နေအိမ်အတွင်းလေယာဉ်ပစ်ကျည်တောင့်များ ရှာဖွေတွေ့ရှိခဲ့သည့် အိမ်ရှင်လင်မယားကို မြစ်ကြီးနားမြို့ တွင်ဖမ်းမိ

နေအိမ်အတွင်းလေယာဉ်ပစ်ကျည်တောင့်များ ရှာဖွေတွေ့ရှိခဲ့သည့် အိမ်ရှင်လင်မယားကို မြစ်ကြီးနားမြို့ တွင်ဖမ်းမိ

EPN
မြစ်ကြီးနား ဒီဇင်ဘာ ၆

  • ကရင်ပြည်နယ် မြဝတီမြို့ရှိ အိမ်တစ်အိမ်က လေယာဉ်ပစ်ကျည် ၁၀၂၀တောင့်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါအိမ်ရှင်ကို ဒီဇင်ဘာ၎ရက်နေ့ညတွင် မြစ်ကြီးနားမြို့၌ ဖမ်းဆီး၍စစ်ဆေးနေကြောင်း မြစ်ကြီးနားမြို့ မြို့မရဲစခန်းမှ သိရသည်။
  • မြဝတီမြို့နယ်၊သင်္ဃန်းညီနောင်ကျေးရွာကွက်သစ်၊စံပယ်မိုးသောက်ရေသန့် စက်ရုံလမ်းရှေ့ ကိုစံလင်း ၏ နေအိမ်တွင် သတင်းအရ သက်သေများနှင့် ရှာဖွေရာ ခဲရောင်ပလပ်စတစ်ပုံး ၂ပုံး တွင် တရုတ်စာတမ်းပါ သံပုံး၁၀ပုံးဖြင့်ထည့်လျှက် အရှည်၆လက်မခန့်ရှိ (၁၂.၇မီလီမီတာ)အမျိုးအစား လေယာဉ်ပစ်ကျည် ၈၅၀ တောင့်နှင့် ပိုက်ကြိုးဖြင့် ပြုလုပ်ထားသည့် လက်ဆွဲခြင်းအတွင်း တရုတ်စာတမ်းပါ သံပုံး ၂ပုံးဖြင့်ထည့်လျှက် လေယာဉ်ပစ်ကျည် ၁၇၀တောင့် စုစုပေါင်း ၁၀၂၀တောင့်ကို ရှာဖွေရမိခြင်းဖြစ်သည်။
  • `` လေယာဉ်ပစ်ကျည်မိတာက မြဝတီမြို့က သူတို့အိမ်မှာ၊လင်မယားနှစ်ယောက်ကိုတော့ မြစ်ကြီးနား က အိမ်မှာ မိတာပါ၊ အခုဒီစခန်းမှာ နှစ်ယောက်စလုံးကို စစ်ဆေးနေပါတယ်၊ ဒီမြစ်ကြီးနားက အိမ်မှာတော့ လက်နက်ခဲယမ်းနဲ့ ပတ်သက်ပြီး ဘာမှထပ်ပြီး ရှာမတွေ့ဘူး တရားခံတွေကတော့ မြဝတီ မှာပဲ အမှုဆက်လက် ရင်ဆိုင်ရမှာပါ´´ဟု မြစ်ကြီးနားမြို့ မြို့မရဲစခန်းမှ တပ်ကြပ်သက်နိုင်ဦးက ပြောသည်။
  • အဆိုပါတရားခံဟု ယူဆရသူ ကိုစံလင်းမှာ ၎င်း၏အမျိုးသမီး ဒေါ်လဘန်ခါးဘူ နေထိုင်ရာ မြစ်ကြီးနားမြို့၊တပ်ကုန်းရပ်ကွက်၊ထွယ်ဆန်နယ်မြေ၊ရွှေလမ်းမကြီး၊လမ်းသွယ်၈၊ အိမ်အမှတ် ၁၉၇ တွင် ရောက်ရှိနေရာမှ ၎င်းတို့နှစ်ဦးစလုံးကို  ဖမ်းမိခြင်းဖြစ်သည်။
  • ``သူတို့လင်မယားက ရပ်ကွက်ထဲမှာ နေလာတာ လေးငါးနှစ်တော့ရှိပြီ အိမ်ပိုင်နဲ့နေတာပါ သူတို့ အိမ် မှာ ဒုရဲမှုးကြီးနဲ့ နှစ်ခေါက်ရှိပြီ အသေးစိတ်သွားရှာတာ ကျနော်ကိုယ်တိုင် ပါပါတယ်၊ဘာမှမတွေ့ပါဘူး ၊အခု လောလောဆည် မင်္သကာမှုနဲ့ ဖမ်းထားတယ်ထင်တယ် ၊သူတို့လင်မယားက ကျောက်စိမ်း၊ပယင်း အရောင်း အဝယ်နဲ့ ရပ်ကွက်ထဲမှာ အိမ်ခြံမြေ အရောင်းအဝယ် လုပ်တာပါ´´ဟု တပ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးဘောက်နော်ကပြောသည်။
  • အဆိုပါ တရားခံဟု ယူဆရသူ ကိုစံလင်းနှင့် ဒေါ်လဘန်ခါးဘူကို မြဝတီမြို့ကိုသင်္ဃန်းညီနောင် နယ်မြေရဲစခန်းတွင် အမှုအမှတ် (ပ)၄၈၉/၂၀၁၇ ၊၁၉၅၁ခုနှစ် လက်နက်များ(ယာယီပြင်ဆင်ချက်) အက် ဥပဒေပုဒ်မ၊ ၁၉(က) လက်နက်မှုဖြင့် အမှုဖွင့် ၍ ဥပဒေအတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
                                                မီးမီး


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ