အောင်မြင်သာရွာ ဒေသခံများ၏ ထပ်တိုးလူဦးရေအတွက်ဆန်ထောက်ပံ့မှု လိုအပ်နေ

အောင်မြင်သာရွာ ဒေသခံများ၏ ထပ်တိုးလူဦးရေအတွက်ဆန်ထောက်ပံ့မှု လိုအပ်နေ
 
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၂၁
  • မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ရသည့် အောင်မြင်သာရွာဒေသခံများကို ACHC မှဆန်ပေးဝေရာတွင် ထပ်တိုး လူဦးရေအတွက် ဆန်ထောက်ပံ့မှု လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
  • အဆိုပါရွာကို ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်း တည်ဆောက်ရေး ကုမ္ပဏီမှ လူတစ်ဦးလျှင် ဆန်၁၅ပြည်နှုန်းဖြင့် ဆန်အိတ်ပေါင်း ၁၄၂၄အိတ်ကို ဒီဇင်ဘာ ၂၁ရက်က လှုဒါန်းပေးဝေသည့် အခမ်းအနားတွင် ဒေသခံများမှ ထိုကဲ့သို့ ပြောခြင်းဖြစ်သည်။
  • ``ဆန်ဝေပေးတာတော့ မြစ်ဆုံစီမံကိန်း လုပ်မယ်ဆိုပြီး စပြောင်းကတည်းက ပေးနေတာ ခြောက်နှစ်ကျော်ပြီ ဒါပေမယ့် လွန်ခဲ့တဲ့ ၆နှစ်ကျော်အရင်တန်ဖရဲရွာဟောင်းက အိမ်ထောင်စုမှာပါတဲ့ လူဦးရေအတိုင်းပဲပေးနေတာ မလောက် ဘူး ဆန်ကတော့ကောင်းပါတယ်´´ဟု အောင်မြင်သာရွာမှ ဒေသခံ ဒေါ်စန်းကပြောသည်။
  • ဒေသခံ တစ်ဦးမှလည်း ``ထပ်တိုးကလေးတွေအတွက် ဆန်မရဘူး ကလေးတွေက ကျောင်းနေအရွယ် တွေလဲ ရှိတော့လေ မလောက်ငှမှုတွေတော့ရှိတယ် အိမ်ထောင်စုထဲက လူသေသွားရင်တော့ ဆန်ပေးရင်ချက်ခြင်း သူ့ရဲ့ဝေစုကို နှုတ်ပေးတယ်´´ဟုပြောသည်။
  • ၂၀၁၀ခုနှစ်ဇွန်လမှ ယခုအထိ အောင်မြင်သာရွာနှင့် မလိယန်ကျေးရွာရှိဒေသခံများကို ဧရာဝတီမြစ်ဆုံမြစ်ညာ မြစ်ဝှမ်း တည်ဆောက်ရေး ကုမ္ပဏီမှ သိန်းပေါင်း၈ထောင်ကျော် တန်ဖိုးရှိသော ဆန်တန်ချိန် ၁၇၀၉တန်ကို လှုဒါန်းပေး ဝေခဲ့ကြောင်း ပြောသည်။
  • ``ထပ်တိုးလူဦးရေအတွက် အောင်မြင်သာအုပ်ချုပ်ရေးမှုးနဲ့ ညှိနှိုင်းပြီး အဆင်ပြေအောင်လုပ်ပေးဖို့ ရှိပါတယ် ဒီလိုဆန်ပေးတာက မြစ်ဆုံစီမံကိန်းပြန်စဖို့ လုပ်နေတာ မဟုတ်ဘူး၊ ရွာသားတွေလိုအပ်လို့ ကူညီပေးနေတာ´´ဟု ACHC  မှ မန်နေဂျာ Gao Bin ကပြောသည်။
  • အောင်မြင်သာကျေးရွာ၏ ဒေသခံအိမ်ထောင်စု(၃၂၇)စုနှင့်လူဦးရေ(၂၁၃၄)ဦးတို့ကို ဧပြီလ၊သြဂုတ်နှင့်ဒီဇင်ဘာလ တို့တွင် တစ်နှစ်လျှင်၃ကြိမ် ဆန်အခမဲ့ပေးဝေခဲ့ကြောင်း ACHC ကုမ္မဏီမှ သိရသည်။
  • ACHCကုမ္မဏီသည် တရုတ်မြန်မာပိုင် လျှပ်စစ်ထုတ်လုပ်သည့် ကုမ္မဏီဖြစ်ပြီး ယင်းအဖွဲ့ထဲ၌ SPIC+အေးရှားဝေါ ကုမ္ပဏီ+ မြန်မာလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့ ပါဝင်၍ SPIC ကုမ္ပဏီသည် တရုတ်နိုင်ငံပိုင် လျှပ်စစ်ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။
မီးမီး


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ