မိုးကောင်းမြို့နယ်သစ်တောဦးစီးဌာနကသက်တမ်းလွန်ပုဂ္ဂလိကပိုင်ဆင်များကိုသက်တမ်းတိုးမြှင့်ပေးခြင်း လုပ်ငန်း ဆောင်ရွက်မည်
မိုးကောင်းမြို့နယ်သစ်တောဦးစီးဌာနကသက်တမ်းလွန်ပုဂ္ဂလိကပိုင်ဆင်များကိုသက်တမ်းတိုးမြှင့်ပေးခြင်း လုပ်ငန်း ဆောင်ရွက်မည်
EPN
မိုးကောင်း ဒီဇင်ဘာ ၆
- မိုးကောင်းမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံးက ရုံး၏အုပ်ချုပ်မှုအောက်ရှိ မိုးကောင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့မှ ပုဂ္ဂလိကပိုင်ဆင် ၁၇၅ ကောင်အနက် သက်တမ်းလွန် ပုဂ္ဂလိကပိုင်ဆင်များအတွက် ဆင်မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁၇ ရက်မှစတင်၍ ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်ပေးမည်ဟု အသိပေးကြေညာထားကြောင်းသိရသည်။
- အထက်ပါမြို့နယ်နှစ်မြို့နယ်တို့တွင် စာရင်းအရ သက်တမ်းလွန် ပုဂ္ဂလိကပိုင်ဆင်ကောင်ရေ ၁၃၂ ကောင် ရှိသော်လည်း ဒီဇင်ဘာ၆ရက်အထိဆင်မှတ်ပုံတင်သက်တမ်းလာရောက်တိုးမြှင့်ဆောင်ရွက်သူတစ်ဦးမှမရှိသေး ကြောင်း သတ်မှတ်ရက်အတွင်း သက်တမ်းတိုးလာရောက်ခြင်း မရှိသောဆင်များအား ဆင်မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း မိုးကောင်းမြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးကပြောသည်။
- နှစ်မြို့နယ်လုံးရှိသစ်တောဘိနယ်များအနက် ပုဂ္ဂလိကပိုင်ဆင်ကောင်ရေအများဆုံးရှိသည့်ဘိနယ်မှာ မိုးကောင်းမြို့နယ် နမ္မတီးသစ်တောဘိနယ်ဖြစ်ပြီး ဆင်ကော်မတီကိုစနစ်တကျဖွဲ့စည်းထားကြောင်း ဆင် ကော်မတီရှိသည့်အတွက် ယင်းကော်မတီမှတစ်ဆင့်ဆင်ပိုင်ရှင်များထံအကြောင်းကြားထားကြောင်း ဆင် မှတ်ပုံတင်ပယ်ဖျက်ခြင်းခံရပါက ဆင်ပိုင်ရှင်နှင့်ဆင်ကို ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ရမည်ဖြစ်ရာ ရုံးသို့ အချိန်မီ လာရောက်ဆက်သွယ် ၍ ဆင်မှတ်ပုံတင်သက်တမ်းတိုးမြှင့်ကြရန် လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
-

Comments
Post a Comment