တိုကျိုသောက်ရေသန့်ကို ဈေးကွက်အတွင်း ရောင်းချခွင့် ယာယီတားမြစ်ထား

တိုကျိုသောက်ရေသန့်ကို ဈေးကွက်အတွင်း ရောင်းချခွင့် ယာယီတားမြစ်ထား
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၃

  • မြစ်ကြီးနားမြို့တွင်းရှိ ဈေးကွက်အတွင်းတွင် ရောင်းချနေသော တိုကျိုအမှတ်တံဆိပ်ပါ သောက်ရေသန့် ကို ဈေးကွက်အတွင်း ရောင်းချခွင့် ယာယီတားမြစ်ထားကြောင်းစားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
  • မြစ်ကြီးနားမြို့ရှိ ရေသန့်၎မျိုး၏ ရေနမူနာကို စက်တင်ဘာလအတွင်းက ပို့ဆောင်စစ်ဆေးရာတွင် တိုကျို ရေသန့်သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၏ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိကြောင်း နိုဝင်ဘာလ ၂၈ရက်နေ့တွင်  တရားဝင် စာထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
  • ``အဓိကကတော့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ အဏှဇီဝ ဓာတုဗေဒ  သတ်မှတ် ချက်တွေနဲ့ မကိုက်ညီတာပေါ့နော် ဒီဇင်ဘာလ ပထမအပတ်မှာ ကျွန်တော်တို့ဌာနကနေ ပြည်နယ်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ကို တင်ပြမယ် အဲ့ဒီက ဆုံးဖြတ်ချက် ရပြီးမှပဲ ဘာဆက်လုပ်ရမလဲဆိုတာ သိမှာ ပေါ့´´ဟု မြစ်ကြီးနားခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်မြင့်ကပြောသည်။
  • ထို့အပြင် အဆိုပါတိုကျိုအမှတ်တံဆိပ်ပါ သောက်ရေသန့်ကို စစ်ဆေးချက်မအောင်မြင်သည့်အတွက် ရောင်းချခွင့် ယာယီပိတ်ထားကြောင်း ရေသန့်လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးအာဖူကပြောသည်။
  • မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့အတွင်းရှိ ရေသန့်၁၅မျိုးကို ၂၀၁၆ သြဂုတ်လတွင်တစ်ကြိမ်နှင့် ယခုနှစ် ဖေဖော်ဝါရီလ ၊သြဂုတ်လနှင့် စက်တင်ဘာလတွင် ၃ကြိမ် စုစုပေါင်း ၄ကြိမ် ရေနမူနာများကို စစ်ဆေးခဲ့ရာတွင် တိုကျိုသောက်ရေသန့်မှာ ၄ကြိမ်တိုင် သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိကြောင်း သိရသည်။
  • ``ကျွန်တော်တို့ကိုတော့ ရေနမူနာ ထပ်ပြီးပေးပို့ပါရန် လို့ပဲFDAကညွှန်ကြားထားပါတယ် စက်ပြင်ဆင် မှုတွေ ထပ်လုပ်နေပါတယ် ကျွန်တော် တရားဝင်လိုင်စင် လျှောက်ထားတာကလည်း ၂၀၁၈ထဲမှာမှ သက်တမ်း ကုန်မှာပါ´´ဟုတိုကျိုသောက်ရေသန့်ပိုင်ရှင် ဦးဇော်ဝင်းကပြောသည်။
  • အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသော သောက်ရေသန့် များ မှာ မြစ်ကြီးနားမြို့တွင် စိန်ဝတီ၊ ဧရာဝတီစိမ်းLiving water ၊Happy water ၊Golden pot၊Tokyo၊Star Light ၊Real Jade၊ Thar kyi၊ Take ၊Super Clean၊ Earth mothet.၊Grade 40၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ London၊ရွှေစံအိမ် စုစုပေါင်း ၁၅ခုရှိကြောင်း သိရသည်။
                                               မီးမီး


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ