နာတာရှည် ရောဂါတစ်ခု ဖြစ်သည့် မူးယစ်ဆေးစွဲခြင်းကို ကုသခြင်းဖြင့်ပျောက်ကင်းနိုင်
နာတာရှည် ရောဂါတစ်ခု ဖြစ်သည့် မူးယစ်ဆေးစွဲခြင်းကို ကုသခြင်းဖြင့်ပျောက်ကင်းနိုင်
EPN
မိုးညှင်း ဒီဇင်ဘာ ၂၀
- မူးယစ်ဆေးစွဲခြင်းသည် ဦးနှောက်တွင် ဖြစ်ပွားသည့် နာတာရှည်ရောဂါတစ်မျိုး ဖြစ်သော်လည်း ကုသ ပျောက်ကင်းနိုင်ကြောင်း မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်း (SARA)မှ သိရသည်။
- "ဆေးပညာအရ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်တဲ့အခါမှာ စွဲစေတဲ့ဆေးတော်တော်များများဟာ ဦးနှောက်ကို သွားပြီးတော့ ထိခိုက်စေပါတယ်။ မူးယစ်ဆေးကြောင် ဦးးနှောက်ကို သွားပြီးထိန်းချုပ်ခံလိုက်ရတဲ့အခါမှာ ဆင်ခြင်တုံတရား ကင်းမဲ့သွားပြီးတော့ မူးယစ်ဆေးရဲ့ အကျဉ်းသားဘဝ ရောက်သွားပါတယ်။ မူးယစ်ဆေးရဲ့ ထိန်းချုပ်မှုကြောင့် မသုံးရင်မနေနိုင် ဖြစ်သွားတာ ဘာကြောင့်လဲလို့ စစ်ဆေးတဲ့အခါမှာ ဦးနှောက်မှာ ပြောင်းလဲမှုဖြစ်တယ်။ ဦးနှောက်က တောင်းဆိုတာကို လိုက်လုပ်ရတဲ့အတွက် ရောဂါတစ်ခုလို့သတ်မှတ်ပါတယ။်"ဟု SARAမှ အန္တရာယ်လျော့ချရေး အရာရှိ ဒေါက်တာမင်းသစ်အောင် ကဆိုသည်။
- ကချင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် မိုးညှင်းမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးရုံးခန်းတွင် ကျင်းပပြုလုပ်သော မိဘအုပ်ထိန်းမှုပညာ အလုပ်ရုံဆွေးနွေးပွဲ၌ ဒေါက်တာမင်းသစ်အောင်က အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟုသိရသည်။
- "ခုလို ဆွေးနွေးပွဲ တက်ရောက်ခွင့်ရရှိတာ တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်ရေးတစ်ခုထက် အခုဆွေးနွေးပွဲကရတဲ့ အသိပညာတွေကို မျိုးစက်သစ်လူငယ်တွေ လမ်းမှားမရောက်အောင် လမ်းပြပေးနိုင်တော့မယ်။ လမ်းမှားရောက်နေတဲ့ မူးယစ်ဆေးသုံးစွဲပြီး နိုင်ငံတော်ကိုလဲ အကျိုးမပြုနိုင် မိဘတွေအပေါ်မှာလည်း အကျိုးမရှိ ဘာသာရေး၊ လူမှုရေးဆိုတာ နားမလည်ဖြစ်နေတဲ့ မူးယစ်သားကောင် ညီငယ်ညီမငယ်မငယ်များကို နိုင်ငံအကျိုးအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီနိုင်ဖို့ လမ်းမှန်ရောက်အောင် ပြောပြပေးနိုင်တော့မှာဖြစ်လို့ ဒီအစီစဉ်ကို ဖြစ်မြောက်အောင် ဒီလိုလုပ်ဆောင်ပေးတဲ့ သူတွေကို အထူးပဲဝမ်းသာပီတိ ဖြစ်ပြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မူးယစ်ဆေးစွဲ ဖြစ်နေတဲ့ သူတွေသူအားလုံးကို ပျောက်ကင်းနိုင်စေတဲ့ နည်းလမ်းကောင်းများ ဆွေးနွေးတိုင်ပင်ခွင့်ရှိပြီး မိမိအနေနဲ့ဆွေးနွေးပွဲမှ ရရှိသောနည်းလမ်းများကို လက်လှမ်းမီသလောက် မူးယစ်ဆေးစွဲသူများကို အကူညီပေးသွားမှာပါ။”ဟု ဆွေးနွေးပွဲ တက်ရောက်လာသူ ဒေါ်ခင်မိ မှပြောသည်။
- အဆိုပါ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး မိဘအုပ်ထိန်းမှုပညာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ (၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့များတွင် ကျင်းပပြုလုပ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments
Post a Comment