ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး အလှူတော်ငွေပေးအပ်
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး အလှူတော်ငွေပေးအပ်
EPN
မိုးညှင်း ဒီဇင်ဘာ ၉
သီဟ
EPN
မိုးညှင်း ဒီဇင်ဘာ ၉
- ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးပြန်လည်နေရာချထားရေး နှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် မိုးညှင်းခရိုင်အတွင်းရှိအလှူရှင်များ၏ အလှူငွေပေး အပ်ပွဲကို ဒီဇင်ဘာ(၈)ရက်နေ့နေ့လည်၂နာရီအချိန်က မိုးညှင်းမြို့ စိမ်းလဲ့ရတနာ ခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
- အဆိုပါ အခမ်းအနားတွင် မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် စေတနာအရင်းခံပြီးလာရောက်ကာပေးအပ်လှူဒါန်းကြဖြင့် ကျေးဇူးတင်ကြောင်းပြောခဲ့ သည်။
- “ ကျွန်တော်တို့ဝန်ထမ်းတွေက ပြည်သူတွေလောက်လှူဒါန်းနိုင်ကြပါဘူး ဒါကြောင့် အလှူရှင်တွေ ကို နိုးဆော် အသိပေးခဲ့တာပါ ၊သူတို့လှူဒါန်းကြတဲ့ အလှူငွေတွေကို မြစ်ကြီးနားက တာဝန်ရှိသူတွေထံ နေ့ချင်း လွဲပြောင်း ပေးခဲ့ပါတယ် နောက်ထပ်လှူဒါန်း လိုသူတွေကိုလည်း ဒီဇင်ဘာ ၁၀ရက်နေ့ ညနေ ပိုင်းအထိလာ ရောက်လှူဒါန်းနိုင်ပါတယ်ဟု မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူးဦးခင်မောင်လေးကပြောသည်။
- အဆိုပါ လှူဒါန်းမှု အတွက် ၊မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် လုံးခင်း-ဖားကန့်ဒေသမှ ကျောက်မျက် လုပ်ငန်းရှင်များမှ ကျပ် (၁၀၀.၀၀) သိန်း ၊ဖားကန့်မြို့နယ် ယစ်မျိုးလုပ်ငန်းရှင်များမှ ကျပ် (၃၅.၁၀) သိန်း ၊ ၊ဖားကန့်မြို့နယ် သဲကျောက်လုပ်ငန်းရှင်များမှ (၁၅.၁၀) သိန်း လမ်းဦးစီးဌာနမှစီစဉ်သည့်ကုမ္ပဏီအလှူရှင်များ (၄၇.၀၀)သိန်း၊ လျှပ်စစ်ဌာမှ စီစဉ်သည့် ကုမ္ပဏီအလှူရှင်များကကျပ် (၃၈.၀၀)သိန်း၊ နမ္မချီမှော်လုပ်ငန်းရှင် များက (၃၅.၀၀) သိန်း၊မိုးညှင်း(၁)မှသီးသန့်အလှူရှင်က(၉.၀၀)သိန်း၊ဖားကန့်ဒေသ သီးသန့်အလှူရှင်က (၁၀.၀၀)သိန်း၊ ကာမိုင်းမြို့နယ်မှလာရောက်လှူဒါန်းငွေ (၂၆.၆၅)သိန်းမိုးညှင်း(၂)အလှူရှင်က ကျပ်(၇.၀၀) သိန်း မိုးညှင်းခရိုင်အဆင့်ဆင့်ဌာနဆိုင်ရာများကျပ်(၂၇.၁၆၄)သိန်း၊မိုးညှင်းမြို့နယ်လုပ်ငန်းအဖွဲ့ (၂၅၈.၄၇၉) သိန်း၊မိုးကောင်းမြို့နယ်လုပ်ငန်းရှင်အဖွဲ့က (၅၀.၀၀)သိန်း ၊ဖားကန့်မြို့နယ်လုပ်ငန်းရှင်အဖွဲ့က (၃၇၅.၀၀)သိန်း စုစုပေါင်းကျပ်(၁၀၃၃.၃၉၃)သိန်းတို့ကို အဆိုပါအခန်းအနားမတိုင်မီကမိုးညှင်းမြို့နယ်ထွေအုပ်ရုံးသို့ပေးပို့လှူ ဒါန်းထားခဲ့ကြကြောင်း သိရသည်။
- အဆို အခမ်းအနားတွင် ရရှိခဲ့သော မိုးညှင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် မိုးညှင်းမြို့နယ် မှုခင်းသတင်းထောက်များအဖွဲ့ တို့မှ လှူဒါန်းငွေ အပါအ၀င် အရပ်သား အလှူရှင်များ၏ အလှူတော်ငွေကျပ်-၁၄သိန်း၎သောင်း (၁၄.၄၀၀)သိန်း ကို ရရှိခဲ့ပြီး စုစုပေါင်း အလှူငွေ ကျပ် (၁၀၄၇.၇၉၃ )သိန်းကို ကချင်ပြည် နယ်မြစ်ကြီးနားမြို့ ပြည်တွင်းအခွန်ဦးစီးဌာနတာဝန်ခံအရာရှိထံသို့ မြန်မာ့စီးပွားရေးဘဏ်မှ နေခြင်းပြီး လွဲပြောင်းပေးအပ်ခဲ့ကြောင်းမိုးညှင်းခရိုင်ထွေအုပ်ရုံးကသိရသည်။
- စက်တင်ဘာနှင့်အောက်တိုဘာလတွင် ဖားကန့်မြို့နယ်အလှူရှင်များကလည်း အလှူတော်ငွေကျပ် (၃၅၆၃)သိန်း တို့ကို ပေးအပ်လှူဒါန်းခဲ့ကြသေးကြောင်းသိရသည်။
သီဟ


Comments
Post a Comment