တင်းနစ်အားကစားကို လူထုစိတ်ဝင်စားမှု ပိုမိုရရှိရေးနှင့် ကွင်းသစ်ဖွင့်ခြင်းအတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလားပြိုင်ပွဲ ကျင်းပ

တင်းနစ်အားကစားကို လူထုစိတ်ဝင်စားမှု ပိုမိုရရှိရေးနှင့် ကွင်းသစ်ဖွင့်ခြင်းအတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလားပြိုင်ပွဲ ကျင်းပ
 
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၁

  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တင်းနစ်ကလပ်၌ အဆင့်မြင့်တင်ထားသောကွင်း သုံးကွင်းနှင့် အသစ်တည်ဆောက်ထားသော ကွင်းတစ်ကွင်း ဖွင့်ပွဲနှင့်အတူ တင်းနစ်အားကစားကို လူထုမှပိုမိုစိတ်ပါဝင်စားမှုရှိလာစေရေး ရည်ရွယ်၍ ပြည်နယ်ဝန်ကြီးချုပ်ဖလားနှင့် ပြည်နယ်နှင့်တိုင်း ဖိတ်ခေါ် တင်းနစ်ပြိုင်ပွဲကို ဒီဇင်ဘာ(၁၁)မှ စတင်ကာ (၁၅)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
  • "တင်းနစ်အားကစားဟာ ကမ္ဘာမှာ ဘောလုံးပြီးရင် ဒုတိယ လူစိတ်ဝင်စားမှုအရှိဆုံးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာမှာကျတော့ လူစိတ်ဝင်စားမှု နည်းနေသေးတယ်။ ဒါကြောင့်ပဲ ကျနော်တို့က ကွင်းသစ်ဖွင့်ပွဲနဲ့အတူ ဝန်ကြီးချုပ်ဖလားဆိုပြီး ပြည်နယ်နဲ့တိုင်းတွေက တင်းနစ်ကလပ်တွေကို ဖိတ်ပြီးပြိုင်ပွဲ လုပ်တာပါ။"ဟု မြစ်ကြီးနား တင်းနစ်ကလပ် EC ကော်မတီ စာရင်းစစ် တာဝန်ယူထားသော ဦးဝင်းမြင့်ဦး ကပြောသည်။
  • ပြိုင်ပွဲကျင်းပရခြင်း၏ အခြားရည်ရွယ်ချက်တခုမှာ တင်းနစ်အားကစားသမား ရှားပါမှုကြောင့် အားကစားသမားသစ်များ ပေါ်ထွက်လာရေးနှင့် ကချင်ပြည်နယ်အတွင်းမှ တင်းနစ်ကစားသမားများ အတွေ့အကြုံ ပိုမိုရရှိလာရေးအတွက် ပြည်နယ်နှင့်တိုင်းများမှ တင်းနစ်ကလပ်များ ဖိတ်ခေါ်ကစားရခြင်း ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
  • "ဒီလိုပြိုင်ပွဲလုပ်တဲ့အတွက် ပြည်နယ်အတွက် နိုင်ငံအတွက် ကစားသမားသစ်တွေ ထွက်လာဖို့နဲ့ လက်ရှိကစားနေတဲ့ ကစားသမားတွေလည်း အတွေ့အကြုံကောင်းတွေရလာဖို့ ရည်ရွယ်ပါတယ်။" ဟု ဦးဝင်းမြင့်ဦး ကဆက်လက်ပြောကြားသည်။
  • အဆိုပါ ပြိုင်ပွဲကို လာရောက်ယှဉ်သော ကစားသမားတစ်ဦးမှလည်း အတွေ့အကြုံကောင်းများစွာ ရရှိမည်ဟု မျှော်လင့်ကြောင်းဆိုသည်။
  • "ပြိုင်ပွဲဆိုတာပြောလို့တော့ မရဘူး။ ဆုရတာမရတာထက် အတွေ့အကြုံကတော့ အများကြီးရမှာပါ။ နိုင်ငံလက်ရွေးစင်တွေလဲ လာပြိုင်တယ်ဆိုတော့ ပညာလဲအများကြီးရမှာပါ။" ပြိုင်ပွဲဝင် ကစားသမားတစ်ဦးမှ ပြောသည်။
  • အဆိုပါ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလားနှင့် ပြည်နယ်နှင့်တိုင်း ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲတွင် တစ်ဦးချင်းအပြင် အသင်းလိုက် ပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ကာ ဆုအဖြစ် တစ်ဦးချင်းဆုတံဆိပ်များအပြင် ဆုကြေးငွေ စုစုပေါင်း ကျပ်(၈၀)သိန်းကျော်ခန့် ချီးမြှင့်သွားမည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။


                                                 


ဘရန်ဆိုင်း

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ