ဆဌမအကြိမ်မြောက် ဗန်းမော်ခရိုင်လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာဓမ္မစကူးလ်နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပ
ဆဌမအကြိမ်မြောက် ဗန်းမော်ခရိုင်လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာဓမ္မစကူးလ်နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပ
EPN
ဗန်းမော် ဒီဇင်ဘာ ၂၃
  •       ကချင်ပြည်နယ် ဗန်းမော်မြို့ တွင်သိမ်မဟာပရိယတ္တိစာသင်တိုက် ၏ဦးစီးပဓာနနာယက(အဂ္ဂမဟာန္တဝါစကပဏ္ဍိတ) ဘဒ္ဒ န္တပညိန္ဒာလင်္ကာရ ဦးစီး၍ ဆဌမ အကြိမ်မြောက် ဗန်းမော်ခရိုင်လုံးဆိုင်ရာယဉ်ကျေးလိမ္မာဓမ္မစကူးလ် နည်းပြသင်တန်း ဖွင့်ပွဲကို ဒီဇင်ဘာ၂၃ ရက်နေ့ နံနက် ၈ နာရီ ကအဆိုပါကျောင်းတိုက် ဓမ္မမာမကရတနာ ရွှေကျောင်းတော်၌ ကျင်းပခဲ့သည်။
  •         အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီးကာရတနာမြတ်သုံးပါးနှင့်မိဘဆရာသမားတို့ အားရှိခိုး ကန်တော့ကြ၍ မြို့ နယ်သံဃ နာယကအဖွဲ့  ဥက္ကဌဘဒ္ဒန္တကေသဝ ထံမှငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီး ၏ သြဝါဒကိုခံယူ ကြည်ညိုခဲ့ကြသည်။
  •        ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့ က ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်၍ မဟာသိမ်တော်ကြီးပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ကသင်တန်းသားသင်တန်းသူများနှင့်ပတ်သက်၍ သြဝဒကထာ  ချီးမြှင့်ခဲ့  ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားဦသိန်းလွင်တို့ ကဆရာတော်ကြီးများ အားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြကာဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ကို ရုပ်သိမ်းခဲ့ ကြသည်။
  •     မျိုးဆက်သစ် လူငယ်မောင်မယ်များဗုဒ္ဓဘာသာတရားတော်မြတ် ကိုရိုသေကိုင်းရှိင်းလိုက်နာလာတတ်စေရန်နှင့် လူငယ်များယဉ်ကျေးလိမ္မာလာစေရန် အတွက်သင်ကြားပေးရန် ဒီသင်တန်းကိုတက်ရောက်ခဲ့ရ ပါကြောင်း။ သင်တန်း ကာလအတွင်း နေရေးထိုင်ရေးစားသောက်ရေးကိုနာယကဆရာတော်ကြီးနှင့်ကုသိုလ်ရှင်များကတာဝန်ယူပါကြောင်း  ဒေါ့ဖုန်းယန်မြို့ နယ်ခွဲမှ တက်ရောက်လာသူ မမြအေးက ပြောပြသည်။
         နန်းရီ
Comments
သတင်းခေါင်းစဉ်များ
မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး
ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး
ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု
မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ