“ မိုးညှင်းတွင် ရွှေပေါက္ကံ ကျူးကျော်ကျေးရွာအား ဥပဒေအရ တရားစွဲဆိုမှုကင်းလွှတ်ပြီ”

“ မိုးညှင်းတွင် ရွှေပေါက္ကံ ကျူးကျော်ကျေးရွာအား ဥပဒေအရ တရားစွဲဆိုမှုကင်းလွှတ်ပြီ”
 
EPN
မိုးညှင်း ဒီဇင်ဘာ၂၄
  • ကချင်ပြည်နယ် မိုးညှင်းမြို့နှင့်၃မိုင်ခန့်ကွာဝေးသော ရွှေပေါက္ကံ ကျူးကျော်ကျေးရွာအား ဥပဒေအရ တရားစွဲဆိုရန် ပြအမှုဖွင့်ပြီးရာမှ ပြန်လည်ကင်းလွှတ် ခွင်ရရှိပြီဖြစ်ကြောင်း ရွှေပေါက္ကံ ကျူးကျော်ကျေးရွာသားများကပြောသည် ။
  • အဆိုပါကျေးရွာမှာမိုးညှင်းမြို့နယ်အတွင်းရှိအစိုးရ၀န်ထမ်းဟောင်းများအိုးမဲ့အိမ်မဲ့ဖြစ်နေသောအခြေခံလူတန်းစား ပြည်သူ(၁၅၀)ကျော်တို့အားယခုနှစ်ဇွန်လ၂၀ရက်နေ့တရားစွဲဆိုရန်မိုးညှင်းမြို့နယ်မြေစာရင်းဦးစီးဌာနမှမိုးညှင်းမြို့မရဲစခန်းတွင်အမှုဖွင့်ထားခဲ့ရာမှကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးအချို့၏ကူညီမှုကြောင့်ပြန်လည်ကင်းလွှတ်ခွင့်ရရှိခဲ့ကြောင်းသိရ သည်။
  • အခုလိုတရားစွဲဆိုအရေးယူမှုကနေပြန်လည်ကင်းလွှတ်ခွင့်ပေးခဲ့လို့ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူဗမာတိုင်းရင်းသားရေးရာဝန်ကြီး ၊လီစူတိုင်းရင်းသားရေးရာဝန်ကြီးတို့ကိုကျေးဇူးအထူးတင်ရှိပါတယ် အဓိကကတော့ ဗမာ တိုင်းရင်းသားရေးရာဝန်ကြီးဦးဒိတ်နဲ့လီစူဝန်ကြီးတို့ရဲ့တင်ပြချက်အရဝန်ကြီးချုပ်အနေနဲ့ကူညီဖြေလျော့ပေးတာလို့သိရပါတယ် အခုလိုဆင်းရဲနွမ်းပါတဲ့ပြည်သူတွေရဲ့အခက်အခဲတွေကိုကူညီပေးတဲ့အစိုးရအဖွဲ့ကိုအမြဲထောက်ခံအားပေးနေမှာပါဟု ရွှေပေါက္ကံ ကျူးကျော်ကျေးရွာနေထိုင်သူ ဦးထွေးသိန်းကပြောသည်။
  • အဆိုပါကင်းလွှတ်ခွင့်နှင့်ပါတ်သက်ပြီးမိုးညှင်းမြို့မရဲစခန်းတွင်စုံစမ်းရာ ဥပဒေ အကြံပေးဖြစ်သည့် မိုးညှင်းမြို့နယ် ဥပဒေရုံးမှတရားစွဲဆိုရန်မသင့်ဟု အကြံပြုထားကြောင်း မိုးညှင်းမြို့မရဲစခန်းကပြောသည် ။
  • ကျူးကျော်အိမ်နဲ့ပါတ်သက်လို့နေထိုင်နေသူ(၁၆၀)ဦး ကိုစစ်ဆေးခဲ့ပြီးတရာစွဲဆိုဖို့မြို့နယ်ဥပဒေရုံးကို တင်ပေး လိုက်တဲ့အချိန်မှာ တရားစွဲရန်မသင့်ကြောင်းအကြံပြုထားပါတယ် အခုခရိုင်ဥပဒေရုံး ကိုဆက်လက်တင် ပြဖို့ရှိနေပါတယ် ခရိုင်ဥပဒေရုံးကတရားစွဲရန် မသင့်ကြောင်း အကြံပြုတာနဲ့အမှုကိုရိတ်သိမ်းရပါမယ်  ခရိုင်အဆင့်ဆင့် ကခွင့်ပြုတာနဲ့ အမှုကိုရုတ်သိမ်းပါတော့မယ် ဟုမိုးညှင်းမြို့မရဲစခန်း ဒုရဲစခန်းမှူးရဲအုပ်ညွှန်လှိုင်ကပြောသည်။
  • အဆိုပါအမှုနှင့်ပါတ်သက်ပြီးကချင်ပြည်နယ်အစိုးရအဖွဲ့မှ တရားစွဲဆိုသည့် အမှုအားပြန်လည် ရုတ်သိမ်းနိုင်ရန် အကြံပြုစာများကို သက်ဆိုင်ရာများသို့ပေးပို့ထားကြောင်း ရွှေပေါက္ကံကျေးရွာသားများထံမှသိရသည်။
  • အခုလို အမှုပိတ်သိမ်းပေးလို့ကျွန်တော်တို့ဝန်ထမ်းဟောင်းတွေနေထိုင်ဖို့အတွက် မြေနေရာတစ်ခုရလို့ ကျေးဇူး တင်ဝမ်းမြောက်ရပါတယ်  အခုကျေးရွာမှာလည်း အိုးမဲ့အိမ်မဲ့ပြည်သူတွေရဲ့ကလေးတွေကို ပညာရေးဌာနရဲ့အကူအညီနဲ့  ကိုယ်ထူကိုယ်ထကျောင်းလေးဖွင့်ထားပြီး ပညာသင်ပေး နေတဲ့ကျောင်းသားကျောင်းသူ(၂၇)ဦးရှိနေပါတယ်  အစိုးရဲ့ ကူညီပေးမှုကြောင့်ကျွန်တော်တို့ချမ်းသာစွာနေထိုင်ခွင်ရရှိခဲ့ရပါတယ်ဟုရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးဘရင်ကပြော သည်။
  • အဆိုပါကျေးရွာအား တရားစွဲဆိုခဲ့ရာ (၃)နှစ်တိုင်တိုင်ပြည့်သည့် ဒီဇင်ဘာ၂၄ ရက်နေ့၌  မနက်၉နာရီအချိန်တွင် သံဃာတော်များအားဆွမ်းနှင့်ခဲဘွယ်များဆက်ကပ်လှူဒါန်းကြပြီးတရားတော်နာခဲ့ကြကြောင်းသိရသည်။
  • အဆိုပါ ကျူးကျော်မြေနေရာသည် မြေလွှတ်မြေရိုင်းအနေနဲ့  ၂၄  ဧကရှိသည့် အနက် အိုးမဲ့အိမ်မဲ့ ပြည်သူများက ၁၅  ဧကခန့်ကို ကျူးကျော်ကာ နေအိမ် အလုံးရေ ၁၆၀ လုံးကို ဥပဒေမဲ့ တည်ဆောက်ကာနေထိုင်ခဲ့ကြသဖြင့်အမှုဖွင့် တရားစွဲဆိုရန်ပြင်ဆင်ခဲ့ကြ ကြောင်းသိရသည် ။
သီဟ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ