စက်သုံးဆီပန့်ဆိုင်ကြီးများနှင့် မီနီပန့်ဆိုင်ငယ်များကိုပူးပေါင်းအဖွဲ့နှင့်စစ်ဆေး
စက်သုံးဆီပန့်ဆိုင်ကြီးများနှင့် မီနီပန့်ဆိုင်ငယ်များကိုပူးပေါင်းအဖွဲ့နှင့်စစ်ဆေး
EPN
မိုးကောင်း ဒီဇင်ဘာ ၂၂
- မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်မီးငြိမ်းသတ်ရေးကိရိယာများပြည့်စုံလုံလောက်မှုရှိမရှိ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုရှိမရှိ ၊ရောင်းချခွင့်လိုင်စင်ရှိမရှိနှင့် တရားမဝင်သိုလှောင်ထားရှိမှုရှိမရှိ ကိုပူးပေါင်းစစ်ဆေးခဲ့ပါသည်။
- ကချင်ပြည်နယ်မိုးကောင်းမြို့နယ်အတွင်းဖွင့်လှစ်ရောင်းချနေသောစက်သုံးဆီပန့်ဆိုင်ကြီးများနှင့်မီနီပန့်ဆိုင်ငယ် များတွင်မီးငြိမ်းသတ်ရေးကိရိယာများပြည့်စုံလုံလောက်မှုရှိမရှိ ၊ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုရှိမရှိ၊ ရောင်းချခွင့်လိုင်စင် ရှိမရှိ နှင့်တရားမဝင်သိုလှောင်ထားရှိမှုရှိမရှိကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်မီးသတ်တပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်စည်ပင်သာယာရေး ကျန်းမာရေးဌာန အခွန်ဦးစီးဌာနတို့ပါဝင်သောပူးပေါင်းအဖွဲ့သည်ဒီဇင်ဘာ ၂၀ ရက်နေ့မှ စတင် ကာလိုက်လံစစ်ဆေးလျှက်ရှိသည်။
- "သက်ဆိုင်ရာဌာနတွေကသူတို့နဲ့သက်ဆိုင်တဲ့ဟာတွေကိုစစ်ဆေးပြီးမီးသတ်ဌာနအနေနဲ့ကတော့ဆီသိုလှောင်မှု ပမာဏနဲ့ညီမျှတဲ့မီးငြိမ်းသတ်ရေးကိရိယာများပြည့်စုံလုံလောက်မှုရှိမရှိကိုစစ်ဆေးပြီးတော့လုံလောက်မှုမရှိရင်ထပ်ဖြည့်ထားဘို့အသိပညာပေးဆွေးနွေးညှိုနှိုင်းခဲ့ပါတယ်"ဟုဒု-မီးသတ်ဦးစီးမှူးချမ်းငြိမ်းသူမှပြောပါသည်။
- မိုးကောင်းမြို့နယ်အတွင်းတွင်စက်သုံးဆီပန့်ဆိုင်ကြီးများနှင့်မီနီပန့်ဆိုင်ငယ်စုစုပေါင်းဆိုင်ပေါင်း၃၀ကျော်ရှိကြောင်းသိရသည်။





Comments
Post a Comment