မြစ်ကြီးနားမြို့တွင် ပထမအကြိမ်မြတ်ဆရာပူဇော်ပွဲကျင်းပမည်

                    မြစ်ကြီးနားမြို့တွင် ပထမအကြိမ်မြတ်ဆရာပူဇော်ပွဲကျင်းပမည်
EPN
မြစ်ကြီးနား   ဒီဇင်ဘာ ၁၁

  •       ကချင်ပြည်နယ်ပညာရေးမှူးရုံး၌တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားဆရာကြီး ဆရာမကြီးများ အား ပြည်နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ မြစ်ကြီးနားခရိုင်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ မြစ်ကြီးနား မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိအခြေခံပညာအထက်တန်း အလယ် တန်း မူလတန်းကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများစုပေါင်း၍ ပထမအကြိမ်မြတ်ဆရာပူဇော်ပွဲကို ဒီဇင်ဘာ ၁၂ ရက်(အင်္ဂါနေ့) မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက် တန်းကျောင်း ရွှေသွေးခန်းမ၌ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
  •       ယခုအကြိမ်၌ အငြိမ်းစားဆရာကြီး ဆရာမကြီး ၄၅ ဦးကိုပူဇော်ကန်တော့ရန်စီစဉ်ထားပြီး ယင်း တို့အနက်အသက်အကြီးဆုံးမှာ ပြည်နယ်ပညာရေးမှူး(စစ်ဆေးရေး) အဖြစ် ၁၉၈၈ ခုနှစ်မှ ၁၉၉၂-၉၃ ပညာသင်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမကြီး ဒေါ်ခင်ထွေးဖြစ်ကြောင်း ပူဇော်ပွဲဖြစ်မြောက် ရေးအဖွဲ့အတွင်းရေးမှူးပြည်နယ်ပညာရေးမှူးရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဦးမင်းဦးကပြော သည်။
  •       ယခုနှစ်ပူဇော်ပွဲသို့ အငြိမ်းစား ဆရာကြီး ဆရာမကြီး ၃၈ ဦးတို့က ကိုယ်တိုင်တက်ရောက် အပူ ဇော်ခံကြမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့်မတက်ရောက်နိုင်သူ ခုနစ်ဦးတို့ကို နီးစပ်ရာ ဘဏ်မှ တစ်ဆင့် ကန်တော့ငွေများလွှဲပြောင်းပေးပို့သွားမည်ဟုသိရသည်။
                                               ဦးဝင်းအောင်
                               

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ