ရပ်ကွက်အတွင်း မီးသတ်စခန်းခွဲ တည်ဆောက်ရန် မြေနေရာလိုအပ်

       ရပ်ကွက်အတွင်း မီးသတ်စခန်းခွဲ တည်ဆောက်ရန် မြေနေရာလိုအပ်
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၇

  • မြစ်ကြီးနားမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် မီးသတ်စခန်းခွဲများ တည်ဆောင်လျက်ရှိနေပြီး အချို့ရပ်ကွက်များမှာ မြေနေရာ အခက်ခဲကြောင့် တည်ဆောက်ရန် အခက်အခဲများရှိနေကြောင်း မြစ်ကြီးနားမြို့ရှိ မီးသတ်ဦးစီးဌာနမှ သိရသည်။
  • မြစ်ကြီးနားမြို့ရှိ မြို့ပေါ်ရပ်ကွက်၂၈ရပ်ကွက်ရှိသည့်အနက် မြို့စွန်ကျသည့် ရပ်ကွက် ခြောက်ခုတွင် မိးသတ်စခန်းခွဲကို တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းတည်ဆောက်ဖို့ရန်အတွက် အချို့ရပ်ကွက်၌ မြေနယ်ရာ အဆင်ပြေသော်လည်း မန်ခိန်ရပ်ကွက်နှင့် လယ်ကုန်းရပ်ကွက်အတွင်း မီးသတ်စခန်းခွဲ တည်ဆောက်ရန် မြေနေရာလိုအပ်လျှက်ရှိကြောင်း မြစ်ကြီးနားမြို့ရှိ မီးသတ်ဦးစီးဌာနမှ သိရသည်။
  • ``သစ်၊ ဝါးအိမ်တစ်လုံးကို မီးလောင်ရင် ရှစ်မိနစ်လောက်ဆိုရင် အကုန်လောင်သွားတယ်။ ဒါကြောင့် အချိန်မှီရောက်ဖို့မြို့ကို မီးသတ်စခန်းတွေနဲ့ ဝိုင်းထားချင်တာပေါ့။ ဒါမှ မီးလောင်ရင် မီးသတ်ကားနှစ်စီးက  ကြိုရောက်နေမှာလေ။ အခုက မြို့ကျယ်ပြီးမှ လူတွေကားတွေက တစ်နေရာတည်းမှာ စုပြုံပြီးနေနရတယ် မြို့ကလဲ အရင်လိုမဟုတ်တော့ဘူးလေ လူနေမှုစနစ်တွေ တိုးတက်လာသလို အထပ်မြင့်တွေ လည်းများလာတယ်တဲ့အတွက် လိုအပ်နေတာပါ ´´ဟု မြစ်ကြီးနားမြို့ရှိ မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး ဦးကျော်စိုးသန်းကပြောသည်။
  • အဆိုပါ မီးသတ်စခန်းခွဲတည်ဆောက်ရခြင်းမှာ ရပ်ကွက်အတွင်း မီးလောင်မှုများဖြစ်ပွားပါက မီးငြိမ်းသတ်ရာ၌ အချိန်တိုအတွင်း အလျှင်မြန်ဆုံး ငြိမ်းသတ်ရန်နှင့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု လျှော့နည်းစေရန်အတွက် မြို့အစွန်ကျသည့် ရပ်ကွက်၆ခုတွင် တည်ဆောက်သွားမည်ဖြစ်ကြာင်း သိရသည်။
  • မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်၂၈ရပ်ကွက်တွင် မီးသတ်စခန်းခွဲ ၆ခုထားမည်ဖြစ်ပြီး အာလမ် ၊ ရှထောင်၊ အောင်မြင်သာ၊ အေးမြသာယာ စသည့်၎ရပ်ကွက်တွင် မြေနေရာရရှိထားသော်လည်း မန်ခိန် နှင့်လယ်ကုန်းရပ်ကွက်မှာ မြေနေရာ မရရှိသေးကြောင်း၊ မြေနေရာရရှိထားသော ၄ရပ်ကွက်မှမြေကို မီးသတ်စခန်းဌာန၏ မြေပိုင်ဆိုင်မှုနှင့် အဆောက်အဦး ဆောက်လုပ်ရန် ဆက်လက်ဆောင်ရွက်နေပြီး  စခန်းခွဲတစ်ခုလျှင် ကား၂စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၉ဦးထားရှိမည်ဖြစ်ကြောင်း သိရသည်။

  • ``ကျွန်တော်တို့ ရပ်ကွက်ထဲမှာတော့ မြေနေရာ အလွတ်မရှိဘူး။ ပိုးစာခြံဘက်မှာတော့ အစိုးရပိုင် မြေလွတ်မြေရိုင်းတွေ ရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေးမှုးကို နှုတ်နဲ့ပြောပြထားတာတော့ရှိတယ် ကြာတော့ကြာပါပြီ´´ဟု မန်ခိန်အုပ်ချုပ်ရေးမှုး ဦးလီဆီးဆိုက်ကပြောသည်။
  • ၂၀၁၆ခုနှစ်အတွင်းတွင် ကချင်တစ်ပြည်နယ်လုံး၌ မီးလောင်မှု အကြိမ်ရေ ၉၀ ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ၇၆၀ သိန်းကျော် ရှိပြီး ယခုနှစ်ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ ၈၉ကြိမ် မီးလောင်ခဲ့ပြီး ၃၆၂သိန်းကျော်  ဆုံးရှုံးခဲ့ကြောင်း သိရသည်။
                                              
မီးမီး

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ