ရှမ်းတိုင်းရင်းသားများ၏ရိုးရာအစားအစာ“ဆီတိုဟူး”ကို မိရိုးဖလာနည်းပညာအတိုင်းသာပြုလုပ်နေ ကြဆဲ
ရှမ်းတိုင်းရင်းသားများ၏ရိုးရာအစားအစာ“ဆီတိုဟူး”ကို မိရိုးဖလာနည်းပညာအတိုင်းသာပြုလုပ်နေ ကြဆဲ
EPN
ဟိုပင် ဒီဇင်ဘာ ၅
- ကချင်ပြည်နယ်ဟိုပင်မြို့၊တကွင်းကျေးရွာတွင်ရှမ်းတိုင်းရင်းသားများ၏ရိုးရာအစားအစာတစ်ခုဖြစ်သောဆီတိုဟူးကိုရှေးယခင်းကရှမ်းလူမျိုးများ၏လက်ဆင့်ကမ်းခဲ့သောမိရိုးဖလာနည်းပညာအတိုင်းသာယခုအချိန်ထိပြုလုပ်နေကြဆဲဖြစ်သည်ဟုသိရသည်။
- ဆီတိုဟူးပြုလုပ်ရာတွင်းအဓိကအသုံးပြုသည်မှာ“ပဲငပိ”ဖြစ်ပြီး၊ပါဝင်သည့်ပစ္စည်းများမှာဆား၊ငရုပ်မှုန့်နှင့် ဆန်အရက်တို့ဖြစ်ကြောင်း၊ပထမဆုံးပဲငပိကိုပွလာအောင်တစ်ညရေစိမ်ရပြီး၊ပွလာပါကကြိတ်စက်နှင့်ကြေသွား အောင်ကြိတ်ပေးရသည်ဟုအဆိုပါ လုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။
- “ကြိတ်ပြီးလို့ရလာတဲ့ပဲရည်တွေကိုကျိုချက်ပြီးမှသန့်ရှင်းတဲ့လေးထောင့်သစ်သားပုံးထဲလောင်းထည့်ပြီး လေးတဲ့အရာနဲ့ဖိထားရပါတယ်၊ခဲလာရင်လေးထောင့်သေးသေးဖြစ်အောင်ဓားနဲ့ဖြတ်ပေးပြီးသက်ကယ်ပေါ်မှာမှို ပေါက်လာတဲ့အထိခင်းထားရတယ်”ဟုဆီတိုဟူးလုပ်ငန်းလုပ် ကိုင်သူဒေါ်မပုကပြောသည်။
- မှိုပေါက်လာပါကသက်ကယ်ပေါ်မှခွာလိုက်ပြီးနှံ့အောင်မွှေပေးမည့်ပုံးထဲ့သို့ထည့်ကာလိုအပ်သည့်ပါဝင် ပစ္စည်းများကိုပေါင်းထည့်ပြီးအရသာရှိသည့်ဆီတိုဟူးဖြစ်လာ အောင်မွှေပေးရသည်ဟု၎င်းကဆက်ပြောသည်။
- ဆီတိုဟူးကိုစားသုံးသည့်အဆင့်ထိရောက်ရှိလာပါကဈေးကွက်အတွင်းသို့တင်ပို့ရောင်ချရာတွင်စစ်ကိုင်းတိုင်းအတွင်းရကသာ၊အောက်အင်းတော်၊ထန်းတပင်၊ရွှေဘိုနှင့်ခင်ဦးရေဦး၊မြစ်ကြီးနား၊မိုးကောင်းစသည့်ဒေသ များသို့အများဆုံးတင်ပို့ရောင်းချမှုများပြု လုပ်နေကြ ကြောင်းသိရသည်။
- “ကျွန်တော်ကဆီတိုဟူးပို့ဆောင်တဲ့လုပ်ငန်းလုပ်ကိုင်နေတာကြာပါပြီတစ်ရက်မှမပြတ်ဘူးနေ့တိုင်း ဟိုပင်ဘူတာကိုသွားပို့ပေးရတယ်၊အဲ့ကနေတစ်ဆင့်အထက်ပိုင်း၊အောက်ပိုင်းပို့တာကတော့သူတို့ပိုင်ရှင်တွေကစာတွေကပ်ထားပြီးသားဘဲ”ဟုဆီထိုပူးပို့ ဆောင်ပေးနေသောဦးပန်းအောင်ကပြောသည်။
- ဈေးကွက်တွင်းရောင်းချရာတွင်ဆီတိုဟူးးပုံးကြီး၊ပုံးသေးဟုနှစ်မျိုးရှိသည့်အနက်ယခုအခါပုံးသေးအချောတစ်ပုံးကို(၁၇၀၀)ကျပ်၊ပုံးသေးအကြမ်းတစ်ပုံး(၈၀၀)ကျပ်နှင့်ပုံးကြီးတစ်ပုံးကို(၂၀၀၀၀)ကျပ်ထိရောင်ချရ ကြောင်းသိရသည်။
- ရှေ့ယခင်ရှမ်းတိုင်းရင်းသားများကလက်ဆင့်ကမ်းလုပ်ကိုင်ခဲ့သောရိုးရာအစားအစာတစ်ခုဖြစ်သည့် ဆီတိုဟူးပြုလုပ်ခြင်းကိုယခုအချိန်ထိတကွင်းကျေးရွာတွင်မူလနည်းပညာအတိုင်းသာပြုလုပ်နေကြဆဲဖြစ်ပြီးကျေးရွာအုပ်စုအတွင်းအိမ်ထောင်စုတစ်ထောင်ကျော်ရှိသည့်အနက်အိမ်ထောင်စု(၂၅)စုခန့်သာအဆိုပါဆီတိုဟူးလုပ်ငန်းကိုလုပ်ကိုင်နေကြကြောင်းသိရသည်။
ချစ်သား



Comments
Post a Comment