သံဃာများနှင့်သီလရှင်များကိုအခမဲ့ ကားစီးနှင်းခွင့် ပေးမည်

သံဃာများနှင့်သီလရှင်များကိုအခမဲ့ ကားစီးနှင်းခွင့် ပေးမည်
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၂

  • အဝေးပြေးယာဉ်လိုင်းပြေးဆွဲလျှက်ရှိသော ဂျိန်းဖောရွေမြေယာဉ်လိုင်းတွင် သံဃာများနှင့်သီလရှင်များကိုအခမဲ့ ရာသက်ပန် ကားစီးနှင်းခွင့် ပေးမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ရှိ ဂျိမ်းဖောရွှေမြေဂိတ်၏ ဂိတ်မှုးထံမှ သိရသည်။
  • အဆိုပါဂိတ် ပြေးဆွဲနေသည့် ခရီးစဉ်များမှာ မြစ်ကြီးနား-တန့်ဆည်-ရေဦး-မုံရွာ-မင်းတိုင်ပင် ခရီးစဉ်နှင့် မင်းတိုင်ပင်-ပုလဲ-မုံရွာ -တနိုင်း- ခရီးစဉ်၂ခုဖြစ်ပြီးမြစ်ကြီးနား-မန္တလေး -နေပြည်တော်ခရီးစဉ်ကို ယခုလ ၁၈ရက် နေ့တွင် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
  • ``ဒီနှစ် နိုဝင်ဘာလကစပြီး ရာသက်ပန် အလကား စီးနှင်းခွင့်ပေးတာပါ အဓိက ကတော့ဗုဒ္ဓဘာသာ အနေနဲ့ ရဟန်းသံဃာတွေကို လှူဒါန်းသင့်တယ်ထင်လို့ပါ မလှူနိုင်ရင် ဈေးရောင်းဆိုတဲ့ စကားပုံလို့ပေါ့´´ဟု အဆိုပါဂိတ်မှဂိတ်မှုး ဦးလှမျိုးနိုင်ကပြောသည်။
  • မြစ်ကြီးနား-တန့်ဆည်-ရေဦး-မုံရွာ-မင်းတိုင်ပင် ခရီးစဉ်(၂၅၀၀၀ကျပ် )ကို ကားမီးခကျပ် ၂၅၀၀၀ကျပ်  ဖြင့်လည်းကောင်း၊ပြေးဆွဲလျှက်ရှိကြောင်းသိရသည်။
  •  အဆိုပါတိုက်ရိုက် ခရီးစဉ်များအားလုံးကို Express ကားများဖြင့်သာ ပြေးဆွဲမည်ဖြစ်ပြီး မြစ်ကြီးနားမြို့ နယ်အတွင်းတွင် ရဟန်းသံဃာ၈၄၄ပါး၊သာမဏေကိုရင် ၄၂၅ပါးရှိပြီး၊သီလရှင်၆၆ပါးရှိကြောင်း မြစ်ကြီးနား ခရိုင် သာသနာရေးရုံး၏ မှတ်တမ်းများ အရသိရသည်။
                                            မီးမီး

                                           

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ