မြစ်​ကြီးနားတွင်​ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အမျိုးသားတစ်ဦးကို မူးယစ်​ဆေးဝါးနှင့်​အတူဖမ်းဆီး

မြစ်​ကြီးနားတွင်​ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အမျိုးသားတစ်ဦးကို မူးယစ်​ဆေးဝါးနှင့်​အတူဖမ်းဆီး
EPN
မြစ်​ကြီးနား၊ ဒီဇင်​ဘာ ၉

  • မြစ်ကြီးနားမြို့ရှိ မင်းရပ်ရပ်ကွက်၏ အုပ်ချုပ်ရေးမှုးနှင့်အတူ အမျိုးသားတစ်ဦးကို မူးယစ်မှုဖြင့် ဒီဇင်​ဘာလ ၉ရက်​​နေ့ ​နေ့လည်​က  ဖမ်းမိခဲ့ကြောင်း မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းမှ သိရသည်။

  • မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် နယ်မြေ ၉ အိမ်အမှတ်၃၄၂ မင်းမင်း၏ နေအိမ် အိပ်ခန်းအတွင်းသို့ သတင်းအရ ဝင်ရောက်ရှာဖွေရာမှ ၎င်းနှင့်အတူ မင်းရပ်ရပ်ကွက် အုပ်ချုပ်ရေးမှုး ကျော်ဝင်းနောင်တို့ နှစ်ဦးကို  မူးယစ်​​ဆေးဝါးများနှင့်အတူ တွေ့ရှိဖမ်းမိခဲ့ခြင်းဖြစ်သည်။

``မူးယစ်​​ဆေးဝါးသုံးစွဲထားလား ဆိုတာကတော့ မသိသေးဘူး  အခုက လက်ဝယ်တွေ့ရှိထားတာ၊
  • မနက်​ဖြန်​ မူးယစ်ဆေးစွဲကုဆေးရုံမှာ ဆီးတွေ၊ဆေးတွေစစ်ဆေးမှာပါ၊အဲ့ဒီလို စစ်ဆေးပြီးမှ ၁၄ရက်ကြာရင် သုံးစွဲထားခြင်း၊ရှိမရှိအဖြေသိရမှာ၊အခုလော လောဆည် နှစ်ယောက်စလုံးကို၊ဒီစခန်းမှာ ချုပ်ထားပါတယ် ´´ဟု မြစ်​ကြီးနားမြို့ နယ်မြေရဲစခန်းမှ စခန်းမှုး ဒုရဲမှုး  ရဲမှုးသိန်းဇော်ကပြောသည်။

  • အဆိုပါ ယုဇနရပ်ကွက်မှ မင်းမင်း၏ နေအိမ်အိပ်ခန်းအတွင်း ကုတင်ပေါ်တွင် ၎င်းတို့နှစ်ဦးကို အတူထိုင်လျှက် တွေ့ရှိရပြီး မင်းမင်း၏ လက်အတွင်းမှ ပလပ်စတစ်အိတ်ဖြင့် ထုတ်ထားသည့် ဘိန်းဆီခဲဟု ယူဆရသော အမဲရောင်အစေး အလေးချိန်၁.၆ဂရမ်(တန်ဖိုး၆၇၂၀ကျပ်)ကို သိမ်း ဆည်းမိခြင်းဖြစ်ကြောင်း နယ်မြေရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

  • အဆိုပါတရားခံဟုယူဆရသူ မင်းမင်းနှင့်ကျော်ဝင်းနောင်တို့ နှစ်ဦးကို မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းတွင် အမှုအမှတ်(ပ)၁၃၇/၂၀၁၇၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ၁၅/၁၆(ဂ)/၂၁ ဖြင့် အမှုရေးဖွင့်ထားပြီး၊ဒုရဲအုပ်မြင့်သန်းဦးမှ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

                                          မီးမီး

Comments

  1. ရှုတ်ပါတယ် အကုန်လုံးကို ဟိုနိုင်ငံကလုပ်သလိုသာလုပ်လိုက်ပါလား

    ReplyDelete
  2. ရှုတ်ပါတယ် အကုန်လုံးကို ဟိုနိုင်ငံကလုပ်သလိုသာလုပ်လိုက်ပါလား

    ReplyDelete

Post a Comment

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ