချိန် (၂.၈)ဂရမ်၊ဖြူဝါကြား အမှုန့် (၀.၁)ဂရမ်ပါ (၁)ဗူးတို့ကိုဖမ်းဆီးမိခဲ့ကြောင်းသိရသည်။
  • မူးယစ်ဆေးများနှင့်အတူဖမ်းဆီးမိခဲ့သော   ဦးဖိုးသာနှင့်မောင်မောင်ဌေးတို့ကို  မယ(ပ)  ၁၈၈ မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ) /၂၁ ဖြင့် ၎င်း၊လင်းဇော်မျိုးနှင့်ဟိန်းထက်အောင် တို့ကို မယ (ပ)၁၈၉  မူးစိတ်ပုဒ်မ၁၅/ ၁၉(က)/၂၁ ဖြင့် ၎င်း၊သက်နိုင်ဦးဆိုသူ အား မယ(ပ)၁၉၀ မူးစိတ်ပုဒ်မ၁၅/၁၆(ဂ)  ဖြင့် ၎င်းအောင်စိုးဆိုသူ အား (ပ)၁၉၁  မူးစိတ်ပုဒ်မ ၁၅/၁၉(က)  အောင်ကျော်တိုးနှင့်သက်နိုင်ဦး တို့အား  (ပ)၁၉၂  မူးစိတ်ပုဒ်မ ၁၅/၁၉(က)  /၂၁  ဖမ်းဆီးအရေး ယူထားကြောင်း မိုးညှင်းမြို့နယ်ရဲစခန်းမှသိရသည်။
သီဟ-

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ