ကချင်ပြည်နယ်နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရေးကို ပြန်လည်စဉ်းစားဆောင်ရွက်ပေးရန်တိုက်တွန်း

ကချင်ပြည်နယ်နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရေးကို ပြန်လည်စဉ်းစားဆောင်ရွက်ပေးရန်တိုက်တွန်း 
 
EPN   
မြစ်ကြီးနား၊ ဒီဇင်ဘာ ၆
  • ကချင်ပြည်နယ်နေ့ဖြစ်သော ဇန်နဝါရီလ ၁၀ရက်နေ့ကို  နှစ်စဉ်တရားဝင်ရုံးပိတ်ရက် အဖြစ်ပြန်လည် အတည်ပြု ပြဌာန်းပေးရန် ကချင်ပြည်နယ် လွှတ်တော်ကို တိုက်တွန်းကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ( KSDP) ပါတီ က ဒီဇင်ဘာလ ၅ရက်နေ့မှာ သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။နိုဝင်ဘာလ ၃၀ရက်က ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ်နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရေး အဆို ကို လွှတ်တော်၌ ကန့်ကွက်သူများသည့်အတွက် အဆိုရှူံးနှိမ့်ခဲ့ခြင်းအပေါ် ယင်းသို့ ထုတ်ပြန်ရ ခြင်းဖြစ်သည်။
  • ကချင်ပြည်နယ် သမိုင်းတစ်လျှောက်လုံးတွင် ပထမဆုံးပေါ်ထွန်းလာသော ဥပဒေပြု လွှတ်တော်အနေ နှင့် ယင်းကဲ့သို့ ပြည်နယ်သား၊ ပြည်နယ်သူများ၏ ဆန္ဒကို ဥပက္ခာပြုပြီး ကချင်ပြည်နယ် နေ့အား တရားဝင်ရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ငြင်းဆန်ကြခြင်းသည် လွန်စွာပင် မှားယွင်းသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ကြေညာတွင် ပါရှိသည်။
  • ထို့အပြင် ယခင်ကြံ့ခိုင်ဖွံဖြိုးရေးပါတီအစိုးရ လက်ထက်တွင်လည်း ပထဦးဆုံးအနေဖြင့် ကချင်ပြည်နယ် လွှတ်တော်၌ အဆိုတင် သွင်းခဲ့ ရာ အတည်ပြုနိုင်ခဲ့ခြင်းမရှိကြောင်း၊ ယခု အစိုးရ လက်ထက်မှာ ပြန်လည်တင်သွင်းခဲ့သော်လည်း အတည်ပြုနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
  • အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနော် ၏ ကချင်ပြည်နယ်နေ့ဖြစ်သော ဇန်နဝါရီလ ၁၀ရက်နေ့အ အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနော် ၏ ကချင်ပြည်နယ်နေ့ဖြစ်သော ဇန်နဝါရီလ ၁၀ရက်နေ့အား နှစ်စဉ် တရားဝင်ရုံးပိတ်ရက်အဖြစ် ပြန်လည်အတည်ပြု ပြဌာန်းပေးရန်အဆိုမှာ ဒီဇင်ဘာလ၁ရက်နေ့က ကျင်းပခဲ့သော ကချင်ပြည်နယ်လွတ်တော် အစည်း အဝေးတွင် ဆက်လက်ဆွေးနွေးခဲ့ရာ ကန့်ကွက်မဲများသော ကြောင့် ရှုံးနိမ့် ခဲ့သည်။
                                       
    
                                             ပတ်ကွိုင်သား

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ