လူထုဗဟိုပြု ကင်ပိန်းပြုလုပ်

လူထုဗဟိုပြု ကင်ပိန်းပြုလုပ်

EPN
မိုးကောင်း ဒီဇင်ဘာ ၂၆
  • ကချင်ပြည်နယ်မိုးကောင်းမြို့နယ်ပင့်သာကျေးရွှာတွင် စိုက်ပျိုးရေး မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဒီဇင်ဘာ ၂၄ တွင် လူထုဗဟိုပြု စီမံကိန်းကို ``ကျေးလက်လူထုအခြေပြု ဖွံ့ဖြိုးမှုကို တို့ရှေးရှူ ´´ခေါင်းစဉ်ဖြင့်ကင်ပိန်းလာလုပ်ကြောင်း သိရသည်။
  • ကချင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း၁၈မြို့နယ်ရှိပြီး မိုးကောင်းမြို့နယ်မှာ ဦးစွာပထမအကြိမ်အဖြစ် ပင့်သာကျေးရွှာမှ စတင်ဆောင်ရွက်နေကြောင်း သိရသည်။
  • လူထုဗဟိုပြု စီမံကိန်းကို(NCDDP)ကို နိုင်ငံတော် အစိုးရ ဘတ်ဂျက် ကမ္ဘာ့ဘဏ် အီတလီအစိုးရနှင့် ဂျပန် အစိုးရ တို့၏ ရန်ပုံငွေများစုစုပေါင်းရန်ပုံငွေ အမေရိကန်(၅၄၃)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွှက်မည်ဖြစ်သည်။
  • ကျေးလက်နေပြည်သူများအတွက် အဓိကကျ သော အခြေခံအဆောက်အအုံများနှင့်ဝန်ဆောင်မှုများကို လူထု ဗဟိုပြု ချဉ်ကပ်နည်းအသုံးပြုပြီး ကျေးလက်နေပြည်သူအားလုံး အလွယ်တကူရယူ အသုံးပြု နိုင်အောင် ထောက်ပံ့ပေး မည်ဖြစ်သည်။
  • အဆိုပါကင်ပိန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမ(ှ၆)ဦး လူထုဗဟိုပြု နည်းပညာအကြံပေး (၅)ဦး လူထုစည်းရုံးရေးမှူး(၂၀) လူထုနည်းပညာအင်ဂျင်နီယာ(၁၃) အကူ(၂)ဦး စုစုပေါင်း(၄၆)ဦးတို့က ပထမအကြိမ် အဖြစ် ပူးပေါင်းဆောင်ရွှက်ကြသည်။
  • ၎င်းလှုပ်ရှားတွင် လူထုကိုယ်တိုင် ပါဝင်ဆောင်ရွှက်ခွင့်ရခြင်း လိုအပ်ချက်များကိုတင်ပြခွင့်ရခြင်းနှင့် ဦးဆောင် အကောင်အထည်ဖော်ခွင့်ရခြင်းတို့ကို သိရှိစေရန်နှင့်ပူးပေါင်းဆောင်ရွှက်တက်စေရန်ဖြစ်သည်။
  • လူထုဗဟိုပြု နည်းလမ်းကိုအသုံးပြု ၍ အကောင်အထည်ဖေါ်မည်ဖြစ်သည့်အတွက် လူထု၏လုပ်ဆောင်နိုင်စွမ်း   များ တိုးတက်လာစေရန်လည်း လေ့ကျင့်ပေးမည်ဖြစ်သည်။ အကောင်အထည်ေ်ပြီးနောက် ရှိလာသည့်ရလဒ်များကို ပြန်လည်ဆန်းစစ်ခြင်းအားဖြင့် စီမံကိန်းအကျိုးခံစားခွင့်ရသူအားလုံးအတွက် အမှန်တကယ်ထိရောက်မှုရှိ မရှိတိုင်း တာမည်ဖြစ်သည်။
  • စီမံကိန်းအကောင်အထည်ဖော်ခြင်း နည်းလမ်းများအနက် ကျေးရွှာလူထုအတွက် အသင့်တော်ဆုံးဖြစ်မည့် နည်းလမ်းများအား ရွှေးချယ်၍ ပိုမိုကောင်းမွန်အောင် ဖန်တီးပေးခြင်းဖြင့် ကျေးရွှာလူထုကိုယ်တိုင် ကျေးရွှာ၏ လိုအပ်ချက် များကို လေ့လာသုံးသပ်လာပြီး ထိုလိုအပ်ချက်များကို အထိရောက်ဆုံး ဖြည့်ဆည်းနိုင်ရေးအတွက် အရေးကြီး ကိစ္စရပ်များကို ဦးစားပေးစီစဉ်ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။ဒါကြောင့် ကျေးလက်နေပြည်သူများ ငွေကျေးသုံးစွဲမှု အပေါ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန်အတွက် ယခုလိုကင်ပိန်းများပြု လုပ်နေကြောင်း သိရ သည်။
  • နောက်နှစ်များတွင် ပူတာအိုမြို့နယ်နှင့်ရွှေကူမြို့နယ်များပါ ဆက်လက်တိုးချဲ့လုပ်ကိုင်နိုင်ရန်စီစဉ်ထားရှိကြောင်း ကျေးလက်ဦးစီးမှူး ဦးနေသူရိန်စိန်လှ ပြောပြသည်။
  • မိုးဟိန်း

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ