(၄၁)ကြိမ်မြောက် ရှမ်းမျိုးနွယ်ဝင်များ ကောက်ဦးဆွမ်းနှင့် အိုက်ခေါတော်စေတီ တော်မြတ်ကိုရွှေသင်္ကန်း၊ စုပေါင်း ကပ်လှူမည်

(၄၁)ကြိမ်မြောက် ရှမ်းမျိုးနွယ်ဝင်များ  ကောက်ဦးဆွမ်းနှင့် အိုက်ခေါတော်စေတီ တော်မြတ်ကိုရွှေသင်္ကန်း၊ စုပေါင်း ကပ်လှူမည်

EPN
ဗန်းမော် ဒီဇင်ဘာ၂၂

  •         ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ရွှေကျီးနားကျေးရွာ အိုက်ခေါတော်စေတီတော်မြတ်အား ဗန်းမော်ခရိုင်လုံးဆိုင် ရာရှမ်းမျိုးနွယ်ဝင်များစုပေါင်း၍  (၄၁ )ကြိမ်မြောက် ကောက်ဦးဆွမ်းနှင့် အိုက်ခေါတော်စေတီ တော်မြတ်ကိုရွှေသင်္ကန်း၊ စုပေါင်းကပ်လှူ ပူဇော်ပွဲကို ပြာသို လဆန်း ၁၅ရက် (ဇန်နဝါရီ လ ၁ ရက်) နေ့ တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိ ရသည်။
  •           “ကောက်ဦး ဆွမ်းကပ်လှူပှုဇော်ပွဲကို၁၉၇၆ခုနှစ်တွင်စတင်ခဲ့ကြောင်း ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက် ၊မန်စီ၊ ရွှေကူမြို့ နယ်များမှ ရှမ်းမျိုးနွယ်ဝင်များ ညအိပ်လာရောက်၍ ကျေးရွာအလိုက်ရှမ်းရိုးရာယဉ်ကျေးမှု အကဖြင့် ဖျော်ဖြေခြင်း၊  အကယှဉ်ပြိုင်ကြခြင်း ၊ဆွမ်းကပ်ခြင်း ၊ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်းများ ဆောင်ရွက်ကြမှာဖြစ်ကြောင်း၊  နံနက်၇နာရီ မှာ သံဃာတော်အပါး၂၀၀ ကျော်နှင့်သီလရှင်အပါး ၁၀၀ ကျော်တို့ အားဆွမ်းဆန်စိမ်းလောင်းလှူ ကြမှာ ဖြစ်ကြောင်း ၊စာစီစာ ကုံးပြိုင်ပွဲဆုရရှိသူများကိုလည်းဆုများချီးမြှင့် သွားမှာဖြစ်ကြောင်း”  ပွဲကျင်းပရေး ကော်မတီ  ဥက္ကဌ ဦးကိုကိုလေး ကပြော သည်။
  •        ကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲတွင် နံနက်၎ နာရီမှစ၍ အိုက်ခေါတော်စေတီ တော်မြတ်ကိုရွှေသင်္ကန်း၊ ကောက်ဦး ဆွမ်း ၊ ဆီမီး ၊ ပန်းရေချမ်း၊ ကပ်လှူ ပူဇော်ကာပင့်သံဃာ အပါး ၂၀၀ နှင့်သီ လရှင်အပါး ၁၀၀ကျော် တို့ကိုလည်း အရုဏ် ဆွမ်းနှင့် နေ့ဆွမ်း ကပ်လှူမည်ဖြစ်ကြောင်း သိရှိရသည်။
  •          ထိုပြင် ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့်စာစီစာကုန်းပြိုင်ပွဲ များကိုလည်း ကျင်းပမည်ဖြစ်ကာ ပိုက်ကျော်ခြင်း၊ ဘော်လီဘော ၊ ကလေးလူငယ်ဘောလုံးပွဲ၊ အမျိုးသားအမျိုးသမီး လွန်ဆွဲ ပြိုင်ပွဲ၊ ရှမ်းရိုးရာ ယဉ်ကျေးမှုအကအလှ ပြိုင် ပွဲ များလည်း ပါဝင်မည် ဖြစ်ကြောင်း ၊ ရှမ်းရိုးရာယဉ်ကျေးမှု အဆိုအက အစီအစဉ်များ ၊ ခေတ်ပေါ် စတိတ်ရှိုး အစီအစဉ်များ စသည့်ဖျော်ဖြေရေးအစီအစဉ်များလည်းထည်သွင်းကာစည်ကားစွာကျင်းပသွားမည် ဖြစ်ကြောင်း ကောက်ဦးဆွမ်းစုပေါင်း ကပ်လှူ ပူဇော်ပွဲ ကျင်းပရေး ကော်မတီထံ မှ သိရှိရသည်။
          
ဗန်းမော်သုခမိန်


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ