ဗန်းမော် ဧရာဝတီမြစ်ကမ်းနားလမ်း ကျောက်စီမြေထိန်းနံရံ တည်ဆောက်မည်
ဗန်းမော် ဧရာဝတီမြစ်ကမ်းနားလမ်း ကျောက်စီမြေထိန်းနံရံ တည်ဆောက်မည်
ဗန်းမော်၊ ဒီဇင်ဘာ ၈
- ကချင်ပြည်နယ် ဗန်းမော်မြို့ တွင်ဧရာဝတီ မြစ်ဆိပ်ကမ်းသန့် ရှင်းသာယာလှပစေရေး၊ ရေယာဉ်များဆိုက်ကပ်ရပ်နား ဝင်ထွက်သွားလာမှု အဆင်ပြေစေရေး၊ မြို့ အင်္ဂါ နှင့်ညီညွတ် စေရေးအတွက် ဧရာဝတီမြစ် ကမ်းနားလမ်း ပေ ၃၀၀၀ တွင်ကျောက်စီ မြေထိန်းနံရံ ၊ကျောက်စီတမံ ၊RCC လှေခါး၊ ဆိပ်ကမ်းအဆင်း RCC လမ်း နှစ်ခု တိုကို တင်ဒါ အောင်မြင်သည့် ကုမ္ပဏီ များက မကြာမှီ တည်ဆောက်သွားမည်ဖြစ်ကြောင်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီထံမှသိရှိရသည်။
- ကျောက်စီမြေထိန်းနံရံကိုမြို့မရပ် ရှပ်ပြေး ဂိတ်မှခွန်သာရပ်ကွက် ရေရှင်ဘုန်တော်ကြီးကျောင်းအထိဆောက်လုပ်မည်ဖြစ်ပြီးအရှည် ၃၀၀၀ ပေဖြစ်ကြောင်းနှင့် ယင်းဆောက်လုပ်မှု နှင့် ပတ်သက်ပြီး တာဝန်ရှိသူများက တင်ဒါအောင်မြင်သည့် ကုမ္ပဏီလေးခု တို့အား ဆောက်လုပ်မည့်မြေနေရာကို မဲစနစ် ဖြင့် ၇၅၀ ပေစီခွဲဝေသတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
- ကျောက်စီမြေထိန်းနံရံကို ကချင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၃၀၅ ဒသမ ၈၈ ဖြင့်အင်ခိုင်ဘွန်၊ Asia CMI ၊ Sut Family ၊ Eagle Dragon တို့  ကမကြာမီ ဆောက်လုပ်မည်ဖြစ်ကြောင်း Sut Family ကုမ္ပဏီဝန်ထမ်း ဦးအေးဝင်း ကပြောသည်။
- ကုမ္ပဏီများက မိမိတို့တာဝန်ကျဆောက်လုပ် မည့်မြေနေရာတွင်း အမှိုက်ခြုံ နွယ်များ၊ သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်လင်း ခဲ့ကြ ပြီးဖြစ်ကြောင်း၊ ကျောက်စီမြေထိန်းနံရံ စည်မံကိန်းနယ် မြေတွင် ကျူးကျော်ဆောက်လုပ်၍ လူနေထိုင်ခြင်း၊ ဈေးရောင်းခြင်း၊ ကုန်သိုလှောင်ခြင်း ၊ အစရှိသည့် ကျူးကျော်တဲများကို အမြန်ဆုံးပြောင်းရွှေ့ ပေးကြရန် တာဝန်ရှိသူများက သတိပေး ပြောကြားခဲပြီး ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
- ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ ဒြုမို့ နယ် အုပ်ချုပ်ရေးမှူးဦးကျော်ထွန်းဦး နှင့် တာဝန်ရှိသူများသည်ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ပိုင်းကအဆိုပါကျောက်စီမြေထိန်းနံရံ ဆောက်လုပ်မည့် ဆိပ်ကမ်းနယ်မြေသို့ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြ ပြီးလုပ်ငန်းများစတင်နိုင်ရေးအတွက်လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဗန်းမော်သုခမိန်

Comments
Post a Comment