ဖားကန့်ရတနာ ကားဂိတ်ပိုင်ရှင် သေနတ်ဖြင့်ပစ်သတ်ခံရ
ဖားကန့်ရတနာ ကားဂိတ်ပိုင်ရှင် သေနတ်ဖြင့်ပစ်သတ်ခံရ
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၂၀
- ကချင်ပြည်နယ် ဖားကန့် မြို့ မရှီကထောင်ရပ်ကွက် ဘေလီတံတားထိပ်တွင်ရှိသော ဖားကန့်ရတနာ ကားဂိတ်ပိုင်ရှင်သည် ဒီဇင်ဘာလ၁၉ရက်နေ့၊ နေ့လည် ၁၂:၀၀ ခန့်က ၄င်းပိုင် မော်တော်ယာဉ်ဂိတ်တွင် ထိုင် နေစဉ် အမည်မသိ သေနတ်သမားများက ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကချင်ပြည် နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
- အဆိုပါ သေဆုံးသူ ဦးခင်စိုးသည် ဖားကန့်ရတနာကားဂိတ်ပိုင်ရှင်နှင့်ဖားကန့်မြို့နယ်၏ ပုဂ္ဂလိက မော်တော်ယာဉ်ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
- ``ဦးခေါင်းနောက်စေ့မှာ သေနတ်ဒဏ်ရာ၁ချက် နောက်ကျောမှာ သေနတ်ဒဏ်ရာ၂ချက်နဲ့ ဖားကန့် ဆေးရုံကို သယ်သွားတဲ့အခါ သေဆုံးသွားတာ၊ လောလောဆယ် ဆိုင်ကယ်၂စီးနဲ့လူ၎ယောက်လို့ပဲ သိထား ပါတယ်။ကျွန်တော်တို့အဖွဲ့ကနေ ပိတ်ဆို့  ရှာဖွေစစ်ဆေးမှုတွေ လုပ်နေပါတယ် ´´ဟု ကချင်ပြည်နယ် ရဲတပ် ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးသူရနောင် ကပြောသည်။
- ဖားကန့်ရတနာကားဂိတ်သည် ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် B/23တွင်ရှိပြီး အဆိုပါကားဂိတ်တွင် 125ဆိုင်ကယ်၂စီးနှင့်လူ၎ယောက် ဝင်လာ၍ ၎င်းတို့၏ ကျောပိုးအိတ်အတွင်းမှ သေနတ်ဖြင့်ထုတ်၍ ပစ်ခတ်ခဲ့ ပြီး ဆိုင်ကယ်မောင်း၍ထွက်ပြေးသွားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
- ``ပစ်တာက၄ချက်ပါ ၃ချက်မှန်တယ် ၁ချက်ကမမှန်ဘူးလို့ မျက်မြင်တွေ့ရှိသူတွေက ကျွန်တော်တို့ကို ပြောပြထားပါတယ် သေဆုံးသူကိုတော့ သူ့မိသားစုဝင်တွေ ပြောပြချက်အရ မန္တလေးက သေဆုံးသူရဲ့အမျိုး တွေရှိရာကို ယူသွားမယ်လို့ သိရပါတယ်´´ဟု ဖားကန့်မြို့နယ်၏ NLD အလုပ်အမှုဆောင် ဦးသောင်းစံက ပြောသည်။
- ယခင်နှစ်များကလည်း ဦးထွန်းလွင် ၊ ဦးကံဆက်၊ ဒေါ်နန္ဒာလှိုင်၊ ကျောင်းဆရာဦးအောင်ဇင်ထွန်းတို့ကို အမည်မသိ လူများမှ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့၍ သေဆုံးမှု ဖြစ်ပွားခဲ့သော်လည်း တရားခံများကို ဖမ်းဆီး နိုင်ခြင်း မရှိသေးကြောင်းသိရသည်။
မီးမီး

Comments
Post a Comment