မိုးကောင်းတွင် ပြည်သူ့စကားဝိုင်းပံ့ပိုးခြင်းသင်တန်းဖွင့်လှစ်
မိုးကောင်းတွင် ပြည်သူ့စကားဝိုင်းပံ့ပိုးခြင်းသင်တန်းဖွင့်လှစ်
EPN
မိုးကောင်း ဒီဇင်ဘာ ၃
- Gender and Development Institute(GDI)ကကြီးမှူး၍ ပြည်သူ့စကားဝိုင်းပံ့ပိုးခြင်းသင်တန်း (Dialogue Facilitation Training)ကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီက မိုးကောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌စတင်ဖွင့်လှစ်ခဲ့သည်။
- အဆိုပါသင်တန်သို့တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊နိုင်ငံရေးပါတီများ၊အရပ်ဖက်လူမှုအဖွဲ့အ စည်းများမှဖိတ်ကြားထားသူ ၃၂ ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြဆရာမများဖြစ်သည့် ဒေါ်ဘောက်ပန် ဒေါ်လုလုအောင်နှင့်ဒေါ်ထွေးစုမင်းတို့ကပြည်သူ့စကားဝိုင်းဆိုတာဘာလဲစကားဝိုင်းအဘယ်ကြောင့်လိုအပ်သ နည်း စကားဝိုင်းပံ့ပိုးခြင်းဆိုသည်မှာအဘယ်နည်း,စကားဝိုင်းပံ့ပိုးခြင်း၏အဓိပ္ပါယ် စကားဝိုင်းပံ့ပိုးခြင်း၏ တာဝန် သုံးရပ် ခေါင်းစဉ်များဖြင့် ပို့ချဆွေးနွေးကြသည်။
- အဆိုပါသင်တန်းကို ဒီဇင်ဘာ ၃ရက်မှ ဒီဇင်ဘာ ၄ရက်ထိ မိုးကောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံး၌နှစ်ရက်ဖွင့်လှစ်မည်ဖြစ်ပြီး"မနက်ဖန်ပြည်သူ့စကားဝိုင်းဖြစ်မြောက်ရေးပံ့ပိုးသူအရည်အချင်းနဲ့ အခန်းကဏ္ဍတွေကိုဆက်လက်ဆွေးနွေးပါ့မယ် "ဟု သင်တန်းနည်းပြဆရာမ ဒေါ်ထွေးစုမင်းကပြောသည်။





Comments
Post a Comment