ကချင်အထူးဒေသ(၁) ပန်ဝါ အထက်တန်းကျောင်း၌ ခရစ်စမတ်ပွဲကို စည်းကားစွာကျင်းပ
ကချင်အထူးဒေသ(၁) ပန်ဝါ အထက်တန်းကျောင်း၌ ခရစ်စမတ်ပွဲကို စည်းကားစွာကျင်းပ
EPN
ပန်ဝါ ဒီဇင်ဘာ ၁၁
- ကချင်အထူးဒေသ (၁) ပန်ဝါမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ခရစ်စမတ်ပွဲတော်ကို ဒီဇင်ဘာ ၁၁ရက်နေ့ နံနက် ၁၀ အချိန်မှ စတင်၍ စည်းကားစွာ ကျင်းပခဲ့ကြောင်းသိရသည်။
- ထိုသို့ကျင်းပရာအခန်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထွဋ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃) စစ်ဗျူဟာမှ ခေတ္တစစ်ဗျုဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာများ၊ ကျောင်း ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ ဒေသခံကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း ၂၀၀ ကျော်ခန့်တက်ရောက်ခဲ့ကြောင်း ယင်းအခမ်းအနားမှ သိရသည်။
- အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးဦးညွန့်ဝေမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း ပန်ဝါမြို့ပေါ်ရှိ LBC ၊ KBC ၊ AG ၊ RCM အသင်းတော်များမှ သင်းအုပ်ဆရာများ ဆုတောင်းဆက်ကပ်ခြင်း၊ ဂုဏ်တော်ချီးမွန်းခြင်း ၊ ကျမ်းစာဖတ်ခြင်း နှင့်ပြည့်စုံဆုတောင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား/သူ တိုင်းရင်းသား ရိုးရာ အဆို အက တေးသရုပ်ဖော်များဖြင့် တင်ဆက်ကပြ၍ တက်ရောက်လာသူများအား ကြာဇံ ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ရကြောင်းသိရသည်။
- ကချင်အထူးသေဒသစ် ပန်ဝါမြို့တွင် ဒေသခံဘာသာရေးပွဲများ နှင့် ရိုးရာနေ့ထူးနေ့မြတ်ပွဲများကို နှစ်စဉ် စည်းကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိသည်။





Comments
Post a Comment