မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ခံရွာ အောင်မြင်သာရွာနှင့် မလိယန်ရွာများ၌ ဌက်ဖျားရောဂါဖြစ်သည့် လူနာတစ်ယောက်မှ မရှိတော့ဟုဆို


မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ခံရွာ အောင်မြင်သာရွာနှင့် မလိယန်ရွာများ၌ ဌက်ဖျားရောဂါဖြစ်သည့် လူနာတစ်ယောက်မှ မရှိတော့ဟုဆို

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၂
  • ဧရာဝတီ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းဒေသ ရေကာတာတည်ဆောက်ရေး ကုမ္ပဏီဖြစ်သော ACHC/SPIC ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ခဲ့ရသော ကျေးရွာများဖြစ်သည့် အောင်မြင်သာနှင့် မလိယန် ရွာ(၂)ရွာရှိ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ၄င်းဒေသတွင် အဖြစ်အများဆုံးသော ဌက်ဖျားရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို တစ်နှစ်လျှင်တစ်ကြိမ်ပြုလုပ်ပေးခဲ့ပြီး၊ ဌက်ဖျားရောဂါ စစ်ဆေးခြင်း၊ ကုသခြင်းနှင့် ဆေးပေးခြင်းများကိုလည်း အခမဲ့ပြုလုပ်ပေးခဲ့မှုများကြောင့် ကျန်းမာရေး စစ်တမ်းများအရ ၂၀၁0ခုနှစ်မှစ၍ အဆိုပါ ရွာနှစ်ရွာ၌ ဌက်ဖျားရောဂါဖြစ်ပွားသည့် လူနာတစ်ယောက်မျှ မရှိတော့ကြောင်း ဒီဇင်ဘာ(၂၁)ရက်က ၄င်းကုမ္ပဏီမှ အောင်မြင်သာရွာ၌ ဆန်ပေးဝေစဉ် ပြောကြားသည်။
  •  “အောင်မြင်သာရွာနဲ့ အနီးတဝိုက်ရွာတွေက တောနဲ့တောင်နဲ့ နီးတဲ့နေရာဒေသဆိုတော့ အဓိကက ဌက်ဖျားရောဂါ အဖြစ်များကြတာတွေ့ရတယ်။ ဒါကြောင့် ကျနော်တို့ ဌက်ဖျားရောဂါကို တိုက်ဖျက်ခဲ့ကြတာ၊ ၂၀၁0 စက်တင်ဘာလ ကတည်းက ဌက်ဖျားရောဂါဖြစ်တဲ့ လူနာတစ်ယောက်မှ မတွေ့ရတော့ဘူး။ ဒါကဒေသခံတွေအတွက် ကျနော်တို့ ကြိုးစားမှုရဲ့ရလဒ်ဖြစ်တဲ့ အောင်မြင်မှုတစ်ခုပါပဲ။” ဟု ACHC/SPIC ကုမ္ပဏီမှ မန်နေဂျာဖြစ်သူ Mr. Gao Bin ကဆိုသည်။
  • ကုမ္ပဏီအနေနှင့် ပြောင်းရွေ့ခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု အဖြစ် ဌက်ဖျားရောဂါ တိုက်ဖျက်ရေးနှင့် ကာကွယ်ရေးများ ဆောင်ရွက်ပေးသကဲ့သို့ အောင်မြင်သာကျေးရွာတွင် (၁၆)ကုတင်ဆံ့ ဆေးရုံတစ်ရုံနှင့် မလိယန်ကျေးရွာတွင် သားဖွားဆောင်တစ်ဆောင်တို့ကိုလည်း တည်ဆောက်ပေးခဲ့သည်ဟု သိရသည်။
  • “ကျနော်တို့တွေက စီမံကိန်းကြောင့် ပြောင်းရွေ့လာခဲ့ရတာပါ။ ဒါကြောင့်လည်း ကုမ္ပဏီက ကျနော်တို့ ရွာနှစ်ရွာကို အစစအရာရာ ထောက်ပံ့ကူညီမှု ပေးထားပါတယ်။ စားဝတ်နေရေးအပြင် အခြားထောက်ပံ့မှုတွေလဲ ပေးထားပါသေးတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အများကြီးပေးထားတယ်။ ဆေးရုံတို့ သားဖွားဆောင်တို့ကိုလည်း ဆောက်ပေးထားပါသေးတယ်။”ဟု အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမီတုံနော်ဂျာ ကပြောသည်။
  • ACHC/SPIC ကုမ္ပဏီမှ တည်ဆောက်လှူဒါန်းပေးထားသော အောင်မြင်သာကျေးရွာရှိ (၁၆)ကုတင်ဆံ့ ဆေးရုံ တည်ဆောက်ပြီးစီးသည့် ၂၀၁၀ခု၊ မေလမှစ၍ယခုချိန်ထိ လူနာပေါင်း(၁၅၀၀၀)ကျော်ခန့်ကို ဆေးဝါးကုသပေးနိုင်ခဲ့ပြီဟု သိရသည်။ ၄င်းအပြင် ကုမ္ပဏီမှ ၂၀၁၄ခုနှစ်တွင် အောင်မြင်သာဆေးရုံအတွက် မြန်မာကျပ်ငွေ (၇၅၀၀၀၀)တန်ဖိုးရှိသော ဆေးဝါးများကို လှူဒါန်းပေးခဲ့ပြီး၊ ၂၀၁၇ခုတွင်လည်း မလိယန်ကျေးရွာအတွက် မြန်မာကျပ်ငွေ(၃၅)သိန်း အကုန်အကျခံကာ သားဖွားဆောင်သစ်တစ်ခုကို ဆောက်လုပ်လှူဒါန်းပေးခဲ့သည်ဟုဆိုသည်။
  •  ဧရာဝတီ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်း ရေကာတာ တည်ဆောက်ရေး ကုမ္ပဏီဖြစ်သည့် ACHC/SPIC ကုမ္ပဏီအနေနှင့် မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ခဲ့ရသော ရွာများဖြစ်သည့် အောင်မြင်သာနှင့် မလိယန်ရွာ (၂)ရွာကို စိမံကိန်းလုပ်ကိုင်နေစဉ် အချိန်မှ စတင်ကူညီ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး၊ လုပ်ငန်းများ ရပ်ဆိုင်းထားရသည့် အချိန်၌လည်း ထောက်ပံကူညီမှုများကို ဖြတ်တောက်ခြင်းမပြုဘဲ၊ ယနေ့ချိန်ထိ ဆက်လက်၍ ရေနှင့်မီး အသုံးပြုမှုကို အခမဲ့ အသုံးပြုနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးထားပြီး၊ ဒေသခံများ စားသောက်မှုအဆင်ပြေစေရေးအတွက် ဆန်များကို တစ်နှစ်လျှင် သုံးကြိမ်နှုန်းဖြင့် အခမဲ့ ပေးဝေထောက်ပံ့လျှက်ရှိပြီး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ဆေးရုံနှင့်ဆေးဝါးများ၊ သားဖွားဆောင်များကို ဆောက်လုပ်လှူဒါန်းကာ ထောက်ပံ့ကူညီနေဆဲဖြစ်ကြောင်း သိရသည်။

  • ဘရန်ဆိုင်း
  •  

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ