ကျေးလက်လမ်းများကောင်းမွန်လာစေရန်ကျောက်ချောလမ်းအဖြစ် အဆင့်မြင့်တင်ဖောက်လုပ်ပေး
ကျေးလက်လမ်းများကောင်းမွန်လာစေရန်ကျောက်ချောလမ်းအဖြစ် အဆင့်မြင့်တင်ဖောက်လုပ်ပေး
EPN
ဟိုပင် ဒီဇင်ဘာ ၂၄
EPN
ဟိုပင် ဒီဇင်ဘာ ၂၄
- ကျေးလက်လမ်းများကောင်းမွန်လာစေရန်အတွက်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှကချင်ပြည်နယ်၊ဟိုပင်မြို့၊တကွင်းကျေးရွာအုပ်စုအတွင်းရှိသဲဂုဏ်ဟိုပင်လမ်းကို ကျောက်ချောလမ်းအဖြစ် ယခုနှစ်ဒီဇင်ဘာလမှစတင်ကာအဆင့်မြင့် တင်ပြုလုပ် ဆောင်ရွက်ပေးနေကြောင်းသိရသည်။
- အဆိုပါလမ်းလာရောက်ခင်ပေးနိုင်ရန်အတွက်၂၀၁၅ခုနှစ်ဒီဇင်ဘာလ(၂၉)ရက်တွင် သဲဂုဏ်ကျေးရွာ၏ ရာအိမ်မှူး ဦးသောင်းစိန်၊ရပ်မိရပ်ဖဦးညွှန့်စိန်နှင့်ဦးလှဖေတို့က မြို့နယ်ဦးစီးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိုးညှင်မြို့သို့ စာတင်ကာတောင်ခံခဲ့ကြကြောင်းကိုသဲဂုဏ်ကျေးရွာရာအိမ်မှူးကပြောသည်။
- ”အခုလိုလာရောက်ပြုလုပ်ပေးတာအရမ်းဝမ်းသာပါတယ်၊သည်လမ်းကနွေရာသီဆို ဖုန်တထောင်းထောင်းနဲ့၊ မိုးရာသီဆိုရင်လည်းဗွက်တွေထလို့သွားလာရတာတကယ်ကိုအဆင်မပြေပါဘူး၊လမ်းကောင်းသွားရင်တော့ကျောင်းသား/သူတွေကျောင်းသွားတက် ရတာတကယ့်ကိုအဆင်ပြေချောမွေ့သွားမှာပါ”ဟုရာအိမ်မှူးဦးသောင်းစိန်က ပြောသည်။
- ကျောက်ချောလမ်းဖြစ်လာနိုင်ရန်အတွက်(၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်ခွင့်ပြုကျပ်ငွေ(၁၂၅)သိန်းဖြင့် မတည်ကာ ဆောင်ရွက်လျှက်ရှိပြီးလမ်းမှာအကျယ်(၂၄)ပေ၊အရှည်မှာတစ်မိုင်ရှိကာမိုးညှင်းရွှေမြေကုမ္မဏီမှတာဝန်ယူဆောက်ရွက် လျက်ရှိကြောင်းသိရသည်။
- ၎င်းလမ်းကိုကျောင်းသား/သူလူငယ်များသဲဂုဏ်/ညောင်ပင်သာအတွင်းမှီတင်းနေထိုင်ကြသူများအားလုံးကအဓိကအသုံးပြုနေကြပြီး ကျောက်ချောလမ်းအဖြစ်ဆောင်ရွက်ပြီးစီးပါက ကုန်စည်စီးဆင်းမှုလည်းလျင်မြန်ချောမွေ့လာမည်ဖြစ် ကြောင်းဒေသခံများထံ မှသိရသည်။


Comments
Post a Comment