အရေးပေါ်သုံးအောက်စီဂျင်ဗူးများနှင့်ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

အရေးပေါ်သုံးအောက်စီဂျင်ဗူးများနှင့်ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း
 
EPN
ဟိုပင် ဒီဇင်ဘာ ၂၂
  • ဟိုပင်မြို့ရှိ ရွှေအင်းသူဖေါင်ဒေးရှင်းက ဟိုပင်ပြည်သူ့ဆေးရုံသို့ လိုအပ်လျှက်ရှိသော အရေးပေါ်သုံး အောက်စီဂျင် ဗူးများနှင့်ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်းကြောင်း သိရသည်။
  • ရွှေအင်းသူဖေါင်ဒေးရှင်းဥက္ကဌ ဦးစံလင်းက``ပထမအကြိမ်စလှူ ဖြစ်တာပါ။နောင်လည်းဆက်လက်လှူ ဒါန်းသွား မှာပါ။ယခုလာလှူတာကအောက်စီဂျင်ဗူး(၅)ဗူးနဲ့ဆက်စပ်ပစ္စည်း(၅)မျိုးပါယခင်ကဆေးရုံမှာရှိတဲ့အောက်စီဂျင်ဗူး(၃)ဗူးနဲ့စုစုပေါင်း(၈)ဗူးကို လိုအပ်နေသော အောက်စီဂျင် မပျက်အောင်ဆက်လက်တာဝန်ယူလှူ ပေးမှာပါ´´ဟု ပြောသည်။
  • အဆိုပါလှူဒါန်းပွဲတွင်အရေးပေါ်သုံးအောက်စီဂျင်ဗူး(၅)ဗူးနှင့်ဆက်စပ်ပစ္စည်းများ တန်ဖိုးကျပ်ခြောက်သိန်းကျော် လာရောက်လှူဒါန်းရာDr.မျိုးဝေကကျေးဇူးတင်စကားပြောကြားခဲ့သည်။
  • ``ဟိုပင်ပြည်သူ့ဆေးရုံကြီးသအတွက်လိုအပ်ချက်များကို အဆက်မပျက်လာရောက်လှူ ဒါန်းပေးသော စေတနာ ရှင်များအားလုံးကို အထူးကျေးဇူးတင်ဝမ်းမြောက်ကြောင်း။ယခင်ကဆိုလျှင် အရေးပေါ်လူနာများအတွက် အောက်စီဂျင် ဗူးလုံလောက်မှုမရှိအတွက် ပရဟိတအလှူ ရှင်များထံ အကူညီယူရကြောင်း။ယခုအခါတွင် အရေးပေါ် အောက်စီဂျင် အတွက်သိပ်စိုးရီမ်းစရာမလိုတော့အတွက် ဝမ်းသာမိကြောင်း´´Dr.မျိုးဝေကပြောသည်။
  • ထိုနောက်Dr.မျိုးဝေကအရေးပေါ်သုံးအောက်စီဂျင်ဗူး(၅)ဗူး၊ဆက်စပ်ပစ္စည်းများ အလှူရှင်များနှင့်အတူ အမှတ် တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကြောင်းသိရသည်။
မိုးဟိန်း

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ