တစ်​ဆုပ်​ဆန်​လှူ အသင်းမှ မိဘမဲ့ က​လေးသူငယ်​ဖွံ့ဖြိုး​ရေးပရဟိတ​ဂေဟာများသို့ဆန်​လှူဒါန်း

တစ်​ဆုပ်​ဆန်​လှူ အသင်းမှ မိဘမဲ့ က​လေးသူငယ်​ဖွံ့ဖြိုး​ရေးပရဟိတ​ဂေဟာများသို့ဆန်​လှူဒါန်း

EPN
မြစ်ကြီးနား ဒီဇင်ဘာ ၂၁

  •   တစ်​ဆုပ်​ဆန်​လှူ အသင်းမှ မိဘမဲ့က​လေး သူငယ်​ဖွံ့ဖြိုး​ရေး ပရဟိတ​ဂေဟာများသို့ ဆန်​လှူဒါန်းမှု ကို ဒီဇင်ဘာ (၂၁)ရက်​​နေ့တွင်​ ယင်း​ဂေဟာများ၌ ​ပေးအပ်​လှူဒါန်း မှု ပြု လုပ်ခဲ့ကြသည်​။
  •      ပထမဦးစွာ တစ်​ဆုပ်​ဆန်​လှူ အသင်း၏ ​ကော်​မတီဝင်​များသည်​ နံနက်​(၉)နာရီ တွင်​ မြစ်​ကြီးနား မြို့၊တပ်​ကုန်းရပ်​ကွက်​၊အင်​ဂျန်​ဒုံ ​မြောက်​ရှိ "အလင်းသက်​​သေ"မိဘမဲ့၊က​လေးသူငယ်​ ဖွံ့ ဖြိုး​ရေး​ဂေဟာသို့ ​ရောက်​ရှိပြီး က​လေးသူငယ်​(၃၆)ဦး.အတွက်​ တစ်​တင်းခွဲဆန်​အိတ်​(၃)အိတ်​ကို တစ်​ဆုပ်​ဆန်​လှူအသင်း ဥက္ကဌ ဦးညွန့်​ဝင်းက တာဝန်​ခံ ဆရာ ဦးမိုးနိုင်​ ထံသို့​ပေးအပ်​ခဲ့​ကြောင်း၊ဆန်​လှူအသင်းဥက္ကဌ ဦးညွန့်​ဝင်းက လှူဒါန်းမှု နှင့်​ပတ်​သက်​၍ရှင်းလင်း​ပြော ကြားကာ ​ဂေဟာတာဝန်​ခံက ​ကျေးဇူးတင်​စကား ပြန်​လည်​​ပြောကြားပါသည်​။
  •      ဆက်​လက်​၍ ဆန်​လှူအသင်း​ကော်​မတီဝင်​များသည်​ နံနက်​(၁၀း၁၅)နာရီတွင်​ ပမ္မတီးရပ်​ကွက်​၊​ရေကြည်​နယ်​​မြေရှိ ​"နေခြည်​" လူငယ်​ဖွံ့ဖြိုး​ရေးပရဟိတ ​ဂေဟာသို့​ရောက်​ရှိလျှက်​ လူငယ်​(၃၆)ဦးအတွက်​ တစ်​တင်းခွဲဆန်​အိတ်​ (၅)အိတ်​ကို တစ်​ဆုပ်​ဆန်​လှူ အသင်း ဥက္ကဌ
  • ဦး ညွန့်​ဝင်းက ​ပေးအပ်​လှူဒါန်း ရာ ​ဂေဟာမှူး ဦးဒီးဇီ မှ လက်​ခံရယူပါသည်​။
  •      ထို​နောက်​ တစ်​ဆုပ်​ဆန်​လှူအသင်း ဥက္ကဌ ဦးညွန့်​ဝင်းက လှူဒါန်​ရခြင်းနှင့်​ပတ်​သက်​ ၍ရှင်းလင်း​ပြောကြားပြီး တာဝန်​ခံ က ​ကျေးဇူးတင်​ စကား​ပြောကြားကာ ဆု​တောင်းဆက်​ကပ်​မှု ပြုခဲ့ကြောင်းသိရသည်​။
  •     တစ်​ဆုပ်​ဆန်​လှူအသင်း ဥက္ကဌ ဦးညွန့်ဝင်းက"ကျွန်ေ​တ်ာတို့  တ​စ်​ဆုပ်​ဆန်​လှူ အသင်းအ​နေဖြင့်​ လူမျိုး၊ဘာသာမခွဲ ခြား၊နိုင်​ငံ​ရေးအ​သွေးအ​ရောင်​မခွဲခြား လှူဒါန်းမှု ပြု​နေတာပါ မိုးတွင်းရာသီများကလဲ မြစ်ကြီးနား မြို့ပေါ် ရပ်ကွက်အတွင်း ရေကြီးနစ်မြုပ်မှု့ များမှာလည်း ပြည်သူများကို ထမင်းထုတ်များ လိုက်လံဝေဌပေးခဲ့ပါတယ်" ဟုပြောသည်။
  • တစ်ဆုပ်ဆန်လှူ  အသင်းကို   မြစ်​ကြီးနား မြို့နယ်
  • ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး ​ရေးပါတီမှ ဖွဲ့စည်းတည်ထောင်ထားပြီး အသင်းအနေဖြင့်
  • လစဉ်​လှူဒါန်း ရရှိလာသည့်​တစ်​ဆုပ်​ဆန်​များအား မီးဘေး၊ရေဘေး၊ငလျင်ဘေး၊သဘာဝဘေးအန္တရာယ်များ ပြည်သူလူထုအပေါ်ကျရောက်ခဲ့ပါက အချိန်နှင့်တစ်ပြေညီ လူမျိုးဘာသာမရွေး ကူညီနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားသောအဖွဲ့ဖြစ်ပြီး ဘာသာ၊လူမျိုး မခွဲခြားဘဲ လူမှု​ရေးအခက်​အခဲများ၊ဘာသာသာသနာ  အလှူအတန်းများတွင်​ ပါဝင်​​ဆောင်​ရွက်​ သွားမည်​ဖြစ်​ကြောင်းသိရသည်။
                                                          စိုင်းဆိုင်မင်း





Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ