မိုးမောက်မြို့ နယ် နားလုံ အထက်တန်းကျောင်း(ခွဲ )ကျောင်းဆောင်ဟောင်းဖျက်သိမ်းရန်ငွေလို အပ်

မိုးမောက်မြို့ နယ် နားလုံ အထက်တန်းကျောင်း(ခွဲ )ကျောင်းဆောင်ဟောင်းဖျက်သိမ်းရန်ငွေလို အပ်

EPN
ဗန်းမော် ဒီဇင်ဘာ ၂၁
     
  •            ကချင်ပြည်နယ်၊ဗန်းမော်ခရိုင် မိုမောက်မြို့ နယ်ဒေါ့ဖုန်းယန် မြို့ နယ်ခွဲ နားလုံ ကျေးရွာအခြေခံပညာအထက်တန်း  ကျောင်းအဆောက်အဦး ဖျတ်သိမ်းရန်ငွေ လိုအပ်နေကြောင်းသိရှိ ရသည်။
  •            ကျောင်းဆောင်ဟောင်းသည် လေမုန်တိုင်းတိုက်ခတ်  ရာမှ အဆောက်အဦခေါင်မိုးမှ သွပ်များပြုတ်ထွက် လွင့်ပါ သွားခဲ့သည်။  ပြင်ဆင်စရိတ် တောင်းခံ နေဆဲတွင် မိုးရွာသွန်း၍မိုးရေများကျဆင်လာမှုကြောင့်  သစ်သား ကြမ်းခင်းများ၊ သစ်သားတိုင်များဆွေးမြေ့လာခြင်း၊ ဆက်လက်အသုံးပြုရန်အန္တရာယ်ရှိခြင်း၊ မြန်မာ့တပ်မတော်နှင့်ကေအိုင်အေစစ်ပွဲ  ဖြစ်လာခြင်း  တို့ကြောင့် ပြင်ဆင်ခွင့်ပြုမိန့်  မကျမီ ကျောင်းအဆောက်အဦးသည် ဆွေးမြေ့ လာခဲ့သည်။
  • ထိုကြောင့်သက်ဆိုင်ရာကအဆောက်အဦး  ဖျက်သိမ်းရန် ခွင့်ပြုခဲ့ ၍   ခေါင်သွပ်ပြားအချို့ ဖြုတ်ထားခဲ့ ကြသည်။ နောက်ထပ်ကျောင်းဆောက်အဦး ဖျက်သိမ်းရန်  ငွေအခက်အခဲ ရှိသဖြင့် ဆက်လက်၍ မဖျက်နိုင်ဘဲ ဒီအတိုင်း  ပစ်ထားရ ကြောင်း ၊ ကျောင်းသားတွေစာသင်ရန် ကျောင်းဆောင်နောက်တွင်  စာသင်ဆောင် နှစ်ဆောင်ဆောက်လုပ်ထားကြောင်း၊ ဒီကျောင်းဆောင်ဖျက်ပြီးပါကနိုင်ငံတော်အစိုးရကနောက်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးမှာ ဖြစ်ကြောင်း၊ ကချင်ပြည်နယ် လွှတ်တော် ဥက္ကဌ  ဦးထွန်းတင် လည်းကျောင်းအတွင်း တွင်ဝင်၍ စစ်ဆေး ကြည့်ရှု့ခဲ့ပြီဖြစ်ကြောင်း၊ ကျောင်းအဆောက်အဦး ဖျက်သိမ်းရန်ငွေလိုအပ် လျှက်ရှိကြောင်း ခရိုင်ပညာရေးမှူး ဦးသန်းညို  ကပြောပြသည်။

ဗန်းမော်သုခမိန်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ