ဧရာဦးစစ်ဆင်ရေးအဖွဲ့မှမူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ဧရာဦးစစ်ဆင်ရေးအဖွဲ့မှမူးယစ်ဆေးဝါးများဖမ်းဆီးရမိ
EPN
ဟိုပင် ဒီဇင်ဘာ ၅
EPN
ဟိုပင် ဒီဇင်ဘာ ၅
- မိုးညှင်းမြို့နယ်မော်ဟန်ကျေးရွာအနောက်ဘက်နမ္မချီမှော်သို့သွားရာကားလမ်းတွင်ဒီဇင်ဘာ(၄)ရက် ညနေ၄နာရီအချိန်၌မူးယစ်တားဆီးနှိမ်နှင်းရေး ဧရာဦးစစ်ဆင်ရေးအဖွဲ့၏မှုးယစ်တားဆီးရေး စီမံချက်အရ သွားရောက်စောင့်ဆိုင်းနေစဉ်မူးယစ် ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေး အဖွဲ့ဒုရဲအုပ် ဇော်လွင်ကပြောသည်။
- ဖြစ်စဉ်မှာမိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှုခင်းနိပ်နှင်းရေးအဖွဲ့နှင့်မိုးညှင်းမြို့နယ်မူးယစ်တပ်ဖွဲ့စု(၃)နှင့်မိုးညှင်းမြို့မရဲစခန်းနယ်ထိန်းအဖွဲ့တို့ပူးပေါင်းပြီးမော်ဟန်နမ္မချီမှော်သွားကားလမ်းနှင့်မော်ပင့်လမ်းခွဲလမ်းမပေါ်တွင်နမ္မချီမှော်ဘက်မှမော်ဟန်ကျေးရွာဘက်သို့လမ်းလျှောက်လာသောမိုးညှင်းမြို့နယ် ပင့်သာကျေးရွာနေ အောင်စိုးထွန်း အသက်(၃၀)နှစ်ဆိုသူအားမသင်္ကာသဖြင့်ရှာဖွေစစ်ဆေးခဲ့ရာ၎င်းလွယ် ထားသောဘေးလွယ်အိတ်အတွင်းမှ ကော်ဗူးငယ်ဖြင့်ထည့်ထားသည့်ဘိန်းဖြူဟုယူဆသောဖြူဝါကြားအမှုန့်အလေးချိန်(၀.၃)ဂရမ်ခန့်ပါ(၂၂)ဗူးစုစုပေါင်းအလေးချိန်(၆.၆)ဂရမ်ခန့်နှင့်အပြာရောင်ကပ်ခွာအိတ်အတွင်းထည့်လျှက်စိတ်ကြွရူးသွပ်ဆေးပြား88/1စာတမ်းပါပန်းရောင်ဆေးပြား(၄၀)ပြားအလေးချိန်(၄)ဂရမ်ခန့်စုစုပေါင်း ကာလ တန်ဖိုးကျပ် (၅၈၂၀၀၀)ရှိမူးယစ်ဆေးဝါးများအားတွေ့ရှိသဖြင့်ဖမ်းဆီးခဲ့ကြောင်းသိရသည်။
- မူးယစ်ဆေးဝါးနှင့်အတူဖမ်းဆီးရမိခဲ့သောမိုးညှင်းမြို့နယ်ပင့်သာကျေးရွာနေအောင်စိုးထွန်းအသက် (၃၀)နှစ်အားမိုးညှင်းမြို့မရဲစခန်းမှ မယ(ပ)၁၈၁၊ မူး/စိတ်ပုဒ်မ၁၅/၁၉(က)ဖြင့်ဖမ်းဆီးအရေးယူထားကြောင်းသိရ သည်။

Comments
Post a Comment