မြစ်ကြီးနားတက္ကသိုလ်တွင် မူးယစ်ကင်းစင်ဇုန်ဖြစ်ရန် စီမံချက်ချ၍ ပြုလုပ်သွားမည်
မြစ်ကြီးနားတက္ကသိုလ်တွင် မူးယစ်ကင်းစင်ဇုန်ဖြစ်ရန် စီမံချက်ချ၍ ပြုလုပ်သွားမည်
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၂၃
မီးမီး
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၂၃
- မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းတွင် မူးယစ်ဆေးဝါး ပပျောက်စေရန်နှင့် မူးယစ်ကင်းစင်ဇုန်ဖြစ်ရန် စီမံချက်ကို တစ်နှစ်ခန့် အချိန်ယူ၍ပြုလုပ်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
- ကချင်တစ်ပြည်နယ်လုံးရှိ တက္ကသိုလ်ကျောင်းများတွင် မူးယစ်ကင်းစင်ဇုန်ဖြစ်ရန် ပြုလုပ်သွားမည်ဖြစ်ပြီးဒီဇင်ဘာ ၂၂ရက်က မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းသူကျောင်းသားများကို မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးသည့် အခမ်းအနား တွင်ပြောခြင်းဖြစ်သည်။
- ``မူးယစ်ကင်းစင်ဇုန်ဖြစ်ဖို့ စီမံချက်ကာလက ဒီလကစနေပြီမို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ တက္ကသိုလ် ကျောင်းဝင်းထဲကို ယူဆောင်မလာဖို့ သတိပေးလိုပါတယ် သုံးစွဲ၊ရောင်းဝယ်၊ဖြန့်ဖြူးတယ်လို့ ထင်တဲ့ ကျောင်းသားကို ခေါ်ယူ အသိပေးတာ အရင်လုပ်မယ် ဟန့်တားလို့မရ ရင်အရေးယူဆောင်ရွက်တာတွေ လုပ်သွားပါမယ်၊ တက္ကသိုလ်၊ အထွေထွေအုပ်ချုပ်ရေး နဲ့ ကျွန်တော်တို့ကညှိနှိုင်းပြီး ပြုလုပ်သွားမှာဖြစ်လို့ လျှော့နည်းကျဆင်းလာပြီး စီမံချက် ကာလအောင်မြင်မယ်လို့ ခန့်မှန်းရပါတယ်´´ဟု ကချင်ပြည်နယ်၏ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး လွင်မောင်သိန်း ကပြောသည်။
- ကချင်ပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်အရ ပြင်ပကားများနှင့် ကျောင်းသူကျောင်းသားမဟုတ်သူများ မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန်နှင့် ရှောင်ကွင်းလမ်းမှသာသွားကြရန် ကျောင်းသူ၊ကျောင်းသား နှင့် ဆရာဆရာမများ လည်ဆွဲကဒ်များကို ဆွဲထားကြရန် ၊ ကျောင်း၏ လုံခြုံရေးဝန်ထမ်းများ၊ ရပ်ကွက်အရန်မီးသတ်တပ် ဖွဲ့ဝင်များ၊ တာဝန်ကျယာဉ်ထိန်းနှင့် ရဲတပ်ဖွဲ့ဝင်များမှ မြစ်ကြီးနားတက္ကသိုလ် အဝင်ဂိတ်တွင် ဒီဇင်ဘာလ ၂၀ရက်မှ စတင် စီစစ်လျှက်ရှိကြောင်း မြစ်ကြီးနားတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ထံမှ သိရသည်။
- ``မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးကျောင်းမှာ စည်းကမ်းသီးသန့်ထုတ်တာတော့ မရှိဘူး ကျောင်းသူကျောင်းသား တွေရဲ့ လုံခြုံရေးအတွက် အထူးသဖြင့် တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ပြင်ပကမူးယစ်ဆေးဝါး လာရောက်သုံးစွဲတဲ့ သူတွေ၊ ပြင်ပကား ပြင်ပဆိုင်ကယ်တွေ မဝင်ရောက်နိုင်ဖို့ စီစစ်နေတာတော့ စလုပ်နေပြီ´´ဟုမြစ်ကြီးနားတက္ကသိုလ် ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ဂျပ်ကပြောသည်။
- ယခုနှစ်တွင် ဆေးထိုးအပ်များကို မြစ်ကြီးနား တက္ကသိုလ်အတွင်းရှိ ကျားအိမ်သာအတွင်းတွင် အများဆုံးတွေ့ရှိ ရပြီး ပြင်ပမှလူများ အဆိုပါနေရာတွင် မူးယစ်ဆေးဝါး လာရောက်သုံးစွဲခြင်းသာမကဘဲ ကျောင်းသားများမှလည်း သုံးစွဲနိုင် သည့် လက္ခဏာများကို တွေ့ရကြောင်း အဆိုပါကျောင်းမှ ရုပဗေဒ ကျောင်းသားများထံမှ သိရသည်။
မီးမီး

Comments
Post a Comment