ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်အဖြစ် ထာဝရအမေ ရုပ်ရှင်ကားကို မြစ်ကြီးနားမြို့၌ အခမဲ့ပြပေးလျှက်ရှိ

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်အဖြစ် ထာဝရအမေ ရုပ်ရှင်ကားကို မြစ်ကြီးနားမြို့၌ အခမဲ့ပြပေးလျှက်ရှိ
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၉

  •  မြစ်ကြီးနားမြို့၌ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်အဖြစ် ဧရာရုပ်ရှင်ရုံတွင် မိခင်မေတ္တာ ဖော်ညွှန်းသော အသိပညာပေး ဇာတ်ကားဖြစ်သည့် ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသခဲ့ ကြောင်း သိရသည်။  
  • အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို ဝတ္ထု ဒေါက်တာခင်မောင်ဝင်း ကရေးသားထားပြီး၊ ၄င်း၏ဘဝဇာတ် ကြောင်းကို ပုံဖော်ရေးသားထားခြင်းဖြစ်သည်ဟု သိရသည်။
  • “ဒီဇာတ်ကားကို ဒေါက်တာခင်မောင်ဝင်း ကသူ့ဘဝအကြောင်း ခံစားရေးသားထားတယ်လို့ ပြောတယ်။ ဇာတ်ကားမှာတော့ မင်းသားနေတိုးက သရုပ်ဆောင်ထားတာပေါ့။ မိခင်မေတ္တာ အကြောင်းရေးသားပြီး ရိုက်ကူး ပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းလေးပါ။ မြစ်ကြီးနားက ပရိတ်သတ်တွေကလဲ အားပေးကြပါတယ်။ ဒီဧရာ ရုပ်ရှင်ရုံမှာ ခုံ(၄၁၈)ခုံရှိတာ အကုန်အပြည့်ပဲ၊ ခုလိုရုံပြည့်အောင် လာအားပေးလို့ အရမ်းဝမ်းသာပါတယ်။” ဟု အဆိုပါဇာတ်ကား ပြသရေး ကိုယ်စားလှယ် ဦးသောင်းတင် ကပြောသည်။
  • မြစ်ကြီးနားမြို့၊ ဧရာရုပ်ရှင်ရုံကြီးတွင် ပြသလျှက်ရှိသော မိခင်မေတ္တာကို ဖော်ညွှန်းသည့် ထာဝရအမေ ဇာတ်ကားကို ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်အဖြစ် ပညာပေးဇာတ်လမ်းအဖြစ် အခမဲ့ပြသပေးနေ ခြင်းဖြစ်ကာ လာရောက်ကြည့်ရှုသူများမှလည်း မိခင်မေတ္တာကို အကောင်းမွန်ဆုံး ရိုက်ကူးပုံဖော်ထားသည့် ၄င်းဇာတ်ကားမှ အသိပညာ ဗဟုသုတများစွာရရှိကြောင်းပြောသည်။
  • “’ဒီဇာတ်ကားကို ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် အခမဲ့ပြမယ်ဆိုတော့ ခုလောက်ကြီး သိပ် ကောင်းမယ် မထင်ထားဘူး။ ပြီးပြီးရောရိုက်ထားတာပဲနေမှာလို့ထင်ထားတာ၊ လာကြည့်မှပဲ အရမ်းကောင်း ပြီး အရမ်းလဲ ဗဟုသုတရပါတယ်။ ဝတ္ထုရေးတဲ့ ဒေါက်တာခင်မောင်ဝင်းနဲ့ ဒါရိုက်တာတွေကော အားလုံးကြိုးစား ထားမှန်း သိသာပါတယ်။ သုတကော ရသပါပေးတဲ့ ဇာတ်ကားလို့ပြောချင်ပါတယ်။ ” ဟု ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးကို လာရောက်ကြည့်ရှုခဲ့သူ မအေးသီတာ ကပြောသည်။
  • ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးကို ဝတ္ထု ဒေါက်တာခင်မောင်ဝင်း ကရေးသားပြီး၊ ဇာတ်ညွှန်းကို မိုးနီလွင် ကတာဝန်ယူကာ ဒါရိုက်တာအဖြစ် ထပ်ဆင့်အကယ်ဒမီ စင်ရော်မောင်မောင် ကခံစာတင်ပြထားသည့် ဇာတ်ကားကောင်း တစ်ခုဖြစ်ပြီး သရုပ်ဆောင်များအနေနှင့် ထပ်ဆင့်အကယ်ဒမီများ ဖြစ်ကြသည့် နေတိုး၊ ဝတ်မှုန်ရွှေရည်၊ ရဲအောင်၊ မေသန်းနု တို့အပြင် သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားသော မိခင်မေတ္တာဘွဲ့ ဖော်ကျူးသော သုတ၊ ရသ နှစ်မျိုးလုံးခံစာနိုင်သည့် ရုပ်ရှင်ဇာတ်လမ်းကောင်း တစ်ခုဖြစ်ကာ ၂၀၁၇ခု၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ ဧ၇ာရုပ်ရှင်ရုံကြီးတွင် ဒီဇင်ဘာလ(၈-၉-၁၀)ရက်များတွင် (၃)ရက်တိုင် နံနက်(၈) နာရီ ခွဲမှစတင်ကာ အခမဲ့ပြသပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

                                  ဘရန်ဆိုင်း


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ