မိုးညှင်းမြို့တွင် ကားဖြငဆိုင်ကယ်အားအနောက်မှ တိုက်မိသဖြင့်အမျိုးသမီးတစ်ဦးသေဆုံး

မိုးညှင်းမြို့တွင် ကားဖြငဆိုင်ကယ်အားအနောက်မှ တိုက်မိသဖြင့်အမျိုးသမီးတစ်ဦးသေဆုံး

EPN
မိုးညှင်း ဒီဇင်ဘာ၂၅
  • မိုးညှင်းမြို့ နန်းမား-မိုးညှင်း ရွာချင်းဆက်ကားလမ်းမတွင်   လိုင်းကားမှန်လုံတစ်စီး မှ ဆိုင်ကယ်စီးသူအား ဒီဇင်ဘာ၂၄ရက်နေ့ညနေ (၃)နာရီအချိန်က အနောက်မှ ၀င်တိုက်မိသဖြင့် အမျိုးသမီးတစ်ဦးသေဆုံး ခဲ့ရကြောင်းသိရသည်။
  •  အဆိုပါအမျိုးသမီးမှာအသက်(၇၀)နှစ်ရှိ မိုးညှင်းမြို့ စိမ်းမြောက်ရပ်ကွံက် အိမ်အမှတ်(၄၄)နေ ဒေါ်အုံးမြင့်ဆိုသူဖြစ်ကြောင်းသိရသည်။
  • ကားတစ်စီးကအနောက်ကနေတိုက်တာဆိုတော့မတွေးဝံ့စရာပါ ဆိုင်ကယ်နောက်မှာ ထိုင်ပြီး စီးလာတဲ့ဒေါ်အုံးမြင့်ကလွင့်စဉ်ပြီးအခင်းဖြစ်တဲ့နေရမှာပွဲချင်းပြီးသေဆုံးခဲ့တာပါဟု နားခါရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်အေးကပြောသည်။
  • ဖြစ်စဉ်မှာ အင်ကြင်းကုန်းကျေးရွာအနီး မိုင်တိုင်အမှတ် (၅/၂)နှင့်(၅/၃)အကြား မိုးညှင်း-နန်းမား  ရွာချင်းဆက်ကားလမ်းမပေါ်  တွင် သာစည်ရပ်ကွက် အိမ်အမှတ် (၂၅) နေ အသက်(၁၇)နှစ်ရှိ မယဉ်ယဉ်အေး(ခ)မိဂျူးဆိုသူက KENBO 125 စိမ်းနက်ရောင် ဆိုင်ကယ်အား နန်းမားဒေသ ဘက်မှ မိုးညှင်းမြို့ဘက်သို့မောင်နင်ခဲ့ပြီးအနောက်တွင်ဒေါ်အုံးမြင့်မှလိုက်ပါလာခဲ့ကြောင်းသိရသည်  အဆိုပါဆိုင်ကယ်၏အနောက်မှ မြစ်ကြီးနားမြို့ သီတာရပ်ကွက်နေ အသက် ၃၂နှစ်ရှိ ခင်မောင်ထွန်းဆိုသူမောင်နင်ပြီးယာဉ်နောက်လိုက်ဇော်ဝင်းထွန်းလိုက်ပါလာသော  5k/6765  နံပါတ်ပါ  YUYONG မျိုးအစား  နီဝါရောင် မျိုးဆက်သစ် မှန်လုံ လိုင်းကား  တစ်စီးကဆိုင်ကယ်အားကျော်တက်ရာမှပွတ်ချိတ်မိပြီးဆိုင်ကယ်လဲကျစဉ်ကား၏ယာဘက်နောက်ဘီးဖြင့်ဒေါ်အုံးမြင့်အားတက်ကြိတ်မိခဲ့ကြောင်းသိရသည်။
  • အဆိုပါယာဉ်တိုက်မှုကြောင့် ဒေါ်အုံးမြင့်၏  ဦးခေါင်း မှာပွင့်ထွက်ကြေမွကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းသူ  မယဉ်ယဉ်အေး မှာ မှေးစေ့တွင် ပွန်းပဲ့ဒဏ်ရာနှင့် ၀ဲဘက်ပုခုံးတွင် နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်အဆိုပါယာကိုမဆင်မခြင်မောင်းနင်ခဲ့သူခင်မောင်ထွန်းဆိုသူအားယာဉ်ပ-(၃၆) ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၇ ဖြင့်ဖမ်းဆီးအရေးယူထားကြောင်းမိုးညှင်းမြို့မရဲစခန်းမှသိရသည်။
-သီဟ-

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ