ညီအကိုချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား
ညီအကိုချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား
EPN
မြစ်ကြီးနား ဒီဇင်ဘာ၂၅
EPN
မြစ်ကြီးနား ဒီဇင်ဘာ၂၅
- မူးယစ်ရမ်ကားနေသည့် အကိုနှင့် စကားများရန်ဖြစ်ရာ ညီဖြစ်သူမှ အကိုဖြစ်သူကို ဓါးနှင့်ထိုးလိုက်သဖြင့် သေဆုံး သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းမြစ်ကြီးနားမြို့ နယ်မြေရဲ စခန်းမှ သိရသည်။
- မြစ်ကြီးနားမြို့၊မြို့သစ်ကြီးကွက်သစ်ရပ်ကွက် နယ်မြေ၁၅အမှတ်၈၅၇တွင် ဒီဇင်ဘာ၂၄ရက်နံနက်၂နာရီ ခွဲခန့်တွင် ဓါးနှင့်ထိုးမိရာမှ လူသတ်မှု့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
- ``အရက်သောက်ထားတဲ့အကိုကို ညအချိန် မဆူဖို့ ပြောရာကနေ ညီအကိုချင်း စကားများ ရန်ဖြစ်ပြီး ညီကအကို ကို သတ်လိုက်တာ တရားခံကိုတော့ အခုကျွန်တော်တို့စခန်းမှာ ထိန်းသိမ်းထားပါတယ်´´ဟု မြစ်ကြီးနားမြို့၊ နယ်မြေ ရဲစခန်းမှ ဒုရဲမှုးသိန်းဇော်ကပြောသည်။
- တရားလို ဦးသိန်းဇော်သည် နေအိမ်၌ မိသားစုများနှင့် အတူရှိနေစဉ် ၎င်း၏သားအကြီးဖြစ်သူ ကိုဇော်သက်သည် အရက်မူးနေပြီး အော်ဟစ်ဆူပူနေသဖြင့် ဆူပူခြင်းမပြုလုပ်ရန် ပြောဆိုပြီး အိပ်ရာဝင်ခဲ့ကြရာ နံနက်၂နာရီ ခန့်တွင် ပြန်လည် ဆူပူနေသဖြင့် တရားလိုသည် သမီးဖြစ်သူ မဇင်မာဇော် ၊သားငယ်ဖြစ်သူ ကိုဇော်ထက်နှင့် အိမ်အတွင်းမှ အပြင် ထွက်လာ ပြီး ပတ်ဝန်းကျင်မှ လူများအိပ်ပျော်နေသဖြင့် မဆူရန်ပြောဆိုရာမှ လှေကားခြေရင်း အရောက်တွင် သားငယ်ဖြစ်သူနှင့် ကိုဇော်သက်မှာ လုံးထွေးသတ်ပုတ်နေရာမှ ကိုဇော်ထက်မှ ကိုဇော်သက်၏ ဝဲဘက်ခါးဘေးသို့ ဓါးဖြင့်ထိုးသွင်း လိုက်သည် ကို မြင်ရပြီး ကိုဇော်သက်ကို ဆေးရုံသို့ လိုက်ပို့ရာ ဆေးရုံသို့ ရောက်ရှိပြီး နာရီဝက်ခန့် အကြာတွင် သေဆုံးသွားခဲ့ကြောင်း နယ်မြေရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
- အဆိုပါတရားခံဟုယူဆရသူကိုဇော်ထက်ကိုနယ်မြေရဲစခန်းတွင်အမှုအမှတ်(ပ)၂၇၂/၂၀၁၇၊ရာဇသတ်ကြီး ပုဒ်မ ၃၀၂(လူသေစေမှုဖြင့်)ဦးသိန်းဇော်မှ တရားလိုပြုလုပ်၍ အမှုရေးဖွင့် ထားကြောင်း သိရသည်။

Comments
Post a Comment