ခရစ္စမတ် ဆုတောင်းပွဲ၌ ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီး ပေးပို့သည့်သ၀ဏ်လွှာဖတ်ကြား၊ဆန်လှူဒါန်းမှုပြုလုပ်
ခရစ္စမတ် ဆုတောင်းပွဲ၌ ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီး ပေးပို့သည့်သ၀ဏ်လွှာဖတ်ကြား၊ဆန်လှူဒါန်းမှုပြုလုပ်
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၂၁
- မြစ်ကြီးနားမြို့၊တပ်ကုန်းရပ်ကွက်၊ချန်းမူးအသင်းတော်အခြေပြု "ချန်းမူး" မူးယစ်ကင်းစင်ရေးဂေဟာ ၌ကျင်းပပြုလုပ်သော ခရစ္စမတ် ကျေးဇူးတော် ချီးမွမ်း ၀တ်ပြု ကိုးကွယ်ခြင်း အစီအစဉ် ကို ဒီဇင်ဘာ (၂၁)ရက် နေ့၊နေ့လည် (၂)နာရီ က ချန်းမူး မူးယစ်ကင်းစင်ရေးဂေဟာ ၌ကျင်းပပြုလုပ်ခဲ့သည်။
- အဆိုပါ ချန်းမူးအသင်းတော်အခြေပြု "ချန်းမူး" မူးယစ်ကင်းစင်ရေးဂေဟာ ၌ကျင်းပပြုလုပ်သော ခရစ္စမတ် ကျေးဇူးတော် ချီးမွမ်း ၀တ်ပြု ကိုးကွယ်ခြင်း အစီအစဉ်တွင် ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး ပေးပို့ သည့် ခရစ္စမတ် ဆုတောင်းပွဲ သ၀ဏ်လွှာအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးညွန့်ဝင်း တက်ရောက်ပြီးဖတ်ကြားခဲ့သည်။
- ခရစ္စမတ် ဆုတောင်းပွဲ ကို အစီအစဉ် အတိုင်းကျင်းပပြုလုပ်ခဲ့ရာ ယင်းမူးယစ်ဆေးဖြတ် ဂေဟာသို့ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊တစ်ဆုပ်ဆန်လှူအသင်းအနေဖြင့် မူးယစ်ဆေးဖြတ် လူငယ်များစားသုံးရန်အတွက်တစ်တင်းခွဲဆန်အိတ်(၄) အိတ်လှူဒါန်းခဲ့ကြောင်းသိရသည်။
- မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊တစ်ဆုပ်ဆန်လှူအသင်း ဥက္ကဌဦးညွန့်ဝင်းက "ကျွန်တော်တို့က ဘာသာ၊လူမျိုး မခွဲခြားဘဲ လူမှုရေးအခက်အခဲများ၊ဘာသာသာသနာ အလှူအတန်းများတွင် ပါဝင်ဆောင်ရွက် လှူဒါန်းနေပါတယ်" ဟုပြောသည်။
- ယင်းခရစ္စမတ်ပွဲတော်သို့ မြို့နယ်ပါတီ ဥက္ကဌ ၊အတွင်းရေးမှူး နှင့်ဘဏ္ဍာရေးမှူး၊ကော်မတီဝင်များ၊တပ်ကုန်း၊မြို့သစ်ကြီးစည်းရုံးရေးမှူးများ၊ရှေ့ဆောင်စွမ်းအားလူမှု ရေးအသင်းဒုဥက္ကဌတို့တက်ရောက် အားပေးခဲ့သည်။



Comments
Post a Comment