တရုတ်နိုင်ငံသို့ မိခင်နှင့်အတူ ၂နှစ်အရွယ်ကလေးရောင်းစားခံရ

တရုတ်နိုင်ငံသို့ မိခင်နှင့်အတူ ၂နှစ်အရွယ်ကလေးရောင်းစားခံရ
 
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၎
  • ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရပ်ကွက်တွင် နေထိုင်သော ကလေးနှင့်အတူ မိခင် ဖြစ်သူကိုတရုတ်နိုင်ငံသို့ သိန်း၆၀ခန့်ဖြင့် ရောင်းစားခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့ အမှတ်၁၂ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ သိရသည်။
  • တရုတ်နိုင်ငံရှိ စက်ရုံများတွင် အလုပ်လုပ်ရန် မြန်မာငွေကျပ် တစ်လလျှင် ၃သိန်းခန့် ရရှိမည်ဖြစ် ကြောင်း၎င်းင်းသားအမိထံ တရားခံ မနီနီဝင်းမှ ဖုန်းဖြင့်ဆက်သွယ် ပြောဆိုလာသဖြင့် လိုက်သွားရာမှ ရောင်းစား ခံရခြင်းဖြစ်သည်။
  • ``အဓိက အရမ်းဆင်းရဲတော့ လိမ်ပြီးခေါ်တာကို တကယ်မှတ်ပြီး လိုက်သွားတာပေါ့နော် ၊ပါသွားတဲ့ ကလေးက၂နှစ်ဒီမှာလဲ ၁၁နှစ်အရွယ် ကလေးတစ်ယောက် ကျန်ခဲ့တယ် အမျိုးသားကလည်း ဆုံးသွားပြီ လူကုန်ကူး ခံရတဲ့ သားအမိကိုတော့ ရှာမတွေ့သေးဘူး တရုတ်မြန်မာ နှစ်နိုင်ငံဆက်သွယ်ရေးရုံးကနေတစ်ဆင့် ရှာခိုင်းထားပါတယ်´´ဟု မြစ်ကြီးနားမြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ ရဲအုပ်လှိုင်စိုးကပြော သည်။
  • နိုဝင်ဘာလ အတွင်းက လူကုန်ကူးခံသူ မဆောင်းမီးထံသို့ မနီနီဝင်းမှ ဖုန်းဖြင့်ဆက်သွယ်၍ ချိန်းဆို သံကို ကြားခဲ့ရသည့် မဆောင်းမီး၏ ၁၁နှစ်အရွယ်သားမှ ၎င်းတို့နှင့်တစ်ရပ်ကွက်ထဲ နေထိုင်သူ ဒေါ်ခင်စန်းဝင်း ကို ပြောပြအကူအညီတောင်းခဲ့ပြီး ဝိုင်းမော်မြို့နယ် မြို့မ ရဲစခန်းတို့ လာရောက်တိုင်ကြားသဖြင့် ရဲအုပ်လှိုင်စိုး၏ အဖွဲ့များနှင့် ပူးပေါင်း၍ ရွှေညောင်ပင်ရပ်ကွက် ၃မှတရားခံ မနီနီဝင်းကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းင်းကို ဝိုင်းမော်မြို့ မရဲစခန်းတွင် အမှုအမှတ် (ပ) ၈၉/၂၀၁၇ အမျိုးသမီး၊ လူငယ်ကလေးသူငယ်များကို လူကုန်ကူးသည့် ပုဒ်မ ၂၄အရ အမှုရေးဖွင့်ထားသည်။
  •  အဆိုပါ တရားခံကို စစ်မေးရာမှ မဆောင်းမီးနှင့် ၂နှစ်အရွယ် သားအမိအား နိုဝင်ဘာ ၂၅ရက်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မီးပွိုင့်လမ်းဆုံတွင် ဆက်သွယ်ချိန်းဆို၍ လိုင်းကားဖြင့် ကန်ပိုက်တီမြို့သို့ ခေါ်ဆောင်သွားပြီး တရားမဝင် လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ ထိန်ချုံး မြို့တွင် အသင့်စောင့်ဆိုင်း နေသော တရုတ်အမျိုးသမီး  တစ်ဦးထံ ယွမ်ငွေ ၃သောင်းဖြင့် ရောင်းစားခဲ့ပြီး ပြန်လာခဲ့ ကြောင်း သိရသည်။
  • ယခုနှစ် နိုဝင်ဘာလကလည်း  ဝိုင်းမော်မြို့အတွင်းရှိ နောင်စီပေါကျေးရွာတွင် နေထိုင်သော အမျိုးသမီး တစ်ဦးအား တစ်ရွာတည်းနေ  သားအမိနှစ်ဦးမှ မြန်မာငွေ  သိန်း၁၇၀ခန့်ဖြင့် ရောင်း စားခံရ မှုဖြစ်ပွားခဲ့ပြီး အဆိုပါ တရားခံ နှစ်ယောက်အနက် မိခင်ဖြစ်သူ ဒေါ်ဂျာဘောက်မှာ ထွက်ပြေးလွှတ်မြှောက်နေဆဲ ဖြစ်ကြောင်း သိရသည်။
                                                              မီးမီး

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ