ဒီဇင်ဘာအားကစားလပထမပတ် ဗန်းမော်၌ စုပေါင်းလမ်းလျှောက်

ဒီဇင်ဘာအားကစားလပထမပတ် ဗန်းမော်၌ စုပေါင်းလမ်းလျှောက်
EPN
ဗန်းမော် ဒီဇင်ဘာ ၃

  • လူတိုင်းသက်လုံကောင်းမွန်အမောပြေစေရန် အဆီလျှော့ကျ၍ အဝမလွန်အောင် ထိန်းပေးနိုင်ရန်၊ ဦးနှောက်နှင့်အာရုံကြောအားကောင်း၍  ဥာဏ်ရည်ထက်မြက်စေရန်အစရှိသည့်လမ်းလျှာက်ခြင်း၏ အကျိုး ကျေးဇူး (၈ ) ချက် ရ ရှိစေရန်နှင့်လူတိုင်း ကျန်းမာသန်စွမ်းစေရန် အတွက်ဒီဇင်ဘာအားကစား လပထမပတ် တွင်  လူထုစုပေါင်းလမ်းလျှောက်ပွဲ ကိုဒီဇင်ဘာ  ၂ ရက်နေ့ နံနက် ၆ နာရီ က ဗန်းမော်မြို့  ၌ ကျင်းပခဲ့ရာ ပြည်သူ့ လွှတ်တော်ကိုယ်  စားလှယ်  ဦးအောင်သိန်း ၊ခရိုင်အုပ်ချုပ်ရေးမှူး  ဦထွေးမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင် ၊ခရိုင် နှင်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ရပ်ကွက်များမှ မိဘ ပြည်သူများ၊လူငယ်မောင်မယ်များ၊ ကျောင်းသားကျောင်းသူများ ၊စုစုပေါင်း ၁၀၀၀  ခန့်ပါဝင်၍ စုပေါင်း လမ်းလျှောက် ခဲ့ကြသည်။
  •            စုပေါင်းလမ်းလျှောက်ပွဲ ကိုညောင်ပင်ရပ်ကွက် နာရီစင်မှတာထွက်၍ှသိမ်တော်ကြီးစေတီဝင်းရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်း ၊ ဆေးရုံ ကြီးရှေ့ဦးကြီးထိန်နန်လမ်း အတိုင်းလျှေက်ကြပြီး  ခရိုင်အားကစားနှင့် ကာယပညာဘောလုံးကွင်းအထိ တပျော်တပါး စုပေါင်း၍လမ်းလျှောက် ခဲ့ကြသည် ။
  •            ဆက်လက်၍ လမ်းလျှောက်သူများသည်  ခရိုင်အားကစားနှင်ကာယပညာဦးစီဌာန  ဘောလုံးကွင်း တွင် ကိုယ်လက်ကြံ့ခိုင်ရေး အားကစားလေ့ကျင့်ခန်းများပြုလုပ်ခဲ့ ကြ၍ ဌာနဆိုင်ရာများ၊စေတနာရှင့်ပြည်သူများ က လမ်းလျှောက်သူများအားလုံးကို ကောက်ညှင်းပေါင်း အကြော်များဖြင့် ကျွေးမွေး ဧည့်ခံပြီး ဗလာစာအုပ်၊ စတီးရေခွက်၊ နွေးထည် ဦးထုပ်၊မျက်နှာသုတ်ပါဝါ တဘက် အပါဝင်ဆုမဲများစွာ ကံစမ်းမဲများ ဖောက်ပေးခဲ့ကြ သည်။
  •        ဒီဇင်ဘာလ နောက်ဆုံးပတ် အထိငါးကြိမ်တိတိမပျက်မကွက် ပါဝင်လမ်းလျှေက်သူများ ကို ဆိုင်ကယ် မဲ ဖောက်ပေးမည်ဖြစ်ကြောင်း မြို့ နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန   ဦးစီးအရာရှိ ဦးဇော်မင်းလတ် ကပြောသည်။
                                               ဗန်မော်သုခမိန်

    

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ