“ရွှေမဉ္ဖူရေလယ်ဘုရားကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းအသစ်လှူဒါန်းမည်”
“ရွှေမဉ္ဖူရေလယ်ဘုရားကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းအသစ်လှူဒါန်းမည်”
EPN
မိုးညှင်း ဒီဇင်ဘာ ၂၃
(သီဟ)
EPN
မိုးညှင်း ဒီဇင်ဘာ ၂၃
- ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရှိ နိုင်ငံတော်အဆင့် စာရင်းဝင် သမိုင်းဝင် ရွှေမဉ္ဖူ ရေလယ် ဘုရားကြီးကို ရွှေသင်္ကန်းတော်အသစ် ပြန်လည်ကပ်လှူမည်ဖြစ်ကြောင်းသိရသည် ။
- အဆိုပါ ရေလယ်ဘုရားကြီး ကို ၂၀၁၆ခုနှစ်တွင်ပထမအကြိမ် ကပ်လှူခဲ့ကြပြီး ယခုနှစ်တွင်ဒုတိယအကြိမ် ပြန်လည်လှူဒါန်းကြမည်ဖြစ်ကြောင်းမိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင်ကပြောသည်အရင်ကရွှေသင်္ကန်းကပ်လှူခဲ့ တာဟာဖြင့် (၁၁)နှစ်တိုင်အောင်ကြာခဲ့ပါပြီ ။ ယခုအချိန်မှာ အဲဒီရွှေသင်္ကန်းတွေက အရောင်အ၀ါမှေးမှိန်နေကြပြီဖြစ်လို့ ရှေမဉ္ဖူရေလယ်ဘုရားကြီး ရဲ့ ထီးတော်နဲ့ စေတီတော်တွေ အားလုံး အပါအ၀င် လုံးတော်ပြည့် ရွှေသင်္ကန်းအသစ် ကပ်လှူ ပူဇော် နိုင်ဖို့ ဆောင်ရွက်နေကြတာပါ ။ ရွှေသင်္ကန်းတော်ကပ်လှူပူဇော်လိုပါက တစ်ဦးခြင်းဖြစ်စေ မိသားစုလိုက်ဖြစ်စေ သဒ္ဒါစိတ် တတ်စွမ်းသမျှပါဝင်လှူဒါန်းနိုင် ပါတယ် ဟု မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင်ကပြောသည်။
- မိုးညှင်းမြို့နယ် သံဃာနာယကအဖွဲ့ဝင်ဆရာတော်ဘဒ္ဒန္တတေဇနိယက ဦးဆောင်ပြီး ဆရာတော်များ ဘုရားကြီး ဂေါပကများမှ ပြင်ဆင်နေကြပြီး မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်တို့က ဘုရားဖူးများစိတ်ချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်ရေးအတွက် ရည်ရွယ်ပြီး ဘုရားပွဲတော်စတင်ကျင်းပမည့် ၂၀၁၈ခုနှစ် ဇန်န၀ါရီ၂၂ရက်နေ့မတိုင်မှီပြီးစီးအောင် ကြီးကြပ်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသိရသည်။
- အဆိုပါအင်းတော်ကြီးရေလယ်ဘုရားကြီး၏လုံးတော်ပြည့်ရွှေသင်္ကန်းအသစ်ကပ်လှူရာတွင် ဘုရားကြီး ထီးတော် အတွက် (၂)လက်မပတ်လည် ရွှေဆိုင်း အရွက်(၁၀၀)ပါ အဆိုင်း(၅၀)၊ပင်မစေတီတော်အတွက် (၂)လက်မ ပတ်လည် ရွှေဆိုင်း အရွက်(၁၀၀)ပါ ၊အဆိုင်း(၃၉၄၀) ၊အရန်စေတီငယ်(၈)ဆူ အတွက် (၂)လက်မပတ်လည် ရွှေဆိုင်း အရွက်(၁၀၀) ပါ အဆိုင်း(၁၂၈)၊ အရန်စေတီအလတ် (၂၄)ဆူ အတွက် (၂)လက်မပတ်လည် ရွှေဆိုင်း အရွက်(၁၀၀)ပါ အဆိုင်း(၅၀၄)၊
- အရန်စေတီအကြီး (၄)ဆူ အတွက် (၂)လက်မပတ်လည် ရွှေဆိုင်း အရွက်(၁၀၀)ပါ အဆိုင်း(၁၄၈)၊ ရင်ပြင်တော် အရန် စေတီ်(၄)ဆူ အတွက် (၂)လက်မပတ်လည် ရွှေဆိုင်း အရွက်(၁၀၀)ပါ အဆိုင်း(၄၈၀)၊စုစုပေါင်းရွှေဆိုင်း-၄ထောင် ၈ ရာ အဆိုင်းကိုဘုရားပွဲတော်မစတင်မှီ အချိန်ကိုက်ဆက်ကပ်လှူပူဇော် သွားကြမှာဖြစ်ကြောင်း မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးကပြောသည်။
- မြန်မာတစ်နိုင်လုံးရှိ လှူဒါန်းလိုသူ အလှူရှင်များက (၂)လက်မပတ်လည် ရွှေဆိုင်း အရွက်(၁၀၀)ပါတစ်ဆိုင်းကို ကျပ်၅သောင်း၎ထောင်ဖြင့်ပါဝင်လှူဒါန်းနိုင်ရန်အတွက် မိုးညှင်းမြို့နယ် သံဃနာယကအဖွဲ့ဝင် ချောင်းဝဆရာတော် ဘဒ္ဒန္တတေဇနိယ ၏ ဖုန်း -၀၉ ၄၇၀၀၇၄၃၅ ၊ ဘုရားကြီးဂေါပက ဦးတင်အောင် ၏ ဖုန်း ၀၉ ၂၅၇၅၄၁၇၆၄ မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူးဦးခင်မောင်လေး ၏ဖုန်း ၀၉-၈၉၆၇၀၆၂၁၂မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင် ၏ဖုန်း ၀၉ ၂၂၁၀၈၆၃
- တို့ကိုဆက်သွယ်ပြီးလူကိုယ်တိုင်ဖြစ်စေတယ်လီဖုန်းဖြင့်ဖြစ်စေဆက်သွယ်လှူဒါန်းနိုင်သည် ဟု ကြေငြာထားကြောင်းသိရ သည်။
(သီဟ)

Comments
Post a Comment