ဆားမှော်ကျေးရွာတွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ဆားမှော်ကျေးရွာတွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
EPN
မိုးကောင်း၊ ဒီဇင်ဘာ ၇
ပုံ၊ မိုးကောင်းမြို့မရဲစခန်း
EPN
မိုးကောင်း၊ ဒီဇင်ဘာ ၇
- မိုးကောင်းမြို့နယ်ဆားမှော်ကျေးရွာဆွတ်ငိုင်ရပ်ကွက်နေ ကျော်စိုးလွင်(ခ)ပေါက်စီလုံးနေအိမ်တွင် ဒီဇင်ဘာလ ၇ရက်နေ့ နံနက်၇း၃၀နာရီက နေအိမ်အောက်ရှိ ထင်းပုံကြားမှ မူးယစ်ဆေးဝါးများရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
- ကချင်ပြည်နယ်မိုးကောင်းမြို့တွင် ဧရာဦးစစ်ဆင်ရေးစီမံချက်ဖြင့် မူးယစ်ဆေးဝါးသတင်းအရ မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင်ရဲအုပ်ဇော်ဝင်းဦးစီး၍ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ ဆွတ်ငိုင်ရပ်ကွက်နေကျော်စိုးလွင်(ခ)ပေါက်စီလုံး(၃၈)နှစ်နေအိမ်အားသတင်းအရရှာဖွေခွင့်ဝရမ်းအမှတ်(၁၃၁/၂၀၁၇)ဖြင့်ဝင်ရောက်ရှာဖွေရာဘိန်းဖြူ ဟုယူဆရသောဖြူ ဝါမှုန့်(၉.၈)ဂရမ်ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ ကြောင်းသိရသည်။
- "လွန်ခဲ့တဲ့နှစ်ပထမတစ်ကြိမ်ဝင်ရှာတုန်းကမတွေ့ဘူး။ ခုကပြန်ရောင်းနေတယ် ကြားလို့ ဝင်ရှာတာ ကျော်စိုးလွင်ကိုတွေ့တော့ ဝင်လုံးနေတုံးသူ့ဇနီး မမေဇင်ဦး(၁၈)နှစ် ကနောက် ကနေ တွန်းလိုက်တော့တရားခံကထွက်ပြေးသွားတာမမိလိုက်ဘူး"ဟု တသရဲထွဋ်နိုင်မှပြောသည်။
- ဖြစ်စဉ်နှင့်ပတ်သက်၍တရားခံမမေဇင်ဦး(၁၈)နှစ်ကို မိုးကောင်းမြို့မရဲစခန်းမှ မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/ ၁၉ (က) / ၂၁/ကျင့်၅၁၂ ဖြင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။
ပုံ၊ မိုးကောင်းမြို့မရဲစခန်း

Comments
Post a Comment