ခရစ္စမတ်ပွဲတော်နှင့် ဖီမော်ဒေသသို့ ကက်သလစ် သာသနာရောက်ရှိလာခြင်း (၂၅)နှစ်ပြည့် ငွေစင်ဂျူဗလီပွဲတော် ကျင်းပနိုင်ရေးအတွက် ဒေသပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ လုပ်အားပေးနေကြောင်း သိရ
ခရစ္စမတ်ပွဲတော်နှင့် ဖီမော်ဒေသသို့ ကက်သလစ် သာသနာရောက်ရှိလာခြင်း (၂၅)နှစ်ပြည့် ငွေစင်ဂျူဗလီပွဲတော် ကျင်းပနိုင်ရေးအတွက် ဒေသပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ လုပ်အားပေးနေကြောင်း သိရ
EPN
ချီဖွေ၊ ဒီဇင်ဘာ
EPN
ချီဖွေ၊ ဒီဇင်ဘာ
- တရုတ်မြန်မာနယ်စပ် ဒေသတစ်ခုဖြစ်သော ချီဖွေဘုန်းတော်ကြီးတပိုင်နယ်၊ ဖီမော်ဆရာဇုံနယ် ခရစ္စမတ်ပွဲတော်နှင့် ဖီမော်ဒေသသို့ ကက်သလစ်သာသနာ ရောက်ရှိခြင်း (၂၅)နှစ်ပြည့် ငွေစင်ဂျူဗလီ ကျေးဇူးတော်ချီးမွမ်း ဝတ်ပြုဆုတောင်းခြင်း အစီအစဉ်ကို ဖီမော်ဒေသရှိ စိန်မိုက်ကယ် ကက်သလစ်ဘုရားကျောင်း၌ ဒီဇင်ဘာ(၂၈)ရက်နှင့် (၂၉)ရက် (၂)ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဒီဇင်ဘာ(၁၆)ရက်နေ့မှ စတင်၍ ပွဲတော်ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ပြီး ဖီမော်ဒေသရှိ ဒေသပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှလည်း လာရောက်လုပ်အားပေး ပြုလုပ်ပေးနေကြောင်း သိရသည်
- “ကျနော်တို့ ဖီမော်ဒေသကို ကက်သလစ်သာသနာ ရောက်ရှိလာတာ ဒီနှစ်မှာ(၂၅)နှစ်ပြည့်ခဲ့ပါပြီ။ ငွေစင်ဂျူဗလီ အထိမ်းအမှတ်အနေနဲ့ ဂျူဗလီမှတ်တိုင် ကောင်းချီးပေး ဖွင့်လှစ်ခြင်းနဲ့ ဂျူဗလီ ဖယောင်းတိုင်ထွန်းညှိခြင်း အစီအစဉ်တွေပါမယ်။ ခရစ္စမတ် အထိမ်းအမှတ် မစ္ဆားတရားပူဇော်ခြင်းနဲ့ ဂျူဗလီ မစ္ဆားတရားပူဇော်ခြင်းတွေလဲပါဦးမယ်။ ကိုယ်တော်မြတ် စီတန်းလှည့်လည်ခြင်း၊ ဖျော်ဖြေရေး အစီအစဉ်တွေကော ထည့်သွင်းထားပါတယ်။ ငွေစင်ဂျူဗလီပွဲကြီးဆိုတော့ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်ဖြစ်အောင် လုပ်မှာဖြစ်လို့ ဒေသပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကလည်း တတ်နိုင်တဲ့ဖက်က ပါဝင်တဲ့အနေနဲ့ လုပ်အားပေးလာလုပ်ပေးနေကြတာဖြစ်ပါတယ်။” ဟု ငွေစင်ဂျူဗလီပွဲတော် ဖြစ်မြောက်ရေးအတွက် စိန်မိုက်ကယ် ကက်သလစ် ဘုရားကျောင်း၌ ဦးစီးလုပ်ကိုင် ဆောင်ရွက်လျှက်ရှိသော ဆရာဦးခလောင်တိန့်ဘောမ် ကပြောသည်။
- ချီဖွေဘုန်းတော်ကြီးတပိုင်နယ်၊ ဖီမော်ဆရာဇုံနယ်၌ ယခုကျင်းပပြုလုပ်မည့် ခရစ္စမတ်ပွဲတော်နှင့် ဖီမော်ဒေသတွင် ကက်သလစ်သာသနာ (၂၅)နှစ်ပြည့် ငွေစင်ဂျူဗလီ ပွဲတော်ကြီးကို နှစ်ရက်ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲတော်အစမှအဆုံးတိုင်အောင် အဆင်ပြေချောမွေ့စွာ ကျင်းပပြီးစီးနိုင်ရေးနှင့် ခမ်းခမ်းနားနား ကျင်းပနိုင်ရေးအတွက် မဏ္ဍပ်ဆောက်လုပ်ခြင်းမှအစ အခြားသော ပွဲတော်ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ဒေသပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် လုပ်အားပေးနေကြပြီဖြစ်သည်။
- “ဒီပွဲတော်ဟာ အရမ်းကို ဂုဏ်ယူစရာကောင်းတဲ့ ဘာသာရေးပွဲတော်ကြီးပါ။ ခရစ်ယာန်တွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ခရစ္စမတ်ပွဲတော်နဲ့အတူ ဖီမော်ဒေသရဲ့ ကက်သလစ် သာသနာ(၂၅)နှစ်ပြည့် ငွေစင်ဂျူဗလီဆိုတော့ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ဖြစ်စေချင်တယ်။ ကျနော်တို့ဒေသရဲ့ အကြီးအကဲဖြစ်တဲ့ ဥက္ကဠကြီး ဦးဇခုန်တိန့်ယိန်း ကိုယ်တိုင်လဲတက်ရောက်မယ်။ နောက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေကိုလဲ ဖိတ်ထားတယ်။ ဒါကြောင့် ကျနော်တို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အနေနဲ့ အခုကထဲက ပွဲဖြစ်မြောက် အောင်မြင်ရေးလာပြီး လုပ်အားပေးနေကြတာပါ။” ဟု ဖီမော်ဒေသ၊ ပြည်သူ့စစ်တပ်ခွဲမှူး ဦးချန်းလန်း ကပြောသည်။
- အဆိုပါ ပွဲတော်ကို ဖီမော်ဒေသရှိ စိန်မိုက်ကယ် ကက်သလစ် ဘုရားရှိခိုးကျောင်း၌ (၂၈)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် ခရစ္စမတ် မစ္ဆားတရားပူဇော်ခြင်း ပြုလုပ်မှာဖြစ်ပြီး၊ ညနေ(၄)နာရီ အချိန်တွင် ကိုယ်တော်မြတ် စီတန်းလှည့်လည်ခြင်း အစီအစဉ် ပါဝင်ပြီး ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
- (၂၉)ရက် နံနက်(၁၀)နာရီအချိန်တွင် ဂျူဗလီ ဖယောင်းတိုင် ထွန်းညှိခြင်းနှင့် ဂျူဗလီမှတ်တိုင် ကောင်းချီးပေး ဖွင့်လှစ်ခြင်း၊ ဂျူဗလီ ကျေးဇူးတင် မစ္ဆားတရားပူဇော်ခြင်းကို ကျင်းပမည်ဖြစ်ပြီး မွန်းလွှဲ(၁)နာရီတွင် ဂျူဗလီ ဂုဏ်ပြုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။ ၄င်းနေ့ ညပိုင်းတွင်လည်း ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။






Comments
Post a Comment